လက်ဘနွန်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ် ၊ လူ၇၈ဦးထက်မနည်းသေဆုံးပြီး ၄၀၀၀ ကျော်ဒဏ်ရာရ

လက်ဘနွန်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ် ၊ လူ၇၈ဦးထက်မနည်းသေဆုံးပြီး ၄၀၀၀ ကျော်ဒဏ်ရာရ

ဘေရွတ်၊သြဂုတ်-၅-၂၀၂၀
မျိုးဆက် (VOM)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော်မှာ ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် လူပေါင်း ၇၈ဦးထက်မနည်းသေဆုံးပြီး အခြားလူ ၄၀၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေရရှိသွားပြီးနောက် နိုင်ငံအတွင်း ဝမ်းနည်းကြေကွဲခြင်းအထိန်းအမှတ်တွေ ပြုလုပ်နေပါတယ်။
ပေါက်ကွဲမှုကြောင့် ဘေရွတ်တစ်မြို့လုံးတုန်ခါသွားခဲ့ပြီး ဆိပ်ကမ်းမှာမီးလောင်မှုကအစပြုခဲ့တဲ့ ပေါက်ကွဲမှုကြောင့် မှိုပွင့်သဏ္ဍန်မီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့ပါတယ်။

အမိုနီယမ်နိုက်ထရိတ်တန်ချိန် ၂၇၅၀ကို ကုန်လှောင်ရုံတစ်ခုအတွင်း ဘေးကင်းလုံခြုံမှုကင်းမဲ့စွာနဲ့ ခြောက်နှစ်ကြာ သိုလှောင်ထားတာကြောင့်ဖြစ်တယ်လို့ သမ္မတမိုက်ကယ်အိုဝင်က ပြောပါတယ်။

သမ္မတက သြဂုတ်၅ရက်မှာ အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးတစ်ရပ်စီစဉ်ပြီး သီတင်းနှစ်ပတ်ကြာ အရေးပေါ်အခြေအနေကြေညာသင့်တယ်လို့ ဆိုပါတယ်။

လက်ဘနွန်နိုင်ငံမှာ ဒီဖြစ်ရပ်ကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူတွေအတွက် သြဂုတ်၅ရက်မှစပြီး သုံးရက်ကြာ ဝမ်းနည်းခြင်းအထိန်းအမှတ် တရားဝင်ကာလတစ်ခုသတ်မှတ်သွားမယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အရေးပေါ်ရန်ပုံငွေအဖြစ် ဒေါ်လာ၆၆သန်းကို ထုတ်ပေးမှာဖြစ်တယ်လို့ သမ္မတအိုဝင်က ကြေညာပါတယ်။

ယခုဖြစ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ ဘေးဒုက္ခဆိုးကြီးဖြစ်ပြီး နေရာတိုင်းမှာ ထိခိုက်သေဆုံးသူတွေကို တွေ့ခဲ့ရတယ်လို့ လက်ဘနွန်ကြက်ခြေနီတပ်ဖွဲ့ အကြီးအကဲဂျော့ရှ်ကတ်တာနီက ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #လက်ဘနွန်

Zawgyi

လက္ဘႏြန္မွာ ေပါက္ကြဲမႈအႀကီးအက်ယ္ျဖစ္ ၊ လူ၇၈ဦးထက္မနည္းေသဆုံးၿပီး ၄၀၀၀ ေက်ာ္ဒဏ္ရာရ

ေဘ႐ြတ္၊ၾသဂုတ္-၅-၂၀၂၀
မ်ိဳးဆက္ (VOM)

လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕ေတာ္မွာ ေပါက္ကြဲမႈအႀကီးအက်ယ္ျဖစ္ပြားခဲ့တာေၾကာင့္ လူေပါင္း ၇၈ဦးထက္မနည္းေသဆုံးၿပီး အျခားလူ ၄၀၀၀ ေက်ာ္လည္း ထိခိုက္ဒဏ္ရာေတြရရွိသြားၿပီးေနာက္ ႏိုင္ငံအတြင္း ဝမ္းနည္းေၾကကြဲျခင္းအထိန္းအမွတ္ေတြ ျပဳလုပ္ေနပါတယ္။
ေပါက္ကြဲမႈေၾကာင့္ ေဘ႐ြတ္တစ္ၿမိဳ႕လုံးတုန္ခါသြားခဲ့ၿပီး ဆိပ္ကမ္းမွာမီးေလာင္မႈကအစျပဳခဲ့တဲ့ ေပါက္ကြဲမႈေၾကာင့္ မႈိပြင့္သ႑န္မီးခိုးလုံးႀကီးေတြ ထြက္ေပၚခဲ့ပါတယ္။

အမိုနီယမ္ႏိုက္ထရိတ္တန္ခ်ိန္ ၂၇၅၀ကို ကုန္ေလွာင္႐ုံတစ္ခုအတြင္း ေဘးကင္းလုံၿခဳံမႈကင္းမဲ့စြာနဲ႔ ေျခာက္ႏွစ္ၾကာ သိုေလွာင္ထားတာေၾကာင့္ျဖစ္တယ္လို႔ သမၼတမိုက္ကယ္အိုဝင္က ေျပာပါတယ္။

သမၼတက ၾသဂုတ္၅ရက္မွာ အစိုးရအဖြဲ႕အေရးေပၚအစည္းအေဝးတစ္ရပ္စီစဥ္ၿပီး သီတင္းႏွစ္ပတ္ၾကာ အေရးေပၚအေျခအေနေၾကညာသင့္တယ္လို႔ ဆိုပါတယ္။

လက္ဘႏြန္ႏိုင္ငံမွာ ဒီျဖစ္ရပ္ေၾကာင့္ ေသဆုံးထိခိုက္ဒဏ္ရာရသူေတြအတြက္ ၾသဂုတ္၅ရက္မွစၿပီး သုံးရက္ၾကာ ဝမ္းနည္းျခင္းအထိန္းအမွတ္ တရားဝင္ကာလတစ္ခုသတ္မွတ္သြားမယ္လို႔ ဆိုပါတယ္။

အစိုးရအေနနဲ႔ အေရးေပၚရန္ပုံေငြအျဖစ္ ေဒၚလာ၆၆သန္းကို ထုတ္ေပးမွာျဖစ္တယ္လို႔ သမၼတအိုဝင္က ေၾကညာပါတယ္။

ယခုျဖစ္ရပ္ဟာ အလြန္ဆိုး႐ြားတဲ့ ေဘးဒုကၡဆိုးႀကီးျဖစ္ၿပီး ေနရာတိုင္းမွာ ထိခိုက္ေသဆုံးသူေတြကို ေတြ႕ခဲ့ရတယ္လို႔ လက္ဘႏြန္ၾကက္ေျခနီတပ္ဖြဲ႕ အႀကီးအကဲေဂ်ာ့ရွ္ကတ္တာနီက ေဒသတြင္းမီဒီယာေတြကို ေျပာပါတယ္။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #လက္ဘႏြန္

Related posts

Leave a Comment

VOM News

FREE
VIEW