ကိုဗစ်ကာလ ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ 4G အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို

ကိုဗစ်ကာလ ရခိုင်မြောက်ပိုင်းမြို့နယ်တွေမှာ 4G အင်တာနက်ဖွင့်ပေးဖို့ တောင်းဆို

စစ်တွေ၊ စက်တင်ဘာ ၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ရောဂါကူးစပ်မှု တစ်နေ့တစ်ခြားမြင့်တက်လာတာကြောင့် ရောဂါနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့အတွက် ရောဂါကူးစပ်မှုမြင့်တက်နေတဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်တွေမှာ မြန်နှုန်းမြင့် 4G အင်တာနက်ဖွင့်ပေးဖို့ ဒေသခံတွေနဲ့ လှုပ်ရှားသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကိုဗစ်ကူးစပ်မှုမြှင့်တက်နေတဲ့ ပြည်နယ်မြို့တော်စစ်တွေမှာ အင်တာနက်လိုင်းတွေကောင်းမွန်စွာအသုံးပြုနိုင်ပေမယ့် ရောဂါပိုးကူးစပ်မှုတွေမြင့်တက်နေတဲ့ ရခိုင်မြောက်ပိုင်း မြို့နယ်တော်တော်များများမှာ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖွင့်ပေးထားတဲ့ 2G အင်တာနက်လိုင်းတွေဟာ အသုံးပြုလို့မရကြောင်းနဲ့ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သတ်ပြီးစိုးရိမ်မှုရှိတဲ့အတွက် အင်တာနက်လိုင်းတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးဖို့ တောင်ဆိုနေကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတဲ့အနက် (၁၆) မြို့နယ်မှာ ကိုဗစ်-၁၉ဓာတ်ခွဲအတည်ပြုလူနာတွေ တွေ့ရှိထားတာဖြစ်ပြီး ရမ်းဗြဲမြို့နယ်တစ်ခုတည်းမှာသာ ကိုဗစ်အတည်ပြုလူနာမတွေ့ရှိသေးတာဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ရာနဲ့ချီတိုးလာနေတဲ့ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေတွေ့ရှိနေပြီး စစ်တွေ၊ ကျောက်ဖြူ၊ မြောက်ဦး၊ မောင်တော၊ သံတွဲ၊ အမ်း၊တောင်ကုတ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော်၊ မာန်အောင်နဲ့ ဂွမြို့နယ်တို့မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာတွေကို တွေ့ရှိနေတာဖြစ်ပါတယ်။

ရောဂါကူးစပ်မှုရှိနေတဲ့ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေကို ဆက်သွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ဖုန်းအော်ပရေတာတွေဆီကို 2Gအဆင့်ရှိတဲ့ အင်တာနက်တွေကိုဖွင့်ပေးဖို့ညွှန်ကြားထားပြီး အဲ့ဒီအင်တာနက် 2Gဟာ အရည်အသွေးနိမ့်တာကြောင့် အသုံးပြုလို့မရကြောင်းနဲ့ သတင်းအချက်အလက်တွေသိနိုင်ဖို့အတွက် မြန်နှုန်းမြင့်အင်တာနက်ဖွင့်ပေးဖို့ တောင်းဆိုချင်တယ်လို့ မြောက်ဦးမြို့နယ်က အင်တာနဲ့အရေးလှုပ်ရှားနေတဲ့ ကရုနာလှိုင်းလူမှုကူညီရေးအသင်း ဥက္ကဌ ကိုကျော်သိန်းလှက ပြောပါတယ်။

” ကျန်တဲ့အချိန်တွေမှာ မဟုတ်ရင်တောင် ကိုဗစ်ကာလမှာတော့ အင်တာနက်လိုင်းကို ကောင်းကောင်းဖွင့်ပေးစေချင်တယ်။ မြောက်ဦးမှာက ကိုဗစ်ပိုးတွေ့လူနာတွေကလည်းများနေတယ်။ မနက်ဖြန်ဘယ်နှစ်ယောက်တိုးမလဲဆိုတာကိုလည်း မသိနိုင်ဘူး။ မြောက်ဦးမှာက အင်တာနက်လိုင်း သုံးလို့မရပါဘူး။ E(2G) ပဲတက်ပါတယ်။ ဒါကြောင့် အင်တာနက်လိုင်းတွေ အပြည့်အဝရစေချင်တယ်။” လို့ ကိုကျော်သိန်းလှကပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်(၇)မြို့နယ်မှာ အခြေအနေအရပ်ရပ်ကြောင့် အင်တာနက်လိုင်းတွေကို ပိတ်ထားပေမယ့် သုံးစွဲသူတွေအဆင်ပြေစေရေးအတွက် 2G အရည်အသွေးရှိတဲ့စနစ်ကို ဖွင့်ပေးဖို့ အော်ပရေတာတွေကို ညွှန်ကြားထားကြောင်းနဲ့ လောလောဆယ်မှာတော့ 4G စနစ်ဖွင့်ပေးသွားဖို့ မရှိသေးဘူးလို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောပါတယ်။

“ ရခိုင်ပြည်နယ်မှာက ပြီးခဲ့တဲ့ နှစ်ကနေစပြီး အခြေအနေအရပ်ရပ်ကြောင့် အင်တာနက်ကို ခဏမပေးဘဲနေတာပေါ့နော်။ မြောက်ပိုင်းမှာ (၇) မြို့နယ်ရှိတယ်။ 4G ဆိုတာကလည်း မြို့ပေါ်မှာပဲရှိတာ။ နယ်တွေမှာကတော့ 3G၊ 2G လောက်ပဲ အများသောအားဖြင့်ရှိတာ။ ဒါကတော့ အခြေအနေပေါ်မှာမူတည်ပြီးတော့ လူကြီးတွေက ပြန်သုံးသပ်ပါလိမ့်မယ်။ တကယ်လို့ ဖွင့်တယ်ဆိုရင်လည်း အင်တာနက်ပြန်ကောင်းရေးပဲရှိမှာပေါ့။ အခြေအနေပေါ်မူတည်ပြီးတော့ မူလ(မပိတ်ခင်က) အတိုင်းပြန်ဖွင့်ရင် ဖွင့်ပေးမှာပေါ့။ အခုလောလောဆယ်မှာတော့ ဖွင့်ပေးဖို့ မရှိသေးပါဘူး။ ဒါလည်း မြောက်ပိုင်းမှာပဲ ဖြစ်တာပါ။ ရခိုင်တောင်ပိုင်းကမြို့နယ်တွေ ဘာမှမဖြစ်တဲ့နေရာတွေမှာ လိုင်းတွေကောင်းပါတယ်။” လို့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာလည်း လက်ရှိ ဆက်သွယ်ဝန်ကြီးဌာနက ဖုန်းအော်ပရေတာတွေကို 2G အဆင့်သာဖွင့်ပေးဖို့ညွှန်ကြားထားတဲ့ အခြေအနေအောက်မှာ အသုံးပြုရတာအဆင်မပြေကြောင်းနဲ့ စာပို့ဖို့တောင် တော်တော်ခက်ခဲနေတယ်လို့ ကျောက်တော်ဒေသခံ လူမှုကူညီရေးလှုပ်ရှားနေသူ ကိုမောင်မြင့်စိုးက ထောက်ပြပြောဆိုပါတယ်။

“ စစ်တွေမြို့ အနေနဲ့ဆိုရင်တော့ သတင်းတွေကို အတိအကျသိနိုင်တယ်။ ကျောက်တော်ဖက်မှာဆိုရင် ကိုရိုနာဗိုင်းရပ်(ကိုဗစ် ၁၉) ပိုးတွေ့သူတွေလည်းရှိနေပြီ။ ဒါပေမယ့် ကိုရိုနာဆိုတာဘာလည်းဆိုတာမသိဘူး။ အဲဒီလိုအခြေအနေတွေရှိတယ်။ နိုင်ငံအကြီးအကဲတွေကို ပြောချင်တာကတော့ ဟိုမှာက ရောဂါကူးစပ်မှုတွေ၊ စစ်ပွဲတွေလည်းဖြစ်နေတော့ ပြည်သူတွေ သတင်းသိပိုင်ခွင့်အတွက် အင်တာနက်လိုင်းတွေ ကောင်းလာအောင်တောင်းဆိုချင်ပါတယ်။” လို့ ကိုမောင်မြင့်စိုးက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုကနေ အင်တာနက်တွေ စတင်ဖြတ်တောက်ခံခဲ့ရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အင်တာနက်ဖြတ်တောက်မှုဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ (၂၁) ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကပါ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ ထုတ်ပြန်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာ အင်တာနက်လုံးဝဖြတ်တောက်ခံထားရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကနေ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ ဖုန်းအော်ပရေတာတွေက 2G အရည်အသွေးရှိတဲ့ အင်တာနက်လိုင်းတွေကိုသာ ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၄၀၀ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ကိုဗစ္ကာလ ရခိုင္ေျမာက္ပိုင္းၿမိဳ႕နယ္ေတြမွာ 4G အင္တာနက္ဖြင့္ေပးဖို႔ ေတာင္းဆို

စစ္ေတြ၊ စက္တင္ဘာ ၄- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္မွာ ကိုဗစ္ ၁၉ ေရာဂါကူးစပ္မႈ တစ္ေန႔တစ္ျခားျမင့္တက္လာတာေၾကာင့္ ေရာဂါနဲ႔ပတ္သက္တဲ့ သတင္းထုတ္ျပန္ခ်က္ေတြကို အခ်ိန္နဲ႔တစ္ေျပးညီသိႏိုင္ဖို႔အတြက္ ေရာဂါကူးစပ္မႈျမင့္တက္ေနတဲ့ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ေတြမွာ ျမန္ႏႈန္းျမင့္ 4G အင္တာနက္ဖြင့္ေပးဖို႔ ေဒသခံေတြနဲ႔ လႈပ္ရွားသူေတြက ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ကိုဗစ္ကူးစပ္မႈျမွင့္တက္ေနတဲ့ ျပည္နယ္ၿမိဳ႔ေတာ္စစ္ေတြမွာ အင္တာနက္လိုင္းေတြေကာင္းမြန္စြာအသုံးျပဳႏိုင္ေပမယ့္ ေရာဂါပိုးကူးစပ္မႈေတြျမင့္တက္ေနတဲ့ ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ ဆက္သြယ္ေရးဝန္ႀကီးဌာနက ဖြင့္ေပးထားတဲ့ 2G အင္တာနက္လိုင္းေတြဟာ အသုံးျပဳလို႔မရေၾကာင္းနဲ႔ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သတ္ၿပီးစိုးရိမ္မႈရွိတဲ့အတြက္ အင္တာနက္လိုင္းေတြကို ေကာင္းမြန္စြာ အသုံးျပဳႏိုင္ေအာင္ လုပ္ေဆာင္ေပးဖို႔ ေတာင္ဆိုေနၾကတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္ေပါင္း ၁၇ ၿမိဳ႕နယ္ရွိတဲ့အနက္ (၁၆) ၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ဓာတ္ခြဲအတည္ျပဳလူနာေတြ ေတြ႕ရွိထားတာျဖစ္ၿပီး ရမ္းျဗဲၿမိဳ႕နယ္တစ္ခုတည္းမွာသာ ကိုဗစ္အတည္ျပဳလူနာမေတြ႕ရွိေသးတာျဖစ္တယ္လို႔ သိရပါတယ္။

ရခိုင္ျပည္နယ္မွာ ရာနဲ႔ခ်ီတိုးလာေနတဲ့ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳလူနာေတြေတြ႕ရွိေနၿပီး စစ္ေတြ၊ ေက်ာက္ျဖဴ၊ ေျမာက္ဦး၊ ေမာင္ေတာ၊ သံတြဲ၊ အမ္း၊ေတာင္ကုတ္၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံ၊ ေပါက္ေတာ္၊ မာန္ေအာင္နဲ႔ ဂြၿမိဳ႕နယ္တို႔မွာ ကိုဗစ္-၁၉ ဓာတ္ခြဲအတည္ျပဳလူနာေတြကို ေတြ႕ရွိေနတာျဖစ္ပါတယ္။

ေရာဂါကူးစပ္မႈရွိေနတဲ့ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ေျမပုံ၊ မင္းျပား၊ ပုဏၰားကြၽန္း၊ ဘူးသီးေတာင္ၿမိဳ႕နယ္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြကို ဆက္သြယ္ေရးဝန္ႀကီးဌာနက သက္ဆိုင္ရာ ဖုန္းေအာ္ပေရတာေတြဆီကို 2Gအဆင့္ရွိတဲ့ အင္တာနက္ေတြကိုဖြင့္ေပးဖို ႔ၫႊန္ၾကားထားၿပီး အဲ့ဒီအင္တာနက္ 2Gဟာ အရည္အေသြးနိမ့္တာေၾကာင့္ အသုံးျပဳလို႔မရေၾကာင္းနဲ႔ သတင္းအခ်က္အလက္ေတြသိႏိုင္ဖို႔အတြက္ ျမန္ႏႈန္းျမင့္အင္တာနက္ဖြင့္ေပးဖို႔ ေတာင္းဆိုခ်င္တယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္က အင္တာနဲ႔အေရးလႈပ္ရွားေနတဲ့ က႐ုနာလႈိင္းလူမႈကူညီေရးအသင္း ဥကၠဌ ကိုေက်ာ္သိန္းလွက ေျပာပါတယ္။

” က်န္တဲ့အခ်ိန္ေတြမွာ မဟုတ္ရင္ေတာင္ ကိုဗစ္ကာလမွာေတာ့ အင္တာနက္လိုင္းကို ေကာင္းေကာင္းဖြင့္ေပးေစခ်င္တယ္။ ေျမာက္ဦးမွာက ကိုဗစ္ပိုးေတြ႕လူနာေတြကလည္းမ်ားေနတယ္။ မနက္ျဖန္ဘယ္ႏွစ္ေယာက္တိုးမလဲဆိုတာကိုလည္း မသိႏိုင္ဘူး။ ေျမာက္ဦးမွာက အင္တာနက္လိုင္း သုံးလို႔မရပါဘူး။ E(2G) ပဲတက္ပါတယ္။ ဒါေၾကာင့္ အင္တာနက္လိုင္းေတြ အျပည့္အဝရေစခ်င္တယ္။” လို႔ ကိုေက်ာ္သိန္းလွကေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္(၇)ၿမိဳ႕နယ္မွာ အေျခအေနအရပ္ရပ္ေၾကာင့္ အင္တာနက္လိုင္းေတြကို ပိတ္ထားေပမယ့္ သုံးစြဲသူေတြအဆင္ေျပေစေရးအတြက္ 2G အရည္အေသြးရွိတဲ့စနစ္ကို ဖြင့္ေပးဖို႔ ေအာ္ပေရတာေတြကို ၫႊန္ၾကားထားေၾကာင္းနဲ႔ ေလာေလာဆယ္မွာေတာ့ 4G စနစ္ဖြင့္ေပးသြားဖို႔ မရွိေသးဘူးလို႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးေဆြက ေျပာပါတယ္။

“ ရခိုင္ျပည္နယ္မွာက ၿပီးခဲ့တဲ့ ႏွစ္ကေနစၿပီး အေျခအေနအရပ္ရပ္ေၾကာင့္ အင္တာနက္ကို ခဏမေပးဘဲေနတာေပါ့ေနာ္။ ေျမာက္ပိုင္းမွာ (၇) ၿမိဳ႕နယ္ရွိတယ္။ 4G ဆိုတာကလည္း ၿမိဳ႕ေပၚမွာပဲရွိတာ။ နယ္ေတြမွာကေတာ့ 3G၊ 2G ေလာက္ပဲ အမ်ားေသာအားျဖင့္ရွိတာ။ ဒါကေတာ့ အေျခအေနေပၚမွာမူတည္ၿပီးေတာ့ လူႀကီးေတြက ျပန္သုံးသပ္ပါလိမ့္မယ္။ တကယ္လို႔ ဖြင့္တယ္ဆိုရင္လည္း အင္တာနက္ျပန္ေကာင္းေရးပဲရွိမွာေပါ့။ အေျခအေနေပၚမူတည္ၿပီးေတာ့ မူလ(မပိတ္ခင္က) အတိုင္းျပန္ဖြင့္ရင္ ဖြင့္ေပးမွာေပါ့။ အခုေလာေလာဆယ္မွာေတာ့ ဖြင့္ေပးဖို႔ မရွိေသးပါဘူး။ ဒါလည္း ေျမာက္ပိုင္းမွာပဲ ျဖစ္တာပါ။ ရခိုင္ေတာင္ပိုင္းကၿမိဳ႕နယ္ေတြ ဘာမွမျဖစ္တဲ့ေနရာေတြမွာ လိုင္းေတြေကာင္းပါတယ္။” လို႔ ဆက္သြယ္ေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးမ်ိဳးေဆြကေျပာပါတယ္။

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာလည္း လက္ရွိ ဆက္သြယ္ဝန္ႀကီးဌာနက ဖုန္းေအာ္ပေရတာေတြကို 2G အဆင့္သာဖြင့္ေပးဖို႔ၫႊန္ၾကားထားတဲ့ အေျခအေနေအာက္မွာ အသုံးျပဳရတာအဆင္မေျပေၾကာင္းနဲ႔ စာပို႔ဖို႔ေတာင္ ေတာ္ေတာ္ခက္ခဲေနတယ္လို႔ ေက်ာက္ေတာ္ေဒသခံ လူမႈကူညီေရးလႈပ္ရွားေနသူ ကိုေမာင္ျမင့္စိုးက ေထာက္ျပေျပာဆိုပါတယ္။

“ စစ္ေတြၿမိဳ႕ အေနနဲ႔ဆိုရင္ေတာ့ သတင္းေတြကို အတိအက်သိႏိုင္တယ္။ ေက်ာက္ေတာ္ဖက္မွာဆိုရင္ ကို႐ိုနာဗိုင္းရပ္(ကိုဗစ္ ၁၉) ပိုးေတြ႕သူေတြလည္းရွိေနၿပီ။ ဒါေပမယ့္ ကို႐ိုနာဆိုတာဘာလည္းဆိုတာမသိဘူး။ အဲဒီလိုအေျခအေနေတြရွိတယ္။ ႏိုင္ငံအႀကီးအကဲေတြကို ေျပာခ်င္တာကေတာ့ ဟိုမွာက ေရာဂါကူးစပ္မႈေတြ၊ စစ္ပြဲေတြလည္းျဖစ္ေနေတာ့ ျပည္သူေတြ သတင္းသိပိုင္ခြင့္အတြက္ အင္တာနက္လိုင္းေတြ ေကာင္းလာေအာင္ေတာင္းဆိုခ်င္ပါတယ္။” လို႔ ကိုေမာင္ျမင့္စိုးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၁) ရက္ေန႔က တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈကေန အင္တာနက္ေတြ စတင္ျဖတ္ေတာက္ခံခဲ့ရတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ အင္တာနက္ျဖတ္ေတာက္မႈဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ ဇြန္လ (၂၁) ရက္ေန႔က တစ္ႏွစ္ျပည့္ခဲ့ၿပီး အရပ္ဖက္အဖြဲ႕အစည္းေတြ၊ ႏိုင္ငံေရးပါတီနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြကပါ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝေဒသမွာ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးဖို႔ ထုတ္ျပန္ေတာင္းဆိုခဲ့ၾကတာျဖစ္ပါတယ္။

လက္ရွိမွာ အင္တာနက္လုံးဝျဖတ္ေတာက္ခံထားရတဲ့ ရခိုင္နဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ေတြမွာ ၿပီးခဲ့တဲ့ ဩဂုတ္လ ၂ ရက္ေန႔ကေန ဆက္သြယ္ေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔ ဖုန္းေအာ္ပေရတာေတြက 2G အရည္အေသြးရွိတဲ့ အင္တာနက္လိုင္းေတြကိုသာ ဖြင့္ေပးခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ ကိုဗစ္အတည္ျပဳလူနာ ၄၀၀ေက်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW