ချင်းတွင်းမြစ်ကြောင်းမှာ ပိုက်ဆံကောက်ခံသူတွေများလို့ ဝါးဖောင်လုပ်ငန်းတွေရပ်နားထားရ

ချင်းတွင်းမြစ်ကြောင်းမှာ ပိုက်ဆံကောက်ခံသူတွေများလို့ ဝါးဖောင်လုပ်ငန်းတွေရပ်နားထားရ

မုံရွာ ၊ သြဂုတ် ၁၆- ၂၀၂၀
ကိုတိုးကြီး (VOM)

ဟုမ္မလင်းမြို့ အထက်ဘက် တဇုံးရွာကနေ ရေစကြို – ပခုက္ကူ – မြင်းခြံကို ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ ဝါးဖောင်လုပ်ငန်းရှင်တွေဟာ မြစ်ကြောင်းတလျောက် ပိုက်ဆံပေးရတဲ့နေရာတွေ အလွန်များတာကြောင့် အရှုံးပေါ်ပြီး လုပ်ငန်းတွေ ဆက်မလုပ်နိုင်တော့ဘဲ ရပ်နားထားရတယ်လို့ ဝါးဖောင်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ်၊ ရွှေချောင်းကျေးရွာက ဝါးဖောင်လုပ်ငန်းရှင် ဦးအေးပြောပြတာက “ ဒီဝါးတွေက ကြိုး (သစ်တောကြိုးဝိုင်း) လွတ်ဝါးတွေဖြစ်တယ် ၊ ငွေကြိုပေးစနစ်နဲ့ ဝါးစိုက်တောင်သူတွေဆီက ဝယ်ယူထားတာပါ ၊ ဟုမ္မလင်းကနေ ရေစကြို ရောက်တဲ့အထိ ပိုက်ဆံပေးရတဲ့နေရာပေါင်း တစ်ရာကျော်ရှိတယ် ၊ အဖွဲ့စုံလို့ခေါ်တဲ့ စက်လှေတွေက ဖောင်ကိုလာပြီးစစ်ဆေးတယ် ၊ ဖောင်အောက်မှာ သစ်ပါသလား ၊ ဥပဒေနဲ့ မလွတ်ကင်းတာ ပါသလားဆိုပြီး သူတို့စိတ်ကြိုက် စစ်ဆေးတယ်၊ ဝါးကလွဲပြီး ဘာမှမပါလဲ နည်းမျိုးစုံနဲ့ ပြဿနာရှာတယ် ၊ ဖောင်ပေါ်မှာက မိသားစုနဲ့ဆိုတော့ ပြဿနာမဖြစ်အောင် သူတို့တောင်းတဲ့ ပိုက်ဆံကိုပေးရတယ် ၊ တစ်နေရာကို ရှစ်ထောင်ကနေ တစ်သောင်းအထက်မှာရှိတယ် ၊ ဝါးဖောင်တစ်ခေါက်စုန်မယ်ဆိုရင် လမ်းကြေးငွေ ဆယ်သိန်းကျော်ကုန်တယ် ၊ အဲ့ဒါကြောင့် အရှုံးပေါ်ပြီး အရင်းအနှီးပြုတ်တာကြောင့် ဝါးဖောင်လုပ်ငန်းတွေ နားထားရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ဝါးဖောင်လုပ်ငန်းရှင်တွေ စွပ်စွဲပြောဆိုနေတဲ့ အဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ရေကင်းရဲအဖွဲ့နဲ့ သစ်တောဌာနကတော့ သွားရောက်စစ်ဆေးရတဲ့ တာဝန်ရှိတယ် ၊ ကျန်အဖွဲ့တွေက မြစ်ကြောင်းထဲမှာ တာဝန်ချထားတာ မရှိဘူးလို့ပြောပါတယ်။

လွန်ခဲ့တဲ့ ၅လလောက်ကစတင်ကာ ချောင်းဦး ၊မြောင် ၊ရေစကြို ၊ပခုက္ကူ ၊ မြင်းခြံနယ်ဘက်တွေမှာ ဝါးဝင်ရောက်မှု သိသိသာသာကျဆင်းသွားပြီး အဲ့ဒီဒေသမှာရှိတဲ့ ဝါးထောင်လုပ်ငန်းတွေဟာလဲ ဝါးကုန်ကြမ်းရရှိဖို့ ခက်ခဲလာတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတာဖြစ်ပါတယ်။

ပခုက္ကူဒေသရဲ့ ဝါးထွက်ကုန်လိုအပ်ချက် အဓိကဖြည့်ဆီးပေးနေတဲ့ ဘုမ္မရွာက ဝါးထောင်လုပ်ငန်းတွေကို မှီခိုလုပ်ကိုင်နေရတဲ့ ဝါးကပ်ရက်သမားတွေဟာ လုပ်ငန်းရပ်နားထားရတာ ကာလကြာပြီဖြစ်လို့ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။

အညာဒေသနဲ့ မြေလတ်ဒေသက မိရိုးဖလာ ဝါးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာရေးအတွက် ချင်းတွင်းမြစ်ကြောင်းမှာ ပိုက်ဆံကောက်ခံတောင်းရမ်းနေတဲ့သူတွေကို အရေးယူပေးနိုင်ဖို့ ဝါးဖောင်လုပ်ငန်းရှင်တွေစုပေါင်းပြီး သက်ဆိုင်ရာကို တင်ပြတိုင်တန်းသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Zawgyi

ခ်င္းတြင္းျမစ္ေၾကာင္းမွာ ပိုက္ဆံေကာက္ခံသူေတြမ်ားလို႔ ၀ါးေဖာင္လုပ္ငန္းေတြရပ္နားထားရ

မံုရြာ ၊ ၾသဂုတ္ ၁၆- ၂၀၂၀
ကိုတိုးၾကီး (VOM)

ဟုမၼလင္းျမိဳ႕ အထက္ဘက္ တဇံုးရြာကေန ေရစၾကိဳ – ပခုကၠဴ – ျမင္းျခံကို ခ်င္းတြင္းျမစ္ေၾကာင္းအတိုင္း စုန္ဆင္းလာတဲ႔ ၀ါးေဖာင္လုပ္ငန္းရွင္ေတြဟာ ျမစ္ေၾကာင္းတေလ်ာက္ ပိုက္ဆံေပးရတဲ႔ေနရာေတြ အလြန္မ်ားတာေၾကာင္႔ အရံႈးေပၚျပီး လုပ္ငန္းေတြ ဆက္မလုပ္နိုင္ေတာ႔ဘဲ ရပ္နားထားရတယ္လို႔ ၀ါးေဖာင္လုပ္ငန္းရွင္ေတြဆီကေန သိရပါတယ္။

ေရစၾကိဳျမိဳ႕နယ္၊ ေရႊေခ်ာင္းေက်းရြာက ၀ါးေဖာင္လုပ္ငန္းရွင္ ဦးေအးေျပာျပတာက “ ဒီ၀ါးေတြက ၾကိဳး (သစ္ေတာၾကိဳး၀ိုင္း) လြတ္၀ါးေတြျဖစ္တယ္ ၊ ေငြၾကိဳေပးစနစ္နဲ႔ ၀ါးစိုက္ေတာင္သူေတြဆီက ၀ယ္ယူထားတာပါ ၊ ဟုမၼလင္းကေန ေရစၾကိဳ ေရာက္တဲ႔အထိ ပိုက္ဆံေပးရတဲ႔ေနရာေပါင္း တစ္ရာေက်ာ္ရွိတယ္ ၊ အဖြဲ႔စံုလို႔ေခၚတဲ႔ စက္ေလွေတြက ေဖာင္ကိုလာျပီးစစ္ေဆးတယ္ ၊ ေဖာင္ေအာက္မွာ သစ္ပါသလား ၊ ဥပေဒနဲ႔ မလြတ္ကင္းတာ ပါသလားဆိုျပီး သူတို႔စိတ္ၾကိဳက္ စစ္ေဆးတယ္၊ ၀ါးကလြဲျပီး ဘာမွမပါလဲ နည္းမ်ိဳးစံုနဲ႔ ျပႆနာရွာတယ္ ၊ ေဖာင္ေပၚမွာက မိသားစုနဲ႔ဆိုေတာ႔ ျပႆနာမျဖစ္ေအာင္ သူတို႔ေတာင္းတဲ႔ ပိုက္ဆံကိုေပးရတယ္ ၊ တစ္ေနရာကို ရွစ္ေထာင္ကေန တစ္ေသာင္းအထက္မွာရွိတယ္ ၊ ၀ါးေဖာင္တစ္ေခါက္စုန္မယ္ဆိုရင္ လမ္းေၾကးေငြ ဆယ္သိန္းေက်ာ္ကုန္တယ္ ၊ အဲ႔ဒါေၾကာင္႔ အရံႈးေပၚျပီး အရင္းအႏွီးျပဳတ္တာေၾကာင္႔ ၀ါးေဖာင္လုပ္ငန္းေတြ နားထားရတာျဖစ္တယ္ ” လို႔ ေျပာပါတယ္။

၀ါးေဖာင္လုပ္ငန္းရွင္ေတြ စြပ္စြဲေျပာဆိုေနတဲ႔ အဖြဲ႔ေတြကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ေရကင္းရဲအဖြဲ႔နဲ႔ သစ္ေတာဌာနကေတာ႔ သြားေရာက္စစ္ေဆးရတဲ႔ တာ၀န္ရွိတယ္ ၊ က်န္အဖြဲ႔ေတြက ျမစ္ေၾကာင္းထဲမွာ တာ၀န္ခ်ထားတာ မရွိဘူးလို႔ေျပာပါတယ္။

လြန္ခဲ႔တဲ႔ ၅လေလာက္ကစတင္ကာ ေခ်ာင္းဦး ၊ေျမာင္ ၊ေရစၾကိဳ ၊ပခုကၠဴ ၊ ျမင္းျခံနယ္ဘက္ေတြမွာ ၀ါး၀င္ေရာက္မႈ သိသိသာသာက်ဆင္းသြားျပီး အဲ႔ဒီေဒသမွာရွိတဲ႔ ၀ါးေထာင္လုပ္ငန္းေတြဟာလဲ ၀ါးကုန္ၾကမ္းရရွိဖို႔ ခက္ခဲလာတာေၾကာင္႔ လုပ္ငန္းေတြ ရပ္နားထားရတာျဖစ္ပါတယ္။

ပခုကၠဴေဒသရဲ႕ ၀ါးထြက္ကုန္လိုအပ္ခ်က္ အဓိကျဖည္႔ဆီးေပးေနတဲ႔ ဘုမၼရြာက ၀ါးေထာင္လုပ္ငန္းေတြကို မွီခိုလုပ္ကိုင္ေနရတဲ့ ၀ါးကပ္ရက္သမားေတြဟာ လုပ္ငန္းရပ္နားထားရတာ ကာလၾကာျပီျဖစ္လို႔ စား၀တ္ေနေရး အခက္ၾကံဳေနရတယ္လို႔လည္း သိရပါတယ္။

အညာေဒသနဲ႔ ေျမလတ္ေဒသက မိရိုးဖလာ ၀ါးလုပ္ငန္းေတြ ျပန္လည္ဖြံ႔ျဖိဳးလာေရးအတြက္ ခ်င္းတြင္းျမစ္ေၾကာင္းမွာ ပိုက္ဆံေကာက္ခံေတာင္းရမ္းေနတဲ႔သူေတြကို အေရးယူေပးနိုင္ဖို႔ ၀ါးေဖာင္လုပ္ငန္းရွင္ေတြစုေပါင္းျပီး သက္ဆိုင္ရာကို တင္ျပတိုင္တန္းသြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ

Related posts

Leave a Comment

VOM News

FREE
VIEW