အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့်

အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့်
နေပြည်တော်၊ သြဂုတ် ၇-၂၀၂၀
စွမ်းရဲထွဋ် (VOM)
အခွန်ဆိုင်ရာ ကင်းလွတ်သက်သာခွင့်တွေကို အစိုးရနဲ့ လွှတ်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက်သင့်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနအဖွဲ့အစည်းတွေရဲ့ အခွန်ငွေရရှိမှုနဲ့ စပ်လျဉ်းပြီး တော့ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့  ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်အပေါ် ပြန်လည်ရှင်းလင်းစဉ်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“နိုင်ငံတကာအဖွဲ့အစည်းများကလည်း မိမိတို့နိုင်ငံမှာ အခွန်ဆိုင်ရာကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေဟာ များပြားနေတယ်ဆိုတဲ့အကြောင်းကို ထောက်ပြလျှက် အခွန်ဆိုရာမှာ ပြည်သူအများနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ပို့ကုန်တစ်စုကို အခွန်ကင်းလွတ်သက်သာခွင့်ပြုလိုက်ခြင်းဟာ ပြည်သူအများပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေကို ထို တစ်ဦးတစ်ယောက်၊ ပုဂ္ဂိုလ်တစ်စုအား ခွဲဝေပေးလိုက်ရတဲ့သဘောဖြစ်ပါတယ်”လို့ ဒုတိယ ဝန်ကြီးက ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ အခွန်အခြေ Tax Base ချဲ့ထွင်နိုင်ရေးအတွက် ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ်မှာ ကောက်ခံတဲ့ ဝင်ငွေခွန်၊ တိုက်ရိုက်ခွန်အပေါ်မှာ အခြေပြုတဲ့ စနစ်အစား ကုန်စည်နဲ့ ဝန်ဆောင်မှု၊ စားသုံးမှုအ ပေါ်မှာ ကောက်ခံတဲ့ သွယ်ဝိုက်ခွန် (ဒါမှမဟုတ်) တန်ဖိုးထပ်ဖြည့်ခွန် (Value Added Tax – VAT ) ဒါမှမဟုတ် ပိုမို အခြေပြုကောက်ခံနိုင်ဖို့ စီစဉ်ဆောင်ရွက်လျှက်ရှိတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။
VAT စနစ်ကို ပြောင်းလဲနိုင်ဖို့အတွက် လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပြဌာန်းချက်တွေကို VAT ရဲ့ အနှစ်သာရတွေအတိုင်း ဆောင်ရွက်နိုင်ဖို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်လျှက်ရှိတယ်လို့  ပြောပါတယ်။
ဒါပေမယ့် သွယ်ဝိုက်ခွန်အမျိုးအစားဟာ အားလုံးပါဝင်ရတဲ့ စနစ်တစ်ခုဖြစ်လို့ နှစ်စဉ်ပြဌာန်းလျှက်ရှိတဲ့ ပြည်ထောင်စုရဲ့ အခွန်အကောက်ဥပဒေအရ ကုန်စည်နဲ့ ဝန်ဆောင်မှုအများအပြားအပေါ် အခွန်ကင်းလွတ်ခွင့်ပြုထားရတဲ့ ကိစ္စကလည်းပဲ အခွန်အချေချဲ့ထွင်ရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ ရှင်းပြပါတယ်။
ထို့အတူ ဝင်ငွေခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များနဲ့ စပ်လျှဉ်းပြီးတော့ အခွန်ကင်းလွတ်ခွင့်တွေကို အခွန်ဥပဒေနဲ့မဟုတ်ဘဲ သက်ဆိုင်ရာဥပဒေများ၊ စာချုပ်များနဲ့ ကင်းလွတ်ခွင့်ပြုနေရခြင်းဟာလည်း အခွန်အချေချဲ့ထွင်နိုင်ရေးအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့လည်း လွှတ်တော်ကိုတင်ပြချိန်မှာ ထည့်သွင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော်
Zawgyi
အခြန္ဆို္င္ရာ ကင္းလြတ္သက္သာခြင့္ေတြကို အစုိးရနဲ႔ လႊတ္ေတာ္တုိ႔က က်ယ္က်ယ္ၿပန္႔ၿပန္႔ သံုးသပ္ ေဆာင္ရြက္သင့္
ေနၿပည္ေတာ္၊ ၾသဂုတ္ ၇-၂၀၂၀
စြမ္းရဲထြဋ္ (VOM)
အခြန္ဆို္င္ရာ ကင္းလြတ္သက္သာခြင့္ေတြကို အစုိးရနဲ႔ လႊတ္ေတာ္တုိ႔က က်ယ္က်ယ္ၿပန္႔ၿပန္႔ သံုးသပ္ ေဆာင္ရြက္သင့္တယ္လို႔ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ၾကီးဌာနမွ ဒုတိယဝန္ၾကီး ဦးေမာင္ေမာင္ဝင္းက ဒီကေန႔ျပဳလုပ္တဲ့ ၿပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေၿပာခဲ့တာျဖစ္ပါတယ္။
၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၀န္ႀကီးဌာနအဖြဲ႔အစည္းေတြရဲ့ အခြန္ေငြရရွိမႈနဲ႔ စပ္လ်ဥ္းၿပီး ေတာ့ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီရဲ့ ေလ့လာေတြ႕ရွိခ်က္နဲ႔  ကိုယ္စားလွယ္ေတြရဲ့ ေဆြးေႏြးခ်က္အေပၚ ျပန္လည္ရွင္းလင္းစဥ္မွာ ေၿပာဆုိလုိက္တာ ျဖစ္ပါတယ္။
“နုိင္ငံတကာအဖြဲ႔အစည္းမ်ားကလည္း မိိမိတို႔နုိင္ငံမွာ အခြန္ဆုိင္ရာကင္းလြတ္ခြင့္နဲ႔ သက္သာခြင့္ေတြဟာ မ်ားၿပားေနတယ္ဆိုတဲ့အေၾကာင္းကုိ ေထာက္ၿပလွ်က္ အခြန္ဆိုရာမွာ ၿပည္သူအမ်ားနဲ႔ သက္ဆုိင္တဲ့ကိစၥ ၿဖစ္တဲ့အတြက္ေၾကာင့္ ပို႔ကုန္တစ္စုကုိ အခြန္ကင္းလြတ္သက္သာခြင့္ၿပဳလုိက္ၿခင္းဟာ ၿပည္သူအမ်ားပိုင္ဆိုင္တဲ့ ဥစၥာဓနေတြကုိ ထုိ တစ္ဦးတစ္ေယာက္၊ ပုဂၢိဳလ္တစ္စုအား ခြဲေဝေပးလုိက္ရတဲ့သေဘာၿဖစ္ပါတယ္”လုိ႔ ဒုတိယ ဝန္ၾကီးက ေျပာပါတယ္။
ဝန္ၾကီးဌာနအေနနဲ႔ အခြန္အေၿခ Tax Base ခ်ဲ႕ထြင္နုိင္ေရးအတြက္ ဝင္ေငြနဲ႔ ပုိင္ဆုိင္မႈအေပၚမွာ ေကာက္ခံတဲ့ ဝင္ေငြခြန္၊ တုိက္ရုိက္ခြန္အေပၚမွာ အေၿခၿပဳတဲ့ စနစ္အစား ကုန္စည္နဲ႔ ဝန္ေဆာင္မႈ၊ စားသံုးမႈအ ေပၚမွာ ေကာက္ခံတဲ့ သြယ္ဝိုက္ခြန္ (ဒါမွမဟုတ္) တန္ဖိုးထပ္ၿဖည့္ခြန္ (Value Added Tax – VAT ) ဒါမွမဟုတ္ ပုိမုိ အေၿခၿပဳေကာက္ခံနုိင္ဖို႔ စီစဥ္ေဆာင္ရြက္လွ်က္ရွိတာကို ရွင္းၿပခဲ့တာျဖစ္ပါတယ္။
VAT စနစ္ကုိ ေၿပာင္းလဲနုိင္ဖို႔အတြက္ လက္ရွိ က်င့္သံုးေနတဲ့ ကုန္သြယ္လုပ္ငန္းခြန္ ဥပေဒၿပဌာန္းခ်က္ေတြကို VAT ရဲ့ အႏွစ္သာရေတြအတိုင္း ေဆာင္ရြက္နုိင္ဖို႔ ေၿပာင္းလဲက်င့္သံုးေဆာင္ရြက္လွ်က္ရွိတယ္လုိ႔  ေျပာပါတယ္။
ဒါေပမယ့္ သြယ္ဝုိက္ခြန္အမ်ိဳးအစားဟာ အားလံုးပါဝင္ရတဲ့ စနစ္တစ္ခုၿဖစ္လို႔ ႏွစ္စဥ္ၿပဌာန္းလွ်က္ရွိတဲ့ ၿပည္ေထာင္စုရဲ့ အခြန္အေကာက္ဥပေဒအရ ကုန္စည္နဲ႔ ဝန္ေဆာင္မႈအမ်ားအၿပားအေပၚ အခြန္ကင္းလြတ္ခြင့္ၿပဳထားရတဲ့ ကိစၥကလည္းပဲ အခြန္အေခ်ခ်ဲ႕ထြင္ေရးအတြက္ စိန္ေခၚမႈတစ္ရပ္ၿဖစ္တယ္လို႔ ရွင္းၿပပါတယ္။
ထုိ႔အတူ ဝင္ေငြခြန္ဆိုင္ရာကင္းလြတ္ခြင့္၊ သက္သာခြင့္မ်ားနဲ႔ စပ္လွ်ဥ္းၿပီးေတာ့ အခြန္ကင္းလြတ္ခြင့္ေတြကုိ အခြန္ဥပေဒနဲ႔မဟုတ္ဘဲ သက္ဆုိင္ရာဥပေဒမ်ား၊ စာခ်ဳပ္မ်ားနဲ႔ ကင္းလြတ္ခြင့္ၿပဳေနရၿခင္းဟာလည္း အခြန္အေခ်ခ်ဲ႕ထြင္နုိင္ေရးအတြက္ ေနာက္ထပ္ စိန္ေခၚမႈတစ္ရပ္ၿဖစ္တယ္လုိ႔လည္း လႊတ္ေတာ္ကုိတင္ၿပခ်ိန္မွာ ထည့္သြင္းရွင္းလင္းခဲ့တာျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW