လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်မယ် နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ ကိုလတ် (VOM) လွှတ်တော် (၃)ရပ်လုံးအတွက် ၂၀၂၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တဲ့အကြောင်း နောက်ဆုံးအတည်ပြုစာရင်းကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောခဲ့တာဖြစ်ပါတယ်။ “နောက်ဆုံး အတည်ပြုထားတဲ့ စာရင်းအရဆိုရင် လွှတ်တော် (၃)ရပ်ပေါင်းမှာဆိုရင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၆၆၈၉ ဦးနဲ့ တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်း ၂၈၀ ဦး ဖြစ်ပါတယ်။ စုစုပေါင်းဆိုရင် ၆၉၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ လွှတ်တော်သုံးရပ်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၉၆၉ ဦးဟာ ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရကြပါတယ်”လို့ ဦးမြင့်နိုင်ကပြောပါတယ်။ အဲ့ဒီစာရင်းမှာ…
Read MoreDay: September 2, 2020
‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ
‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေ နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀ စွမ်းရဲထွဋ် (VOM) ရွေးကောက်ပွဲ ကျင်ပနိုင်ခဲ့ခြင်းမရှိသေးတဲ့ ‘ဝ’ ပြည်နယ်က မြို့နယ် ၅ ခုနဲ့ ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ရွေးကောက်ပွဲကျင်းပဖို့ အခက်အခဲရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မနေ့ စက်တင်ဘာလ ၂ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာဖြစ်ပါတယ်။ “အဓိကကတော့ ၂၀၁၀ မှာတုန်းကလည်း မကျင်းပခဲ့ဖူးဘူး။ ၂၀၁၅ မှာလည်း မကျင်းပခဲ့တဲ့ ‘ဝ’ ပြည် နယ်က ၅ မြို့နယ်။ နောက် ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အချို့ပေါ့။ ဒါလေးတွေကတော့ တစ်ချို့ နေရာတွေကတော့ လုံခြုံရေးရယူပြီးတော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တစ်ချို့နေရာတွေကျတော့ မြို့နယ်တစ်ခုလုံးကို ကျင်းပနိုင်တဲ့အခြေအနေမရှိဘူး” လို့…
Read Moreမြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ်
မြစ်ကြီးနားမြို့နဲ့ ဗန်းမော်ဆေးရုံမှာ Covid-19 ရောဂါရှာဖွေတဲ့စက် တပ်ဆင်မယ် မြစ်ကြီးနား၊ စက်တင်ဘာ ၃-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားဆေးရုံနဲ့ ဗန်းမော်ဆေးရုံတို့မှာ Covid-19 ရောဂါရှာဖွေဖို့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်တဲ့ (Gene X pert)စက်ကို စက်တင်ဘာလအတွင်း တပ်ဆင်သွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးကပြောပါတယ်။ တပ်ဆင်မယ့် စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သင်တန်းတက်ထားတဲ့ ရောဂါဗေဒဆရာဝန်၊ မြစ်ကြီးနားဆေးရုံက အကြီးအကဲနဲ့ ပြည်နယ်ကျန်းမာရေးမှူးတို့ဟာ သြဂုတ်လ ၂၆ ရက်နေ့က ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လာရောက်ရှင်းပြသွားတယ်လို့ သိရပါတယ်။ မြစ်ကြီးနားဆေးရုံအသစ်ကြီးက ၄ ထပ်ဆောင်မှာ တပ်ဆင်ဖို့အတွက် အခန်းဖွဲ့စည်းပုံများ ပြင်ဆင်ပြီးနေပြီလို့ သိရပါတယ်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါက်တာနော်ရှဲလ်တာကို အဲ့ဒီစက်တပ်ဆင်မယ့်အကြောင်း မေးမြန်းရာမှာတော့ “ ဟုတ်ပါတယ်၊ ဒေါက်တာအေးသိန်းတို့ ဆောင်ရွက်နေကြတယ် ၊ မကြာတော့ဘူး ဖွင့်တောင်ဖွင့်တော့မယ်။ “ လို့ ပြောပါတယ်။ ရောဂါစမ်းသပ်တဲ့ စက်တပ်ဆင်ဖို့အတွက် စက်…
Read Moreနန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ်
နန်ဆန်ယန်အပါအဝင် ရွာသုံးရွာက နေရပ်ပြန်စစ်ရှောင်တွေကို နေအိမ်နဲ့ ဆိုလာမီး ထောက်ပံ့မယ် မြစ်ကြီးနား၊ စက်တင်ဘာ ၂-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်က နန်ဆန်ယန်၊ ဒတ်ဘတ်ယန်နဲ့ တာလောကြီး ကျေးရွာတွေက နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၁၉၀ ကျော်ရဲ့ ပျက်စီးနေတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးသွားမှာဖြစ်သလို တစ်အိမ်ကို ၂ သိန်း ၇ သောင်းတန်းဖိုရှိတဲ့ ဆိုလာနဲ့ ဘတ်ထရီမီးချောင်းအစုံကိုလည်း ထောက်ပံ့ပေးသွာမှာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။ ပျက်စီးသွားတဲ့အိမ်အတွက် ငွေကျပ် ၇၅ သိန်းတန် အိမ်အသစ် တည်ဆောက်ပေးမှာဖြစ်ပြီး တစ်ဝက်တစ်ပျက် ပျက်စီးခဲ့တဲ့ အိမ်တွေအတွက် ပြင်ဆင်စရိတ် ငွေကျပ် ၃၅ သိန်းကိုအိမ်ပိုင်ရှင်ဆီ ပေးအပ်သွားမယ်လို့ သိရပါတယ်။ နေရပ်ပြန်စစ်ရှောင် မိသားစုတွေနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရအနေနဲ့ ကော်မတီ ၉ ခု ဖွဲ့စည်းထားပြီး ရေ ၊ မီး…
Read Moreလူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့
လူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရန်ကုန်၊ စက်တင်ဘာ ၂ -၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိရတယ်လို့ မြင်းခြံပြည်သူကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။ မြင်းခြံမြို့မှာတွေ့ရှိထားတဲ့ ကိုဗစ်လူနာအမှတ်(၇၈၈) နဲ့ ထိတွေ့မှုရှိခဲ့သူတွေကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူပြီး စက်တင်ဘာလ ၁ ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ အဲ့ဒီထဲက ၃ ဦမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုဗစ်လူနာသစ် နဲ့ထိစပ်ခဲ့သူတွေကို ကွာရန်တင်းစင်တာပို့ဆောင်ဖို့ လုပ်ဆောင်နေတဲ့ အဖြူရောင်လက်များပရဟိတအသင်းဥက္ကဋ္ဌ ကိုသန်းနိုင်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” ကြိုတင်ကာကွယ်လို့ရအောင် ထုတ်ပြန်တယ်လို့ထင်ပါတယ်။ အခု အကိုတို့အသင်းက လူနာနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို လိုက်ကောက်နေတယ်။ ထိတွေ့ခဲ့သူ ဘယေ်လာက်ရှိလဲဆိုတာ နောက် ၂ နာရီနေလောက်ဆိုရင်တော့သိရမယ်။ “လို့…
Read Moreကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ
ကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ ကျောက်တော်၊ စက်တင်ဘာ ၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်က ကုလားတန်မြစ်ကြောင်းအတိုင်း ခုတ်မောင်းလာတဲ့ တပ်မတော်စစ်ရေယာဉ်တွေနဲ့ အေအေတို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာတွေမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ဂုတ်ပီထောင့် ကျေးရွာ(မူဆလင်ကျေးရွာ)နဲ့ (ရခိုင်ရွာ)၊ င/ တပေါင်းရွာနဲ့ သင်္ဂနက်ကျေးရွာ စတဲ့ရွာတွေဖြစ်ပြီး ဒေသခံပြည်သူတွေအပြင် နွားတွေလည်း ဒဏ်ရာသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ သင်္ဂနက်ကျေးရွာက ဦးစောသာအောင် အသက် (၆၇) နှစ်၊ ဒေါ်စိန်ကျော့သိန်း အသက် (၆၂)နဲ့ အသက် (၆၄) နှစ်အရွယ်ဦးမောင်ဖြူတို့ ဖြစ်ပြီး သူတို့အားလုံးဟာ ပုန်းခိုကျင်းထဲမှာ…
Read Moreရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ်
ရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ် ရန်ကုန်၊ စက်တင်ဘာ ၂-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ ကိုဗစ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ပေါ့ဆစွာနေထိုင်လာသလို စည်းကမ်းလိုက်နာမှုလည်း အားနည်းလာတာကြောင့် တင်းကြပ်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်လို့် ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ Online Meeting မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ယောက်ချင်းစီရဲ့ အသက်ဟာ တန်ဖိုးဖြတ်မရတာကြောင့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မိမိကိုယ်ကိုတန်ဖိုးထားတတ်သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ “နိုင်ငံတော်က တန်ဖိုးထားသလို ပြည်သူတွေ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ မိမိအရေး နိုင်ငံတော်အရေးကိစ္စအနေဖြင့် တန်ဖိုးထားသင့်တယ်၊ စည်းကမ်းတွေကို လိုက်နာမှုမရှိရင် အရေးယူမှုအပိုင်းတွေပါဝင်တဲ့အတွက် လိုက်နာမှုမရှိရင်တော့ ပိုပြီးတင်းကြပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှုတွေလုပ်ဆောင်တော့မယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်လာပြီး ရောဂါကူးစက်သူ (၄၀၇)ဦးအထိရှိလာပေမယ့်…
Read Moreတရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း
တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း ဝါရှင်တန်၊ စက်တင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၂၀၀ ရှိပြီး လာမယ့်ဆယ်စုနှစ်အတွင်း အနည်းဆုံးနှစ်ဆတိုးလာနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတစ်ခုကို စက်တင်ဘာ ၁ ရက်မှာ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ခန့်မှန်းမှုတစ်ရပ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ ဂျပန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေ ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး လာမယ့်နှစ်ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် လက်နက်လျှော့ချရေးစာချုပ်တစ်ရပ်ဖြစ်တဲ့ New START Treaty စာချုပ်မှာပါဝင်ဖို့ တရုတ်နိုင်ငံကို အမေရိကန်က တိုက်တွန်းနေပါတယ်။ ဒါပေမယ့် နျူကလီးယားစွမ်းရည်ကို သိသိသာသာကန့်သတ်ထားတဲ့…
Read Moreလက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး
လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး လားရှိုး-စက်တင်ဘာ ၂-၂၀၂၀ သူရဟိန်း (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နောင်ဖေါ့ ကျေးရွာအုပ်စု ပန်ခမ်း၊နမ့်မိုစွမ် နဲ့ နမ့်ဖတ်အွမ် ကျေးရွာတွေက ရွာသားတွေ ဟာ လက်နက်ကိုင် အဖွဲ့စည်းတခုက လူသစ်စုဆောင်းနေလို့ဆိုပြီး လားရှိုးမြို့ မန်ဆူရှမ်းဘုန်းကြီးကျောင်းကို စက်တင်ဘာ၁ရက်မနေ့ညက ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။ “တအာင်းအဖွဲ့က လူအကူညီတောင်းလာတယ်၊ တရွာ လူဘယ်နှစ်ယောက် ဆိုပြီးသူတို့လည်း မပြောဘူးလေ ပြီးတော့ရွာသူရွာသား ဘယ်သူ့ကို လက်ညိုးထိုးရမလဲ မကောင်းဘူးလေ သူတို့ မနေ့က ရွာကိုဝင်လာခဲ့မယ်လို့ ပြောတယ် ကျွန်တော်တို့ သတင်းကြားတာနဲ့ ထွက်ပြေးလာတာပါ ကျွန်တော်တို့ ဘဝက ကျောက်ကြားထဲ ကြက်ဥ ဝင်သွားသလိုပဲဗျ ဘယ်ဖက်လှည့်လည်းမရ ပေါက်သွားမှာ အဲ့ဒါမျိုး ဒါ့ကြောင့် ခုလို ထွက်ပြေးနေရတာ”လို့ အမည်မဖေါ်လိုသူ ပန်ခမ်း ကျေးရွာသား တဦးက…
Read MoreFacebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ်
Facebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ် နယူးယောက်၊ စက်တင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးတဲ့ သတင်းအမှား ဖြန့်ဝေတာတွေ၊ အမုန်းစကားတွေနဲ့ အကြောင်းအရာတွေကို ထောက်လှမ်းဖယ်ရှားတာတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Facebook က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်စီးစေနိုင်တဲ့ သတင်းမှားတွေနဲ့ အတည်မပြုနိုင်တဲ့ ကောလဟာတွေကို ယခုအချိန်ကစပြီး နိုဝင်ဘာ ၂၂ ရက်အထိ ဖယ်ရှားသွားမယ်လို့ Facebook ကပြောပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တစ်ဦးဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ ဘင်္ဂါလီတစ်ဦးဖြစ်တယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းအရည်အချင်းမပြည့်မီဘူးဆိုပြီး မှားယွင်းတဲ့စွပ်စွဲမှုတွေကို ဖယ်ရှားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး Facebook ဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အကြမ်းဖက်မှုတွေပိုမိုဆိုးရွားစေတဲ့ အမုန်းစကားတွေပြန့်နှံ့မှုမှာ Facebook ရဲ့ပလက်ဖောင်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂစုံးစမ်းစစ်ဆေးသူတွေက…
Read More