ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး ရာထူးကနေနှုတ်ထွက်

ဘေရွတ်ပေါက်ကွဲမှုကြောင့် လက်ဘနွန်အစိုးရတစ်ဖွဲ့လုံး ရာထူးကနေနှုတ်ထွက်

ဘေရွတ်၊ သြဂုတ် -၁၁-၂၀၂၀
မျိုးဆက် (VOM)

လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်မှာ သြဂုတ် ၄ ရက်က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ပွားပြီး လူ ၂၀၀ကျော်သေဆုံးခဲ့တဲ့အပေါ် ပြည်သူတွေအမျက်ဒေါသထွက်နေချိန်မှာပဲ လက်ဘနွန်အစိုးရအဖွဲ့ ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အစိုးရအဖွဲ့ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ချစားမှု၊ ပေါ့ဆမှုတွေကြောင့်လို့ လက်ဘနွန်ပြည်သူတွေက စွပ်စွဲပြောဆိုနေကြပါတယ်။

အစိုးရအဖွဲ့နှုတ်ထွက်တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ဟတ်ဆန်ဒီအက်က သြဂုတ်၁၀ရက်ညနေပိုင်းမှာ နိုင်ငံပိုင် ရုပ်သံကတစ်ဆင့် ကြေညာခဲ့ပါတယ်။

ဒီဖြစ်စဉ်ကြောင့် အမျက်ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ လမ်းတွေပေါ်ထွက်ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခတွေဖြစ်နေတာ သုံးရက်ဆက်တိုက် ရှိနေပြီဖြစ်ပါတယ်။

ဘေရွတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြီးဟာ အမိုနီယမ်နိုက်ထရိတ် တန်ပေါင်း ၂၇၅၀တန်ကို ဆိပ်ကမ်းမှာ နှစ်ပေါင်းများစွာကြာအောင် ဘေးကင်းလုံခြုံမှုမရှိပဲ သိုလှောင်ထားတာကြောင့်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရသစ်မဖွဲ့စည်းမီအချိန်ထိ လုပ်ငန်းတာဝန်တွေကို ယာယီထမ်းဆောင်ပေးဖို့ နှုတ်ထွက်မယ့် အစိုးရအဖွဲ့ကို သမ္မတကတိုက်တွန်းထားပါတယ်။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ဘေရွတ်

Zawgyi

ေဘရြတ္ေပါက္ကြဲမႈေၾကာင္႔ လက္ဘႏြန္အစိုးရတစ္ဖြဲ႔လံုး ရာထူးကေနနႈတ္ထြက္

ေဘရြတ္၊ ၾသဂုတ္ -၁၁-၂၀၂၀
မ်ိဳးဆက္ (VOM)

လက္ဘႏြန္နိုင္ငံ ျမိဳ႔ေတာ္ေဘရြတ္မွာ ၾသဂုတ္ ၄ ရက္က ေပါက္ကြဲမႈအၾကီးအက်ယ္ျဖစ္ပြားျပီး လူ ၂၀၀ေက်ာ္ေသဆံုးခဲ႔တဲ႔အေပၚ ျပည္သူေတြအမ်က္ေဒါသထြက္ေနခ်ိန္မွာပဲ လက္ဘႏြန္အစိုးရအဖြဲ႔ ရာထူးကေန နႈတ္ထြက္လိုက္ပါတယ္။

ဒီျဖစ္ရပ္ဟာ အစိုးရအဖြဲ႔ေခါင္းေဆာင္ေတြရဲ႔ အက်င္႔ပ်က္ခ်စားမႈ၊ ေပါ႔ဆမႈေတြေၾကာင္႔လို႔ လက္ဘႏြန္ျပည္သူေတြက စြပ္စြဲေျပာဆိုေနၾကပါတယ္။

အစိုးရအဖြဲ႔နႈတ္ထြက္တာနဲ႔ပတ္သက္ျပီး ဝန္ၾကီးခ်ဳပ္ဟတ္ဆန္ဒီအက္က ၾသဂုတ္၁၀ရက္ညေနပိုင္းမွာ ႏုိင္ငံပိုင္ ရုပ္သံကတစ္ဆင္႔ ေၾကညာခဲ႔ပါတယ္။

ဒီျဖစ္စဥ္ေၾကာင္႔ အမ်က္ေဒါသထြက္ေနတဲ႔ ဆႏၵျပသူေတြဟာ လမ္းေတြေပၚထြက္ဆႏၵျပေနၾကျပီး ရဲတပ္ဖဲြ႔နဲ႔႔ ပဋိပကၡေတြျဖစ္ေနတာ သံုးရက္ဆက္တုိက္ ရွိေနျပီျဖစ္ပါတယ္။

ေဘရြတ္ျမိဳ႕မွာ ျဖစ္ပြားခဲ႔တဲ႔ ေပါက္ကဲြမႈၾကီးဟာ အမုိနီယမ္ႏုိက္ထရိတ္ တန္ေပါင္း ၂၇၅၀တန္ကုိ ဆိပ္ကမ္းမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေဘးကင္းလံုျခံဳမႈမရိွပဲ သုိေလွာင္ထားတာေၾကာင္႔လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။ အစိုးရသစ္မဖြဲ႔စည္းမီအခ်ိန္ထိ လုပ္ငန္းတာ၀န္ေတြကို ယာယီထမ္းေဆာင္ေပးဖို႔ နႈတ္ထြက္မယ္႔ အစိုးရအဖြဲ႔ကို သမၼတကတိုက္တြန္းထားပါတယ္။

Ref : BBC
Photo: Reuters
#voiceofmyanmar #VOM #ေဘရြတ္

Related posts

Leave a Comment

VOM News

FREE
VIEW