သစ်တောဝန်ထမ်းတစ်ဦး ထိန်းသိမ်းရတဲ့ ဧကများနေတဲ့အတွက် သစ်ခိုးထုတ်တာတွေကို လက်လှမ်းမမှီဖြစ်နေ

သစ်တောဝန်ထမ်းတစ်ဦး ထိန်းသိမ်းရတဲ့ ဧကများနေတဲ့အတွက် သစ်ခိုးထုတ်တာတွေကို လက်လှမ်းမမှီဖြစ်နေ

ရန်ကုန် ၊ သြဂုတ် ၂၂-၂၀၂၀
သိဂီ ၤ(VOM)

သစ်တောဝန်ထမ်းတစ်ဦးက သစ်တောဧက ၃၀၀၀ ကနေ ၃၀၀၀၀ လောက်အထိ ထိန်းသိမ်းနေရတာကြောင့် တရားမဝင်သစ်ခိုးထုတ်မှုတွေအပေါ် လက်လှမ်းမမှီဖြစ်နေရတယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုလိုက်ပါတယ်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ၁၀ လတာအတွင်းမှာ ပဲခူးတိုင်းအတွင်းမှာ တရားမဝင် သစ်ဖမ်းဆီးရမိမှုတန်ချိန် ၆၆၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် တရားမဝင်သစ်ဖမ်းဆီးရမိမှုနှုန်း ပိုများလာတယ်လို့ သိရပါတယ်။

“တရားမဝင်သစ်ခိုးထုတ်မှုတွေမှာ ဝန်ထမ်းတွေမပါဘူးလို့ပြောလို့မရဘူး။ ပါတယ်လို့လည်းပြောလို့မရဘူး။ ဘာကြောင့်ဆို ပဲခူးတိုင်းမှာရှိတဲ့ဝန်ထမ်းနဲ့ ထိန်းသိမ်းရမယ့် ဧကဆိုရင် ဝန်ထမ်းတစ်ယောက်က တချို့မြို့နယ်တွေမှာ ဧက ၃၀၀၀ လောက် ၊ တချို့မြို့နယ်တွေမှာ ဧက ၃၀၀၀၀ လောက်ထိ ထိန်းရတာရှိတယ်။ အဲ့တော့ သူတို့လက်လှမ်းမမီနိုင်တဲ့ပမာဏကို အတင်းခိုင်းရတာမျိုးရှိတယ်။ ဒါကြောင့် တရားမဝင်သစ်နဲ့ပတ်သက်ပြီ းတတ်နိုင်သမျှပိုပြီးတော့ စနစ်ကျအောင် နည်းပညာသုံးစွဲတွေနဲ့ ပိတ်ဆို့တားဆီးမှုတွေတောက်လျှောက်လုပ်တယ်။ ခုနောက်ပိုင်းဆို သစ်ခိုးထုတ်တဲ့လမ်းတွေကို ဘက်ဟိုးနဲ့ကို ထိုးချတယ်။ အရင်ကဆို ဖျက်တယ်ဆိုပြီး ဖျက်ချင်ယောင်ဆောင်တာ။”လို့ သယံဇာတ၊သဘာဝပ၀န်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဒေါက်တာစောညိုဝင်းကပြောပါတယ်။

ဒါကြောင့် တရားမဝင်သစ်ခိုးထုတ်လုပ်မှုတွေ ပပျောက်ဖို့အတွက် ဝန်ထမ်းအင်အားမလုပ်လောက်တဲ့ကိစ္စဟာလည်း အကြောင်းအရင်းတစ်ခုအဖြစ်ရှိနေပါတယ်။ ဒါပေမယ့် သစ်ခိုးထုတ်မှုကို လုံးဝလျော့နည်းသွားဖို့ဆိုရင်တော့ နိုင်ငံတကာမှာ ပညာရှင်တွေလုပ်ထားတဲ့အချက်အလက်တွေကျင့်သုံးဖို့လိုအပ်တယ်လို့ ပြောပါတယ်။

ဥပမာ သစ်တွေကိုနိုင်ငံပိုင်မထားဘဲ ပုဂ္ဂလိကကိုပေးခြင်း ၊ နိုင်ငံပိုင်တဲ့သစ်တွေကို ၁၃၃ ထုတ်ခြင်း၊ သစ်ခိုးထုတ်တဲ့လမ်းတွေကို ဖျက်ပစ်ခြင်း၊ တရားဥပဒေစိုးမိုးမှုရှိဖို့ သစ်ခိုးထုတ်သူတွေကို ပစ်ခတ်ဖမ်းဆီးခြင်း စတဲ့နည်းလမ်းတွေနဲ့ ပြည်သူတွေ တရားမဝင်သစ်ထုတ်ချင်တဲ့အခြေအနေကို မပေးဖို့လိုအပ်တယ်လို့ ပြောပါတယ်။

“ဥပမာပြောရရင် ရိုးမထဲမှာ ရွာတွေရှိတယ်။ သူတို့ဘာလုပ်လဲ ရိုးမထဲက သယံဇာတ ထုတ်တဲ့အလုပ်ပဲလုပ်တယ်။ သူတို့ကို ရွာတည်ပေးရတယ်၊ ကျောင်းလုပ်ပေးရတယ် ၊လမ်းလုပ်ပေးရတယ်။ အဲ့လမ်းတွေကပဲ တရားမဝင်သစ်ခိုးထုတ်တယ်။”လို့ ဒေါက်တာစောညိုညိုဝင်းက ပြောပါတယ်။

တရားမဝင်သစ်ခိုးထုတ်မှုအပါအဝင် တခြားစည်းကမ်းဖောက်ဖျက်မှုတွေကြောင့် ဝန်ထမ်းပိုင်းဆိုင်ရာ အရေးယူမှုကိုတော့ ပြည်ထောင်စုအဆင့်ကနေ တိုက်ရိုက်ကိုင်တွယ်နေတာဖြစ်ပြီး တိုင်းအဆင့်တာဝန်ရှိဝန်ကြီးတွေက တကယ့် မြေပြင်အခြေအနေမှာ မထားသင့်တဲ့ဝန်ထမ်းမျိုးတွေကို စာတင်တာ ၊ မှတ်ချက်ပေးတာမျိုးပြုလုပ်ကာ ပြည်ထောင်စုကို တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်းမှာ သစ်တောဧရိယာက ၉၇၃၀၀၀၀ ကျော်ရှိပြီး ၊ သစ်တောကြိုးဝိုင်း ၁၀၃ ခု၊ သစ်တောကြိုးဝိုင်း ဧက ၂၇ သိန်းကျော် ၊ ကြိုးပြင်ကာကွယ်တော ၈ ခု ၊ ကြိုပြင်ကာကွယ်တောဧကပေါင်းက ၆၄၁၃၁၀ ရှိပြီး သစ်တောထိန်းသိမ်းရေးနယ်မြေ ၂ ခုရှိနေပါတယ်။

ဒါကြောင့် ပဲခူးတိုင်းဟာ သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းလောက်ရှိနေတယ်လို့သိရပြီး ပဲခူးတိုင်းထဲမှာရှိတဲ့ ရခိုင်ရိုးမကနေ တစ်နှစ်ကို သစ်တန်ချိန် ၄၀၀၀ ကနေ ၅၀၀၀ လောက်ထိ တရားဝင်သစ်ထုတ်လုပ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပဲခူးတိုင်းထဲမှာ တရားမဝင်သစ်ဖမ်းဆီးရမိမှု ၂၀၁၆ခုနှစ် ကနေ ၂၀၂၀ ခုနှစ် ဇူလိုင်လကုန်အထိ သစ်တန်ချိန်ပေါင်း ၂၅၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ိ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Zawgyi

သစ္ေတာဝန္ထမ္းတစ္ဦး ထိန္းသိမ္းရတဲ့ ဧကမ်ားေနတဲ့အတြက္ သစ္ခိုးထုတ္တာေတြကို လက္လွမ္းမမီွျဖစ္ေန

ရန္ကုန္ ၊ ၾသဂုတ္ ၂၂-၂၀၂၀
သိဂီ ၤ(VOM)

သစ္ေတာ၀န္ထမ္းတစ္ဦးက သစ္ေတာဧက ၃၀၀၀ ကေန ၃၀၀၀၀ ေလာက္အထိ ထိန္းသိမ္းေနရတာေၾကာင့္ တရားမ၀င္သစ္ခုိးထုတ္မႈေတြအေပၚ လက္လွမ္းမမီွျဖစ္ေနရတယ္လို႔ ပဲခူးတုိင္းအစိုးရအဖြဲ႔ တာ၀န္ရွိသူတစ္ဦးက ေျပာဆုိလုိက္ပါတယ္။

၂၀၁၉ – ၂၀၂၀ ဘ႑ာႏွစ္ ဇူလိုင္လကုန္အထိ ၁၀ လတာအတြင္းမွာ ပဲခူးတုိင္းအတြင္းမွာ တရားမ၀င္ သစ္ဖမ္းဆီးရမိမႈတန္ခ်ိန္ ၆၆၀၀ ေက်ာ္ရွိေနၿပီး ျပီးခဲ့တဲ့ႏွစ္ေတြနဲ ႔ႏိႈင္းယွဥ္မယ္ဆိုရင္ တရားမ၀င္သစ္ဖမ္းဆီးရမိမႈႏႈန္း ပုိမ်ားလာတယ္လုိ႔ သိရပါတယ္။

“တရားမ၀င္သစ္ခုိးထုတ္မႈေတြမွာ ၀န္ထမ္းေတြမပါဘူးလို ႔ေျပာလုိ႔မရဘူး။ ပါတယ္လုိ႔လည္းေျပာလို႔မရဘူး။ ဘာေၾကာင့္ဆို ပဲခူးတုိင္းမွာရွိတဲ့၀န္ထမ္းနဲ႔ ထိန္းသိမ္းရမယ့္ ဧကဆုိရင္ ၀န္ထမ္းတစ္ေယာက္က တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ဧက ၃၀၀၀ ေလာက္ ၊ တခ်ိဳ႕ၿမိဳ႔နယ္ေတြမွာ ဧက ၃၀၀၀၀ ေလာက္ထိ ထိန္းရတာရွိတယ္။ အဲ့ေတာ့ သူတုိ႔လက္လွမ္းမမီႏုိင္တဲ့ပမာဏကို အတင္းခုိင္းရတာမ်ိဳးရွိတယ္။ ဒါေၾကာင့္ တရားမ၀င္သစ္နဲ႔ပတ္သက္ၿပီ းတတ္ႏုိ္င္သမွ်ပုိၿပီးေတာ့ စနစ္က်ေအာင္ နည္းပညာသုံးစြဲေတြနဲ႔ ပိတ္ဆုိ႔တားဆီးမႈေတြေတာက္ေလွ်ာက္လုပ္တယ္။ ခုေနာက္ပုိင္းဆို သစ္ခုိးထုတ္တဲ့လမ္းေတြကုိ ဘက္ဟိုးနဲ႔ကုိ ထိုးခ်တယ္။ အရင္ကဆုိ ဖ်က္တယ္ဆုိၿပီး ဖ်က္ခ်င္ေယာင္ေဆာင္တာ။”လို႔ သယံဇာတ၊သဘာ၀ပ၀န္းက်င္ထိန္းသိမ္းေရးႏွင့္ စည္ပင္သာယာေရး၀န္ႀကီးဌာန ေဒါက္တာေစာညိဳ၀င္းကေျပာပါတယ္။

ဒါေၾကာင့္ တရားမ၀င္သစ္ခုိးထုတ္လုပ္မႈေတြ ပေပ်ာက္ဖို႔အတြက္ ၀န္ထမ္းအင္အားမလုပ္ေလာက္တဲ့ကိစၥဟာလည္း အေၾကာင္းအရင္းတစ္ခုအျဖစ္ရွိေနပါတယ္။ ဒါေပမယ့္ သစ္ခုိးထုတ္မႈကို လုံး၀ေလ်ာ့နည္းသြားဖို႔ဆိုရင္ေတာ့ နုိင္ငံတကာမွာ ပညာရွင္ေတြလုပ္ထားတဲ့အခ်က္အလက္ေတြက်င့္သုံးဖို႔လိုအပ္တယ္လုိ႔ ေျပာပါတယ္။

ဥပမာ သစ္ေတြကုိႏုိင္ငံပုိင္မထားဘဲ ပုဂၢလိကကိုေပးျခင္း ၊ ႏုိင္ငံပုိင္တဲ့သစ္ေတြကို ၁၃၃ ထုတ္ျခင္း၊ သစ္ခုိးထုတ္တဲ့လမ္းေတြကုိ ဖ်က္ပစ္ျခင္း၊ တရားဥပေဒစုိးမိုးမႈရွိဖို႔ သစ္ခိုးထုတ္သူေတြကုိ ပစ္ခတ္ဖမ္းဆီးျခင္း စတဲ့နည္းလမ္းေတြနဲ႔ ျပည္သူေတြ တရားမ၀င္သစ္ထုတ္ခ်င္တဲ့အေျခအေနကို မေပးဖို႔လိုအပ္တယ္လုိ႔ ေျပာပါတယ္။

“ဥပမာေျပာရရင္ ရုိးမထဲမွာ ရြာေတြရွိတယ္။ သူတုိ႔ဘာလုပ္လဲ ရုိးမထဲက သယံဇာတ ထုတ္တဲ့အလုပ္ပဲလုပ္တယ္။ သူတုိ႔ကုိ ရြာတည္ေပးရတယ္၊ ေက်ာင္းလုပ္ေပးရတယ္ ၊လမ္းလုပ္ေပးရတယ္။ အဲ့လမ္းေတြကပဲ တရားမ၀င္သစ္ခုိးထုတ္တယ္။”လို႔ ေဒါက္တာေစာညိဳညိဳ၀င္းက ေျပာပါတယ္။

တရားမ၀င္သစ္ခိုးထုတ္မႈအပါအဝင္ တျခားစည္းကမ္းေဖာက္ဖ်က္မႈေတြေၾကာင့္ ၀န္ထမ္းပိုင္းဆုိင္ရာ အေရးယူမႈကိုေတာ့ ျပည္ေထာင္စုအဆင့္ကေန တုိက္ရုိက္ကုိင္တြယ္ေနတာျဖစ္ၿပီး တုိင္းအဆင့္တာ၀န္ရွိ၀န္ႀကီးေတြက တကယ့္ ေျမျပင္အေျခအေနမွာ မထားသင့္တဲ့၀န္ထမ္းမ်ိဳးေတြကို စာတင္တာ ၊ မွတ္ခ်က္ေပးတာမ်ိဳးျပဳလုပ္ကာ ျပည္ေထာင္စုကို တင္ျပရတာျဖစ္တယ္လို႔ သိရပါတယ္။

ပဲခူးတုိင္းမွာ သစ္ေတာဧရိယာက ၉၇၃၀၀၀၀ ေက်ာ္ရွိၿပီး ၊ သစ္ေတာႀကိဳး၀ိုင္း ၁၀၃ ခု၊ သစ္ေတာႀကိဳး၀ိုင္း ဧက ၂၇ သိန္းေက်ာ္ ၊ ႀကိဳးျပင္ကာကြယ္ေတာ ၈ ခု ၊ ႀကိဳျပင္ကာကြယ္ေတာဧကေပါငး္က ၆၄၁၃၁၀ ရွိၿပီး သစ္ေတာထိန္းသိမ္းေရးနယ္ေျမ ၂ ခုရွိေနပါတယ္။

ဒါေၾကာင့္ ပဲခူးတုိင္းဟာ သစ္ေတာဖုံးလႊမ္းမႈ ၄၀ ရာခုိင္ႏႈန္းေလာက္ရွိေနတယ္လုိ႔သိရၿပီး ပဲခူးတုိင္းထဲမွာရွိတဲ့ ရခုိင္ရုိးမကေန တစ္ႏွစ္ကုိ သစ္တန္ခ်ိန္ ၄၀၀၀ ကေန ၅၀၀၀ ေလာက္ထိ တရား၀င္သစ္ထုတ္လုပ္တာေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။

ပဲခူးတုိင္းထဲမွာ တရားမ၀င္သစ္ဖမ္းဆီးရမိမႈ ၂၀၁၆ခုႏွစ္ ကေန ၂၀၂၀ ခုႏွစ္ ဇူလုိင္လကုန္အထိ သစ္တန္ခ်ိန္ေပါင္း ၂၅၀၀၀ ေက်ာ္ ဖမ္းဆီးရမိခဲ့တယ္လို႔ိ သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW