ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း

ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲကင်းစခန်းရုတ်သိမ်း

ပုဏ္ဏားကျွန်း၊ ဩဂုတ် ၂၉- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်က ရဲကင်းစခန်းတစ်ခုဖြစ်တဲ့ ယိုးတရုတ်ကျေးရွာရဲကင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က စခန်းကနေထွက်ခွာသွားတယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဆီကနေသိရပါတယ်။

ယိုတရုတ်ရဲကင်းစခန်းမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာအတွင်းက နေရာ (၂)ခုမှာ စခန်းချနေထိုင်ကြတာဖြစ်ပြီး ယိုးတရုတ်ကနေ ကျောက်တော်မြို့ဖက် အထွက်လမ်းမှာရှိတဲ့ ပေါ်တော်မူဘုရားမှာလည်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ မနက်ပိုင်းက မမြင်တွေ့ရတော့ဘဲ ရွာကနေထွက်ခွာသွားကြတာဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

ယိုးတရုတ်ရဲကင်းစခန်းမှာရှိတဲ့ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထွက်ခွာသွားတဲ့ အကြောင်းအရင်းကို မသိရှိကြောင်းနဲ့ ဒေသခံပြည်သူတွေကြားမှာပြောနေတာကတော့ ရန်ကုန်- စစ်တွေကားလမ်း၊ ကန်စောက်တောင်အနီးရှိ တပ်မတော် (၅၃၉)တပ်ရင်းကို သွားတာဖြစ်ဖြစ်တယ်လို့ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံအောင်သိန်းပြောပြတာက” ထွက်သွားကြတာတော့ ဟုတ်ပါတယ်။ ရဲစခန်းမှာတော့ ရဲကလူတွေမရှိတော့ဘူး။ ဘယ်အချိန်လောက်က ထွက်သွားကြလည်းဆိုတာတော့မသိဘူး။ ၂၇ ရက်နေ့ကနေ မနက်ပိုင်းကြည့်တော့မရှိတော့ဘူး။ တပ်မတော်ကတော့ ရဲစခန်းအနီးမှာလည်း နေခဲ့တယ်။ သူတို့မှာက လူခွဲပြီးနေတယ်။ ကျန်တဲ့ တစ်ဖွဲ့ကတော့ ကျောက်တော်ဖက်ကိုထွက်လမ်း ဘုရားနားမှာ နေခဲ့တယ်။ လူတွေပြောတာတော့ (၅၃၉) သွားတယ်လို့ပြောနေကြတယ်။ ကျနော်တို့လည်း မသိဘူး။” လို့ ပြောပါတယ်။

ဒီအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်ကိုဆက်သွယ်မေးမြန်းရာမှာတော့“ သတင်းတွေကတော့ ကြားမိပါတယ်။ အဲဒီယိုးတရုတ်က ကန်စောက်နဲ့နီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံးကန်စောက်ကို သွားကြတယ်လို့ ကြားမိပါတယ်။ ကျနော်တို့လည်း အဲ့လိုကြားမိပါတယ်။ ယိုးတရုတ်ကိုလည်း မသွားဖြစ်တော့ အဲဒီလို ကြားမိပါတယ်။” လို့ ပြောပါတယ်။

ယိုတရုတ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့မြောက်ဖက် ၁၇ မိုင်ခန့်အကွာအဝေးမှာတည်ရှိပြီး ကျေးရွာမှာ အိမ်ခြေ (၁၃၀၀) ရာကျော်ရှိကာ ရွာရဲ့ လက်ယာဘက်မှာ ယိုးချောင်းမြစ်နဲ့ လက်ဝဲဘက်မှာ ဘဲငါးရာတောင်တန်းရှိတယ်လို့ သိရပါတယ်။

ယိုးတရုတ်ကျေးရွာက နယ်မြေရဲကင်းစခန်းဟာလည်း ယိုးချောင်းမြစ်ကမ်းအနီး ရွာရဲ့အရှေ့ဘက်မှာတည်ရှိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း အေအေအဖွဲ့ရဲ့ အင်းအားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်တာကို ခံခဲ့ရတဲ့ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်း၊ မေယုတောင်ခြေရင်းရှိ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ညောင်ပင်လှနယ်ခြားစောင့် ရဲကင်းနှစ်ခုကို ရုပ်သိမ်းခဲ့ပြီး စေတီပြင်နယ်မြေလုံခြုံရေးရဲကင်းစခန်းကို လာရောက်ပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုတရုတ်ရဲကင်းစခန်းကို အေအေအဖွဲ့က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #

Zawgyi

ပုဏၰားကြၽန္းၿမိဳ႕နယ္က ယိုးတ႐ုတ္ရဲကင္းစခန္း႐ုတ္သိမ္း

ပုဏၰားကြၽန္း၊ ဩဂုတ္ ၂၉- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ စစ္ေတြခ႐ိုင္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္က ရဲကင္းစခန္းတစ္ခုျဖစ္တဲ့ ယိုးတ႐ုတ္ေက်း႐ြာရဲကင္းရွိ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၂၇ ရက္ေန႔က စခန္းကေနထြက္ခြာသြားတယ္လို႔ ယိုးတ႐ုတ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဆီကေနသိရပါတယ္။

ယိုတ႐ုတ္ရဲကင္းစခန္းမွာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ေက်း႐ြာအတြင္းက ေနရာ (၂)ခုမွာ စခန္းခ်ေနထိုင္ၾကတာျဖစ္ၿပီး ယိုးတ႐ုတ္ကေန ေက်ာက္ေတာ္ၿမိဳ႕ဖက္ အထြက္လမ္းမွာရွိတဲ့ ေပၚေတာ္မူဘုရားမွာလည္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ မနက္ပိုင္းက မျမင္ေတြ႕ရေတာ့ဘဲ ႐ြာကေနထြက္ခြာသြားၾကတာျဖစ္တယ္လို႔ ယိုးတ႐ုတ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးကေျပာပါတယ္။

ယိုးတ႐ုတ္ရဲကင္းစခန္းမွာရွိတဲ့ တပ္မေတာ္နဲ႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြထြက္ခြာသြားတဲ့ အေၾကာင္းအရင္းကို မသိရွိေၾကာင္းနဲ႔ ေဒသခံျပည္သူေတြၾကားမွာေျပာေနတာကေတာ့ ရန္ကုန္- စစ္ေတြကားလမ္း၊ ကန္ေစာက္ေတာင္အနီးရွိ တပ္မေတာ္ (၅၃၉)တပ္ရင္းကို သြားတာျဖစ္ျဖစ္တယ္လို႔ ယိုးတ႐ုတ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ယိုးတ႐ုတ္ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးစံေအာင္သိန္းေျပာျပတာက” ထြက္သြားၾကတာေတာ့ ဟုတ္ပါတယ္။ ရဲစခန္းမွာေတာ့ ရဲကလူေတြမရွိေတာ့ဘူး။ ဘယ္အခ်ိန္ေလာက္က ထြက္သြားၾကလည္းဆိုတာေတာ့မသိဘူး။ ၂၇ ရက္ေန႔ကေန မနက္ပိုင္းၾကည့္ေတာ့မရွိေတာ့ဘူး။ တပ္မေတာ္ကေတာ့ ရဲစခန္းအနီးမွာလည္း ေနခဲ့တယ္။ သူတို႔မွာက လူခြဲၿပီးေနတယ္။ က်န္တဲ့ တစ္ဖြဲ႕ကေတာ့ ေက်ာက္ေတာ္ဖက္ကိုထြက္လမ္း ဘုရားနားမွာ ေနခဲ့တယ္။ လူေတြေျပာတာေတာ့ (၅၃၉) သြားတယ္လို႔ေျပာေနၾကတယ္။ က်ေနာ္တို႔လည္း မသိဘူး။” လို႔ ေျပာပါတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ ဆက္စပ္ၿပီး တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိခဲ့ပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ရခိုင္ျပည္နယ္၊ ပုဏၰားကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းေမာင္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့“ သတင္းေတြကေတာ့ ၾကားမိပါတယ္။ အဲဒီယိုးတ႐ုတ္က ကန္ေစာက္နဲ႔နီးေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအားလုံးကန္ေစာက္ကို သြားၾကတယ္လို႔ ၾကားမိပါတယ္။ က်ေနာ္တို႔လည္း အဲ့လိုၾကားမိပါတယ္။ ယိုးတ႐ုတ္ကိုလည္း မသြားျဖစ္ေတာ့ အဲဒီလို ၾကားမိပါတယ္။” လို႔ ေျပာပါတယ္။

ယိုတ႐ုတ္ေက်း႐ြာဟာ ပုဏၰားကြၽန္းၿမိဳ႕ေျမာက္ဖက္ ၁၇ မိုင္ခန႔္အကြာအေဝးမွာတည္ရွိၿပီး ေက်း႐ြာမွာ အိမ္ေျခ (၁၃၀၀) ရာေက်ာ္ရွိကာ ႐ြာရဲ႕ လက္ယာဘက္မွာ ယိုးေခ်ာင္းျမစ္နဲ႔ လက္ဝဲဘက္မွာ ဘဲငါးရာေတာင္တန္းရွိတယ္လို႔ သိရပါတယ္။

ယိုးတ႐ုတ္ေက်း႐ြာက နယ္ေျမရဲကင္းစခန္းဟာလည္း ယိုးေခ်ာင္းျမစ္ကမ္းအနီး ႐ြာရဲ႕အေရွ႕ဘက္မွာတည္ရွိတယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္ဖက္က တစ္စုံတစ္ရာ ထုတ္ျပန္ထားတာမရွိေသးပါဘူး။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၈ ရက္ေန႔ကလည္း ေအေအအဖြဲ႕ရဲ႕ အင္းအားအလုံးအရင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္တာကို ခံခဲ့ရတဲ့ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အေနာက္ဖက္ကမ္း၊ ေမယုေတာင္ေျခရင္းရွိ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲကင္းစခန္းနဲ႔ ေညာင္ပင္လွနယ္ျခားေစာင့္ ရဲကင္းႏွစ္ခုကို ႐ုပ္သိမ္းခဲ့ၿပီး ေစတီျပင္နယ္ေျမလုံၿခဳံေရးရဲကင္းစခန္းကို လာေရာက္ပူးေပါင္းခဲ့တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လ ၉ ရက္ေန႔ကလည္း ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ယိုတ႐ုတ္ရဲကင္းစခန္းကို ေအေအအဖြဲ႕က အလစ္အငိုက္ဝင္ေရာက္တိုက္ခိုက္ခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၉ ဦး က်ဆုံးခဲ့တဲ့ျဖစ္စဥ္လည္း ရွိခဲ့ဖူးပါတယ္။

#voiceofmyanmar #VOM #

Related posts

Leave a Comment

VOM News

FREE
VIEW