ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲတယ်လို့ သမ္မတအမိန့်ထုတ်

ကယားပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲတယ်လို့ သမ္မတအမိန့်ထုတ်

နေပြည်တော်၊ စက်တင်ဘာ ၃-၂၀၂၀
Voice Of Myanmar

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိူကို မြေယာနဲ့စက်ယန္တယားဝယ်ယူရေးကိစ္စတွေနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ စွပ်စွဲပြစ်တင်တဲ့ကိစ္စ စုံစမ်းစစ်‌ဆေးမှုအပြီးမှာ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး တာဝန်ကနေ ရပ်စဲလိုက်တယ်လို့ ပြည်နယ်လွှတ်တော်အမတ် ခူးသဲရယ် က ပြောပါတယ်။

” နိုင်ငံတော်သမ္မတရုံးက စာပေးပို့လိုက်တာ၊ နေ့လည်ကရပြီ။ အခြေခံဖွဲ့စည်း
အုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ၂၆၃ ပုဒ်မခွဲ(၅) ၊ ပုဒ်မခွဲငယ် (၂)အရ ရာထူးကရပ်စဲလိုက်တာပါ”လို့ ခူးသဲရယ်ကပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဝန်ကြီးချုပ်က လာရောက်စစ်ဆေးမှုမခံပေမယ့် စုံစမ်းမှုများပြီးသွားချိန် စက်တင်ဘာ ၁ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက် မဲ ၄ မဲ၊ ‌ထောက်ခံမဲ၁၄ မဲနဲ့အတည်ပြုခဲ့တာကြောင့် တာဝန်ကရပ်ဆိုင်းဖို့ သမ္မတကို တင်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဝန်ကြီးချုပ်အယ်လ်ဖောင်းရှိုရဲ့ လူမူကွန်ယက်စာမျက်နှာမှာတော့ ” အခြေအနေဖြစ်လာတဲ့အပေါ်အားလုံးကိုနားလည်ကြောင်းနဲ့ အထက်အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်အပေါ်ကျေနပ်ကြောင်းနဲ့ ၂၀၁၆ ဝန်ကြီးချုပ်တာဝန်ယူကတည်းက ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းခဲ့တာကို အာမခံကြောင်း၊ သူနဲ့ပူးပေါင်းဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ရေးသားထားပါတယ်။

စွပ်စွဲပြစ်တင်မှုတွေနဲ့စပ်လျဉ်းပြီး ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးချိန် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကို လာရောက်အစစ်ဆေးမခံခဲ့ပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၆၃ ပုဒ်မခွဲ(၅) ၊ ပုဒ်မခွဲငယ် (၂)အရ နိုင်ငံတော်သမ္မတဟာ လွှတ်တော်ကတင်ပြလာပါက ဝန်ကြီးချုပ်ကို တာဝန်ကနေ ရပ်စဲရမှာကို ဖော်ပြထားတယ်လို့ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်ခူးသဲရယ်ပြောပြချက်အရ သိရပါတယ်။

NLDပါတီဗဟို ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ကလည်း ” ပရိုစီဂျာမှားနေတာ တစ်ချက်ရှိတယ်၊ စွပ်စွဲပြစ်တင်တဲ့သူက လေးပုံတစ်ပုံရှိရမယ်၊ စွပ်စွဲပြစ်တင်တဲ့သူထဲက ဒီကိစ္စမှာ ပုဂ္ဂိုလ်ရေးဆန်တဲ့အတွက် မပါချင်ပါဘူးတဲ့ တစ်ယောက်ထွက်သွားတယ်၊ နောက်တစ်ချက်က ဘာလဲဆိုရင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထွက်လိုက်တယ်၊ ဒါက ဘယ်ပရိုစီဂျာမှာမှ မရှိဘူး ၊ တိုင်တဲ့သူက တရားသူကြီးခန့်လိုက်တဲ့အခါ တရားလိုကို တရားသူကြီးခန့်လိုက်တာဖြစ်သွားတာ၊ ဒီပရိုစီဂျာနှစ်ခုမှားနေတယ်” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေပုဒ်မ ၂၆၃(ခ)အရ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌အရေအတွက်လေးပုံတစ်ပုံက လက်မှတ်ရေးထိုး တင်ပြလာတဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဥက္ကဋ္ဌနဲ့အတွင်းရေးမှုးအပါအဝင်အဖွဲ့ဝင် ၅ ဦးနဲ့ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဟာ ကယားဒေးကွင်း မြေနေရာကို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်ဖို့ ခွင့်ပြုခဲ့တဲ့ကိစ္စအပြင် အစိုးရအဖွဲ့ကနေ စက်ယန္တယားကြီးတွေ ဝယ်ယူငှားရမ်း သုံးစွဲခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးပုံတစ်ပုံက စွပ်စွဲပြစ်တင်ခဲ့တာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Photo – ဦးအယ်ဖောင်းရှို(FB)
#voiceofmyanmar #VOM #ဦးအယ်ဖောင်းရှို #တာဝန်ကရပ်စဲ

Zawgyi

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ကို တာဝန္ကေန ရပ္စဲတယ္လို႔ သမၼတအမိန္႔ထုတ္

ေနျပည္ေတာ္၊ စက္တင္ဘာ ၃-၂၀၂၀
Voice Of Myanmar

ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရွိူကို ေျမယာနဲ႔စက္ယႏၲယားဝယ္ယူေရးကိစၥေတြနဲ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေလးပုံတစ္ပုံ စြပ္စြဲျပစ္တင္တဲ့ကိစၥ စုံစမ္းစစ္‌ေဆးမႈအၿပီးမွာ ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးၿပီး တာဝန္ကေန ရပ္စဲလိုက္တယ္လို႔ ျပည္နယ္လႊတ္ေတာ္အမတ္ ခူးသဲရယ္ က ေျပာပါတယ္။

” ႏိုင္ငံေတာ္သမၼတ႐ုံးက စာေပးပို႔လိုက္တာ၊ ေန႔လည္ကရၿပီ။ အေျခခံဖြဲ႕စည္း
အုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပုဒ္မ၂၆၃ ပုဒ္မခြဲ(၅) ၊ ပုဒ္မခြဲငယ္ (၂)အရ ရာထူးကရပ္စဲလိုက္တာပါ”လို႔ ခူးသဲရယ္ကေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဝန္ႀကီးခ်ဳပ္က လာေရာက္စစ္ေဆးမႈမခံေပမယ့္ စုံစမ္းမႈမ်ားၿပီးသြားခ်ိန္ စက္တင္ဘာ ၁ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္မွာ မဲခြဲဆုံးျဖတ္ရာ ကန႔္ကြက္ မဲ ၄ မဲ၊ ‌ေထာက္ခံမဲ၁၄ မဲနဲ႔အတည္ျပဳခဲ့တာေၾကာင့္ တာဝန္ကရပ္ဆိုင္းဖို႔ သမၼတကို တင္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္အယ္လ္ေဖာင္းရႈိရဲ႕ လူမူကြန္ယက္စာမ်က္ႏွာမွာေတာ့ ” အေျခအေနျဖစ္လာတဲ့အေပၚအားလုံးကိုနားလည္ေၾကာင္းနဲ႔ အထက္အႀကီးအကဲေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚေက်နပ္ေၾကာင္းနဲ႔ ၂၀၁၆ ဝန္ႀကီးခ်ဳပ္တာဝန္ယူကတည္းက ကိုယ္စြမ္းဉာဏ္စြမ္းရွိသေလာက္ ႀကိဳးပမ္းခဲ့တာကို အာမခံေၾကာင္း၊ သူနဲ႔ပူးေပါင္းေဆာင္႐ြက္သူအားလုံးကို ေက်းဇူးတင္ပါတယ္”လို႔ ေရးသားထားပါတယ္။

စြပ္စြဲျပစ္တင္မႈေတြနဲ႔စပ္လ်ဥ္းၿပီး ျပည္နယ္လႊတ္ေတာ္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕စည္းစစ္ေဆးခ်ိန္ ဝန္ႀကီးခ်ဳပ္ ဦးအယ္ေဖာင္းရႈိကို လာေရာက္အစစ္ေဆးမခံခဲ့ေပမယ့္လည္း ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ၂၆၃ ပုဒ္မခြဲ(၅) ၊ ပုဒ္မခြဲငယ္ (၂)အရ ႏိုင္ငံေတာ္သမၼတဟာ လႊတ္ေတာ္ကတင္ျပလာပါက ဝန္ႀကီးခ်ဳပ္ကို တာဝန္ကေန ရပ္စဲရမွာကို ေဖာ္ျပထားတယ္လို႔ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္ခူးသဲရယ္ေျပာျပခ်က္အရ သိရပါတယ္။

NLDပါတီဗဟို ဒုတိယဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ကလည္း ” ပ႐ိုစီဂ်ာမွားေနတာ တစ္ခ်က္ရွိတယ္၊ စြပ္စြဲျပစ္တင္တဲ့သူက ေလးပုံတစ္ပုံရွိရမယ္၊ စြပ္စြဲျပစ္တင္တဲ့သူထဲက ဒီကိစၥမွာ ပုဂၢိဳလ္ေရးဆန္တဲ့အတြက္ မပါခ်င္ပါဘူးတဲ့ တစ္ေယာက္ထြက္သြားတယ္၊ ေနာက္တစ္ခ်က္က ဘာလဲဆိုရင္ စုံစမ္းစစ္ေဆးေရးအဖြဲ႕က ထြက္လိုက္တယ္၊ ဒါက ဘယ္ပ႐ိုစီဂ်ာမွာမွ မရွိဘူး ၊ တိုင္တဲ့သူက တရားသူႀကီးခန႔္လိုက္တဲ့အခါ တရားလိုကို တရားသူႀကီးခန႔္လိုက္တာျဖစ္သြားတာ၊ ဒီပ႐ိုစီဂ်ာႏွစ္ခုမွားေနတယ္” လို႔ ေဝဖန္ေျပာၾကားခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၅)၊ ဖြဲ႕စည္းအုပ္ခ်ဳပ္ပုံဥပေဒပုဒ္မ ၂၆၃(ခ)အရ ျပည္နယ္လႊတ္‌ေတာ္ကိုယ္စားလွယ္‌အေရအတြက္ေလးပုံတစ္ပုံက လက္မွတ္ေရးထိုး တင္ျပလာတဲ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဥကၠ႒နဲ႔အတြင္းေရးမႈးအပါအဝင္အဖြဲ႕ဝင္ ၅ ဦးနဲ႔ဖြဲ႕စည္းခဲ့တာလည္းျဖစ္ပါတယ္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ဟာ ကယားေဒးကြင္း ေျမေနရာကို စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ ေဆာင္႐ြက္ဖို႔ ခြင့္ျပဳခဲ့တဲ့ကိစၥအျပင္ အစိုးရအဖြဲ႕ကေန စက္ယႏၲယားႀကီးေတြ ဝယ္ယူငွားရမ္း သုံးစြဲခဲ့တဲ့ ကိစၥေတြနဲ႔ ပတ္သက္လို႔ ပြင့္လင္းျမင္သာမႈမရွိဘူးဆိုၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလးပုံတစ္ပုံက စြပ္စြဲျပစ္တင္ခဲ့တာျဖစ္တယ္လို႔ ျပည္နယ္လႊတ္ေတာ္႐ုံးရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

Photo – ဦးအယ္ေဖာင္းရႈိ(FB)
#voiceofmyanmar #VOM #ဦးအယ္ေဖာင္းရႈိ #တာဝန္ကရပ္စဲ

Related posts

Leave a Comment

VOM News

FREE
VIEW