မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ

မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ

နေပြည်တော်၊ဩဂုတ်၂၃-၂၀၂၀
ကောင်းလက်ျာ( VOM)

ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားမြို့ နယ်အချို့မှာ ကိုရိုနှာဗိုင်းရပ်စ်‌ေရာဂါ
ပိုးပြည်တွင်း ကူးစက်မှုနူန်းပြန်လည် မြင့်တက်လာခဲ့ပြီးနောက် အဲဒီဒေသတွေကို မိမိဆန္ဒအလျောက်တာဝန်ထမ်းဆောင်မယ့်ကျန်းမာရေးဝန်ထမ်းတွေဟာ ဩဂုတ်လ၂၃ နံနက် ၈ နာရီခန့်က စစ်တွေလေဆိပ်ကို ရောက်ရှိလာခဲ့တယ် လို့ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာ
ဇော်လွင်က ပြောပါတယ်။

“စုစုပေါင်း ဆရာဝန်ကြီးတွေ အထူးကုဆရာဝန်တွေနဲ့သူနာပြု၂၄ ယောက်ပါလာပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး စစ်တွေမြို့ မှာ တာ ဝန်ထမ်းဆောင်မှာပါ “လို့ ဆက်ပြောပြ
ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တစ်လကြာတာဝန်ထမ်းဆောင်ကြမယ့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လက်အောက် ကျန်းမာရေးဦးစီးဌာနမှဒုတိယ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနမှူး ၁ ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ဦး၊
လက်ထောက်ဆရာဝန် (မေ့ဆေးအ ထူးကု) ၃ ဦး၊ လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) ၁ ဦး၊ လက် ထောက်ဆရာဝန် (ရောဂါဗေဒ)၁ ဦး၊ လက်ထောက်ဆရာဝန် (အဏုဇီဝဗေ ဒ) ၁ ဦး၊ လက်ထောက်ဆရာဝန် ၁၃ ဦး၊ သူနာပြုအုပ်ကြီး ၁ ဦး၊ အထက်တန်းသူနာပြု ၁ ဦးနဲ့ သူနာပြု ၁ ဦး စုစုပေါင်း၂၄ ယောက် ဖြစ်တယ်လို့ရခိုင် ပြည်နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ယာယီတာဝန်ထမ်းဆောင်ကြမယ့် ကျန်းမာရေးဝန်ထမ်းများအားရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမးတာဝန်ရှိသူတို့ကသွားရောက်ကြိုဆိုခဲ့ကြပြီးတာဝန်ထမ်းဆောင်ရမယ့်နေရာနဲ့တည်းခိုရာ
နေရာများကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့အခြားမြို့န ယ်များမှာ ဩဂုတ်လ ၁၆ ရက်နေ့ကစတင်ပြီး COVID-19 ကူးစက် ဖြစ် ပွားမှုသည် အထူးမြန်ဆန်လျက်ရှိတဲ့အပြင် ပြည်သူများအကြားမှာရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများရှိ နေမယ်လို့ယူဆကြောင်းကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သတိပေးထား ပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေ၊သံတွဲနဲ့မြောက်ဦးမြို့နယ်များမှာ ရောဂါပိုးရှိသူနဲ့ထိတွေ့မှု ရှိသူများ သာမကထိတွေ့မှုမရှိထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရော ဂါးပိုးရှိနေသူလူနာအရေအတွက်၅၀ နီးပါးရှိလာပြီဖြစ်လို့ ဒေသတွင်းစိုးရိမ်မှုများ မြင့်တက်လျှက်ရှိတယ်
လို့ ဒေသခံအချို့က ဆိုပါတယ်။

ဓါတ်ပုံ-ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး

#VOICEOFMYANMAR #VOM #မိမိဆန္ဒအလျောက်လာတဲ့ကျမ္မာရေးဝန်ထမ်း

Zawgyi

 

မိမိဆႏၵအေလ်ာက္ တာဝန္ထမ္းေဆာင္မယ့္ ဆရာဝန္နဲ႔ သူနာျပဳမ်ား စစ္ေတြကို ေရာက္ရွိ

ေနျပည္ေတာ္၊ဩဂုတ္၂၃-၂၀၂၀
ေကာင္းလက္်ာ( VOM)

ရခိုင္ျပည္နယ္ စစ္ေတြနဲ႔ အျခားၿမိဳ႕ နယ္အခ်ိဳ႕မွာ ကို႐ိုႏွာဗိုင္းရပ္စ္‌ေရာဂါ
ပိုးျပည္တြင္း ကူးစက္မႈႏူန္းျပန္လည္ ျမင့္တက္လာခဲ့ၿပီးေနာက္ အဲဒီေဒသေတြကို မိမိဆႏၵအေလ်ာက္တာဝန္ထမ္းေဆာင္မယ့္က်န္းမာေရးဝန္ထမ္းေတြဟာ ဩဂုတ္လ၂၃ နံနက္ ၈ နာရီခန႔္က စစ္ေတြေလဆိပ္ကို ေရာက္ရွိလာခဲ့တယ္ လို႔ စစ္ေတြေဆး႐ုံအုပ္ႀကီးေဒါက္တာ
ေဇာ္လြင္က ေျပာပါတယ္။

“စုစုေပါင္း ဆရာဝန္ႀကီးေတြ အထူးကုဆရာဝန္ေတြနဲ႔သူနာျပဳ၂၄ ေယာက္ပါလာပါတယ္။ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္နဲ႔ေရာက္ရွိလာတာျဖစ္ၿပီး စစ္ေတြၿမိဳ႕ မွာ တာ ဝန္ထမ္းေဆာင္မွာပါ “လို႔ ဆက္ေျပာျပ
ပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕မွာ တစ္လၾကာတာဝန္ထမ္းေဆာင္ၾကမယ့္က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန လက္ေအာက္ က်န္းမာေရးဦးစီးဌာနမွဒုတိယ ျပည္နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ကုသေရး ဦးစီးဌာနမႉး ၁ ဦး၊ ေရာဂါေဗဒအထူးကုဆရာဝန္ႀကီး ၁ ဦး၊
လက္ေထာက္ဆရာဝန္ (ေမ့ေဆးအ ထူးကု) ၃ ဦး၊ လက္ေထာက္ဆရာဝန္ (ေဆးပညာအထူးကု) ၁ ဦး၊ လက္ ေထာက္ဆရာဝန္ (ေရာဂါေဗဒ)၁ ဦး၊ လက္ေထာက္ဆရာဝန္ (အဏုဇီဝေဗ ဒ) ၁ ဦး၊ လက္ေထာက္ဆရာဝန္ ၁၃ ဦး၊ သူနာျပဳအုပ္ႀကီး ၁ ဦး၊ အထက္တန္းသူနာျပဳ ၁ ဦးနဲ႔ သူနာျပဳ ၁ ဦး စုစုေပါင္း၂၄ ေယာက္ ျဖစ္တယ္လို႔ရခိုင္ ျပည္နယ္က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

ယာယီတာဝန္ထမ္းေဆာင္ၾကမယ့္ က်န္းမာေရးဝန္ထမ္းမ်ားအားရခိုင္ျပည္နယ္အစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး၊ ျပည္နယ္ ျပည္သူ႔က်န္းမာေရးနဲ႔ကုသေရးဦးစီးဌာနမးတာဝန္ရွိသူတို႔ကသြားေရာက္ႀကိဳဆိုခဲ့ၾကၿပီးတာဝန္ထမ္းေဆာင္ရမယ့္ေနရာနဲ႔တည္းခိုရာ
ေနရာမ်ားကို ပို႔ေဆာင္ေပးခဲ့တယ္လို႔သိရပါတယ္။

ရခိုင္ျပည္နယ္ စစ္ေတြနဲ႔အျခားၿမိဳ႕န ယ္မ်ားမွာ ဩဂုတ္လ ၁၆ ရက္ေန႔ကစတင္ၿပီး COVID-19 ကူးစက္ ျဖစ္ ပြားမႈသည္ အထူးျမန္ဆန္လ်က္ရွိတဲ့အျပင္ ျပည္သူမ်ားအၾကားမွာေရာဂါလကၡဏာမျပဘဲ ကူးစက္ေနသူမ်ားရွိ ေနမယ္လို႔ယူဆေၾကာင္းက်န္းမာေရး ဦးစီးဌာနက ထုတ္ျပန္သတိေပးထား ပါတယ္။

လက္ရွိမွာ ရခိုင္ျပည္နယ္ စစ္ေတြ၊သံတြဲနဲ႔ေျမာက္ဦးၿမိဳ႕နယ္မ်ားမွာ ေရာဂါပိုးရွိသူနဲ႔ထိေတြ႕မႈ ရွိသူမ်ား သာမကထိေတြ႕မႈမရွိထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာ ဂါးပိုးရွိေနသူလူနာအေရအတြက္၅၀ နီးပါးရွိလာၿပီျဖစ္လို႔ ေဒသတြင္းစိုးရိမ္မႈမ်ား ျမင့္တက္လွ်က္ရွိတယ္
လို႔ ေဒသခံအခ်ိဳ႕က ဆိုပါတယ္။

ဓါတ္ပုံ-ရခိုင္ျပည္နယ္အစိုးရအဖြဲ႕႐ုံး
#VOICEOFMYANMAR #VOM #မိမိဆႏၵအေလ်ာက္လာတဲ့က်မၼာေရးဝန္ထမ္း

Related posts

Leave a Comment

VOM News

FREE
VIEW