ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ်

ဂျပန်နိုင်ငံကပြည်သူတွေကို အိုလံပစ်ပွဲမကျင်းပခင် COVID-19ကာကွယ်ဆေးထိုးပေးဖို့စီစဉ်

စက်တင်ဘာလ ၃-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

ဂျပန်အစိုးရက COVID-19ကာကွယ်ဆေးထိုးချင်တဲ့ နိုင်ငံသားတွေကို အခမဲ့ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေပြီး အစိုးရကနေ သက်ကြီးရွယ်သူ နဲ့ ဆေးသက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေး ထိုးပေးသွားမှာဖြစ်တယ်လို့ South China Morning Postသတင်းဌာနကနေ ဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီလို ဦးစားပေးသူတွေကို ဆေးထိုးပေးပြီးနောက်ပိုင်းမှာ ကျန်တဲ့လူတွေကို ထက်ထိုးပေးမှာဖြစ်ပြီး တက်နိုင်သမျှ နိုင်ငံအတွင်းကလူတွေကို ကိုယ်ခံစွမ်းအားအမြန်ရရှိနိုင်ဖို့ အစိုးရကကုန်ကျစရိတ်ခံပြီး ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှ ကူးစက်ရောဂါဗေဒပညာရှင်တွေနဲ့ စီးပွားရေးပညာရှင်တွေဟာ အစိုးရ ဦး
ဆောင်တဲ့ အထူးအစည်းအဝေးတွေမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်ကိုဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။

ဂျပန်နိုင်ငံအစိုးရက အမေရိကန်ရဲ့ Pfizerဆေးကုမ္ပဏီ ၊ ဗြီတိန် ရဲ့ AstraZeneca ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနိုင်းပြီး ၂၀၂၁မှာကျင်းပမယ့် ဂျပန်နိုင်ငံရဲ့ အိုလံပစ်ပွဲ မကျင်းပခင်အချိန်မှာ ပြည်သူတွေကို COVID-19ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

အိုလံပစ်ပွဲဟာ လာမယ့် ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့မှာ စတင်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဩဂုတ်လ-၈ရက်နေ့မှာ ပွဲတော်ကို ပိတ်သိမ်းသွားမှာလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးလုပ်ငန်းကို အဆင်ပြေဖို့ ဂျပန်အစိုးရအနေနဲ့ ကျန်းမာရေးပြသာနာတွေအတွက် ကယ်ဆယ်ရေးစခန်းထူထောင်ဖို့စဉ်းစားနေတဲ့အပြင် ဆေးဝါးကုမ္ပဏီက တရားစွဲဆိုခဲ့ရင်လည်း သက်ဆိုင်ရာလျော်ကြေးကို ဂျပန်အစိုးရကနေ ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

REF :SCMP
Photo – AFP
#voiceofmyanmar #VOM #ဂျပန်

Zawgyi


စက်တင်ဘာလ ၃-၂၀၂၀
လဲ့လဲ့ဝင်း(VOM)







REF :SCMP
Photo – AFP

Related posts

Leave a Comment

VOM News

FREE
VIEW