၂၁ပင်လုံညီလာခံအပေါ် တပ်မတော်၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ရဲ့ သဘောထားအမြင်များ နေပြည်တော်၊သြဂုတ် ၂၂-၂၀၂၀ အေးချမ်းသူ(VOM) နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်ရှင်းစင်တာ(MICC ll)မှာ ကျင်းပခဲ့တဲ့ ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်လာတဲ့ တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို VOMက စုစည်းထားတာဖြစ်ပါတယ်။ ဗိုလ်မှုးကြီးခွန်ဥက္ကာ(ပအိုပ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO)ကတော့ ” နိုင်ငံရေးသဘောတူညီချက် ကောင်းကောင်းမွန်မွန် ဖြစ်ပေါ်လာတာနဲ့အညီ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစီးခြင်းကိုလည်း တစ်ခါတည်းဆွေးနွေးသွားမယ်။ မချန်ထားဘူးပေါ့ နိုင်ငံရေးသဘောတူညီချက်မရခင်ကတော့ ဒီကိစွကိုခဏမဆွေးနွေးဘဲထားမယ်။ သဘောတူချက် တစ်ဆင့်ပြီးတစ်ဆင့် ကောင်းကောင်းမွန်မွန်ရတယ်ဆိုရင် တပ်မတော်က ဆွေးနွေးချင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိုပါ တစ်ပါတည်းဆွေးနွေးသွားမယ်။ ဒါက အားလုံးသဘောတူညီချက်၊ ဒါကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လုံခြုံရေးဆိုင်ရာဆွေးနွေးတာရော အရှိန်အဟုန်နဲ့ ဆက်သွားမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်း(တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့) ပြောတာကတော့ ” မြန်မာစကားမှာ “တစ်ချက်ခုတ်ရင် နှစ်ချက်ပြတ်မယ် ” ဆိုတာ စကားပုံလှတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ် စစ်ရေးလုပ်ငန်းစဉ်မှာပဲဖြစ်ဖြစ်…
Read MoreMonth: August 2020
သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ
သတ္တုတွင်း(၂) ညွှန်ကြားရေးမှူး အပါအဝင် ဝန်ထမ်း ၄ ဦးကို အဂတိအမှုနဲ့ အရေးယူ ဟုမ္မလင်း ၊ သြဂုတ် ၂၂ – ၂၀၂၀ ကိုတိုးကြိး (VOM) စစ်ကိုင်းတိုင်း သတ္တုတွင်းဦးစီးဌာန(၂)မှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း ၄ ယောက်ကို မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူလိုက်တယ်လို့ သိရပါတယ်။ “ ရဲစခန်းမှူးဟောင်း နုတ်ထွက်သွားပြီးဖြစ်တဲ့ ရဲအုပ် မျိုးမင်းညွှန့် နဲ့ သတ္တုတွင်းက ဦးအောင်နိုင်ကို မိုင်းကိုင်းနယ်မြေရဲစခန်းမှာ ၂၀.၈. ၂၀၂၀ ရက်နေ့က အဂတိမှု နှစ်မှုနဲ့ အမှုဖွင့်ထားတယ်၊ ဟုမ္မလင်းမြို့မရဲစခန်းမှာလည်း အမှုဖွင့်ထားတာရှိသေးတယ် ”လို့ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာက ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ရွှေလုပ်ငန်းရှင် နစ်နာသူတွေရဲ့ တင်ပြတိုင်တန်းစာအရ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ က စစ်ဆေးဆောင်ရွက်ရာမှာ စစ်ကိုင်းတိုင်း သတ္တုတွင်း…
Read Moreကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော
ကိုဗစ်-၁၉ ကပ်ရောဂါဟာ နှစ်နှစ်အတွင်းအဆုံးသတ်သွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော ဂျီနီဗာ၊ သြဂုတ်-၂၂-၂၀၂၀ မျိုးဆက် (VOM) ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုတွေဟာ နှစ်နှစ်အတွင်း အဆုံးသတ်သွားနိုင်တယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့ကထုတ်ဖော်ပြောဆိုပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးရောဂါ အဆုံးသတ်ဖို့ နှစ်နှစ်ကြာမြင့်ခဲ့ကြောင်း၊ ဒါပေမယ့် လက်ရှိနည်းပညာတိုးတက်ထွန်းကားမှုတွေက ကပ်ရောဂါကို အချိန်တိုးအတွင်း ရပ်တန့်စေနိုင်တယ်လို့ သြဂုတ် ၂၁ ရက်က ဂျီနီဗာမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ တက်ဒရို့က ပြောပါတယ်။ လူမှုဆက်သွယ်မှုတွေ ပိုရှိလာတာနဲ့အမျှ ဗိုင်းရပ်စ်ဟာ ကူးစက်ပျံ့ပွားဖို့ အခွင့်အလမ်းကောင်းတွေရှိနေကြောင်း၊ တစ်ချိန်တည်းမှာပဲ မိမိတို့မှာရှိတဲ့ နည်းပညာတွေ၊ အသိပညာတွေက ဒါကိုရပ်တန့်နိုင်မယ်လို့ သူကပြောဆိုပြီး နိုင်ငံတွေစည်းလုံးကြဖို့ တစ်ကမ္ဘာလုံးစည်းလုံးကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ၁၉၈၁ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စပိန်တုပ်ကွေးကြောင့် ကမ္ဘာတစ်ဝန်းမှာ လူ သန်း ၅၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကြောင့် လူ…
Read Moreပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ်
ပထမဦးဆုံး မော်လမြိုင်-ရန်ကုန် လေအိတ်ရထားပြေးဆွဲမယ် နေပြည်တော်၊ဩဂုတ်၂၂-၂၀၂၀ ကောင်းလက်ျာ(VOM) ရန်ကုန် – မော်လမြိုင် ပြေးဆွဲနေတဲ့ အစုန်-အဆန် မီးရထားလေးစင်းအပြင် အမှတ် ၈၃ အဆန်နဲ့ အမှတ် ၈၄အစုန် ခေတ်မီ လေအိပ်မီးရထားနှစ်စင်းကို ဒီကနေ့ ည ၈ နာ ရီကစတင်ပြီး တိုးချဲ့ပြေးဆွဲသွားမယ်လို့ မြန်မာ့မီးရထားတိုင်း-၈(သွားလာရေး)မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။ “မီးရထား လေးစင်းအပြင် အစုန်နဲ့ အဆန် လေအိပ်ရထားနှစ်စင်း တိုးချဲ့ပြေးဆွဲသွားမှာပါ။ ကနေ့ည ၈ နာရီမှာရန်ကုန်ဘူတာကြီးကနေ စတင်ထွက်ခွာမယ်”လို့ မန်နေဂျာ ဦးတင်ထွန်းအောင်က ပြောပါတယ်။ ကိုဗစ်ကာလ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်- မော်လမြိုင်နဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအပါအဝင် မီးရထားပြေးဆွဲမှုတွေကို သုံးလနီးပါး ရပ်နားခဲ့ပြီးနောက်ပိုင်း ဇွန်လခန့်ကနေစတင်ကာ ကျန်းမာရေးဦးစီးဌာနရဲ့ သတ်မှတ်ချက်များနဲ့အညီ ပြန်လည်ပြေးဆွဲပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်-မော်လမြိုင်ပြေးဆွဲနေတဲ့ အမှတ်-၈၁ အဆန်၊ အမှတ်-၈၂ အစုန်ရထား၊အမှတ်-၈၉…
Read Moreစစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ်
စစ်တွေကနေ မောင်တောခရိုင်ကို သွားရောက်သူတွေ Quarantine ၂၁ရက်ဝင်ရမယ် စစ်တွေ၊ ဩဂုတ် ၂၂- ၂၀၂၀ ကောင်းလက်ျာ၊ ထက်အောင်စိုင်း (VOM) လက်ရှိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိမှု တစ်ဟုန်ထိုးမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့ကနေ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေကို ဘယ်လို အကြောင်းကိစ္စနဲ့ သွားလာသူမဆို နေအိမ်တွင်းမှာ ၂၁ ရက် Quarantine ဝင်ရမှာဖြစ်တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က VOM ကို အတည်ပြုပြောပါတယ်။ လက်တလော မောင်တောခရိုင်ထဲက မြို့တွေကိုလာတဲ့သူတိုင်း စစ်တွေကဆိုရင် Home Quarantine ဝင်ရမှာဖြစ်ပြီး နှာခေါင်းနဲ့အာခေါင် တို့ဖတ်ယူကာ စစ်ဆေးမယ့်အပြင် နေအိမ်ပြင်ပကို ထွက်ခွာသွားလာနေတာတွေ့ရင် အုပ်ချုပ်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောတာက “ စစ်တွေကနေ မောင်တောကို လာတဲ့လူတွေကို Quarantine…
Read Moreကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို
ကိုဗစ်အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့ ရာအိမ်မှူးကို အရေးယူပေးဖို့တောင်းဆို မန္တလေး၊ သြဂုတ် ၂၂-၂၀၂၀ ဖြူဖြူ (VOM) ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စု၊ ထုံးကုန်းကျေးရွာမှာ ရာအိမ်မှူးတစ်ဦးကနေ ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးကိုအကြောင်းပြပြီး ကျေးရွာသူ၊ ကျေးရွာသားတွေဆီကနေ ငွေကြေးကောက်ခံမှုတွေ လုပ်ဆောင်နေတဲ့အတွက် အရေးယူပေးဖို့ ဒီကနေ့မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒေသခံတွေကတောင်းဆိုလိုက်ပါတယ်။ “ကိုဗစ်နဲ့ပတ်သက်ပြီး ကျန်းမာရေးသမားတွေကို ကျွေးမယ်၊ သုံးမယ်ဆိုပြီးပြောကောက်တာ။ တကယ့်တကယ်ကျ ကျွေးလည်းမကျွေးရဘူး။ ရွာမှာလည်း အဲလိုမျိုးလူတွေ(Quarantine) ဝင်နေသူတွေမရှိဘူး။”လို့ ဒေသခံ ဒေါ်စိုးဝင်းကပြောပါတယ်။ အဲ့ဒီရာအိမ်မှူးဟာ နေအိမ် တစ်အိမ်ကို ငွေကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်းနှုန်းနဲ့ ကောက်ယူမှုတွေလုပ်ခဲ့ပြီး ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အမှန်တကယ်သုံးစွဲကြောင်း ရှင်းတမ်းလည်းထုတ်မပေးတာကြောင့် အရေးယူပေးဖို့အတွက် ကျေးရွာဒေသခံအချို့က မန္တလေးမြို့ ၊မီဒီယာစင်တာမှာ ရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။ ဧပြီလကတည်းက ကောက်ယူခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြီးခဲ့တဲ့လက…
Read Moreသစ်တောဝန်ထမ်းတစ်ဦး ထိန်းသိမ်းရတဲ့ ဧကများနေတဲ့အတွက် သစ်ခိုးထုတ်တာတွေကို လက်လှမ်းမမှီဖြစ်နေ
သစ်တောဝန်ထမ်းတစ်ဦး ထိန်းသိမ်းရတဲ့ ဧကများနေတဲ့အတွက် သစ်ခိုးထုတ်တာတွေကို လက်လှမ်းမမှီဖြစ်နေ ရန်ကုန် ၊ သြဂုတ် ၂၂-၂၀၂၀ သိဂီ ၤ(VOM) သစ်တောဝန်ထမ်းတစ်ဦးက သစ်တောဧက ၃၀၀၀ ကနေ ၃၀၀၀၀ လောက်အထိ ထိန်းသိမ်းနေရတာကြောင့် တရားမဝင်သစ်ခိုးထုတ်မှုတွေအပေါ် လက်လှမ်းမမှီဖြစ်နေရတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ၁၀ လတာအတွင်းမှာ ပဲခူးတိုင်းအတွင်းမှာ တရားမဝင် သစ်ဖမ်းဆီးရမိမှုတန်ချိန် ၆၆၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တရားမဝင်သစ်ဖမ်းဆီးရမိမှုနှုန်း ပိုများလာတယ်လို့ သိရပါတယ်။ “တရားမဝင်သစ်ခိုးထုတ်မှုတွေမှာ ဝန်ထမ်းတွေမပါဘူးလို့ပြောလို့မရဘူး။ ပါတယ်လို့လည်းပြောလို့မရဘူး။ ဘာကြောင့်ဆို ပဲခူးတိုင်းမှာရှိတဲ့ဝန်ထမ်းနဲ့ ထိန်းသိမ်းရမယ့် ဧကဆိုရင် ဝန်ထမ်းတစ်ယောက်က တချို့မြို့နယ်တွေမှာ ဧက ၃၀၀၀ လောက် ၊ တချို့မြို့နယ်တွေမှာ ဧက ၃၀၀၀၀ လောက်ထိ ထိန်းရတာရှိတယ်။ အဲ့တော့ သူတို့လက်လှမ်းမမီနိုင်တဲ့ပမာဏကို အတင်းခိုင်းရတာမျိုးရှိတယ်။…
Read Moreဒေသကို အကျိုးပြုနည်းပါးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး စိုးရိမ်နေရ
ဒေသကို အကျိုးပြုနည်းပါးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တွေကြောင့် ဒေသခံပြည်သူတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေး စိုးရိမ်နေရ ဟုမ္မလင်း ၊ သြဂုတ် ၂၂- ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရဲ့ အဓိက ရွှေသတ္တုထွက်ရှိရာ ဥရုမြစ်ဘေးအနီးက ဒေသခံပြည်သူတွေဟာ ရွှေတူးဖော်ရေးလုပ်ကွက်မျှောတွေထဲမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အခက်အခဲရှိတဲ့အတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။ အခုလို အခက်အခဲတွေကြောင့် လက်ရှိမှာ လမ်းဘေးက စွန့်ပစ်မြေစာတွေကို အင်ဝိုင်းလက်လှည့်တဲ့ မိရိုးဖလာ နည်းလမ်းအတိုင်း ရှာဖွေစားသောက်နေရတယ်လို့လည်း သိရပါတယ်။ “ အရင်ကတော့ ကုမ္မဏီ လုပ်ကွက်တွေထဲက ပစ်စာပုံတွေမှာ ဝင်ရောက်လုပ်ခွင့်ရတယ် ၊ အခုနောက်ပိုင်း သက်ဆိုင်ရာက ကုမ္မဏီလုပ်ကွက် အမျိုးအစားတွေကို ကန့်သတ်လိုက်တယ်၊ ဟိုအရင်တုန်းကလို လုပ်ပိုင်ခွင့်ဧရိယာက အကျယ်ကြီးမလုပ်ရတော့ဘူး ၊ လုပ်ကွက်တစ်ခုကို ၄ ဧကပဲ လုပ်ရတော့တယ် ၊ ၄ ဧက…
Read Moreရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်
ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ် နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ အခုလ တတိယပတ်ခန့်ကစတင်ပြီး Covid-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ရခိုင်နယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့တွင်းကို ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်းတွေပေးမဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “ရခိုင်ဘက်ကနေဝင်လာတဲ့ ကုန်တင်ကားကြီးတွေနဲ့ ယာဉ်မောင်းတွေကို မြို့တွင်းဝင်ခွင့်ပိတ်မယ်။ နောက်ပြီးရောဂါဖြစ်ပွားရာဒေသကလာသူအကုန်လုံး ကွာရန်တင်း၂၁ ရက်ဝင်ရမယ်။ အခုပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ဦးကျော်ဇေယျကပြောပါတယ်။ ကိုဗစ်ကာလ ပထမလှိုင်းသုံးလကျော်ခန့်က ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့၊ နဝဒေးတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရပ်နားထားခဲ့ တာ တစ်လကျော်ရှိပြီဖြစ်တယ်လို့ ပြည်မြို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “နဝဒေးတံတားဂိတ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေနဲ့လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးတာမျိုး ပြန်ပြီးလုပ်မယ်။ အဓိက ရခိုင်ဝင်ပေါက်ကို…
Read Moreရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ်
ရခိုင်မှာ ကိုဗစ်၁၉ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ပြည် မြို့တွင်းကို ကုန်တင်ယာဉ်တွေပေးမဝင်ဖို့ ဆုံးဖြတ် နေပြည်တော်၊ဩဂုတ်၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ အခုလ တတိယပတ်ခန့်ကစတင်ပြီး Covid-19 ရောဂါပိုး ပြည်တွင်းကူးစက်မှုမြင့်တက်သွားတဲ့အတွက် ရခိုင်နယ်စပ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့တွင်းကို ကုန်တင်ယာဉ်နဲ့ ယာဉ်မောင်းတွေပေးမဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။ “ရခိုင်ဘက်ကနေဝင်လာတဲ့ ကုန်တင်ကားကြီးတွေနဲ့ ယာဉ်မောင်းတွေကို မြို့တွင်းဝင်ခွင့်ပိတ်မယ်။ နောက်ပြီးရောဂါဖြစ်ပွားရာဒေသကလာသူအကုန်လုံး ကွာရန်တင်း၂၁ ရက်ဝင်ရမယ်။ အခုပဲ အစည်းအဝေး ဆုံးဖြတ်ချက်ချလိုက်တာ”လို့ ဦးကျော်ဇေယျကပြောပါတယ်။ ကိုဗစ်ကာလ ပထမလှိုင်းသုံးလကျော်ခန့်က ပဲခူးတိုင်း နဲ့ ရခိုင်ပြည်နယ် ထွက်ပေါက်ဖြစ်တဲ့ ပြည်မြို့၊ နဝဒေးတံတားမှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ခဲ့ပေမယ့်လည်း ရပ်နားထားခဲ့ တာ တစ်လကျော်ရှိပြီဖြစ်တယ်လို့ ပြည်မြို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ “နဝဒေးတံတားဂိတ်မှာ ခရီးသည်တင်ယာဉ်နဲ့ အိမ်စီးယာဉ်တွေနဲ့လာတဲ့သူတိုင်းကို ကျန်းမာရေးစစ်ဆေးတာမျိုး ပြန်ပြီးလုပ်မယ်။ အဓိက ရခိုင်ဝင်ပေါက်ကို…
Read More