တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ကျောင်းသူတွေကို လွတ်ငြိမ်းခွင့်‌ပေး

တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ကျောင်းသူတွေကို လွတ်ငြိမ်းခွင့်‌ပေး

နေပြည်တော်၊စက်တင်ဘာ ၅-၂၀၂၀
ကောင်းလက်ျာ(VOM)

တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရပြီး ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့ကြတဲ့ ပြစ်ဒဏ်ကျ ကျောင်းသား၊ ကျောင်းသူတွေထဲက ထူးချွန် ကျောင်းသား ၅၅ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပေး
ခဲ့တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

” ရန်ကုန်နဲ့မန္တလေးက အများဆုံးပါဝင်ပါတယ်။ ရန်ကုန်၂၅ ဦးနဲ့မန္တ‌လေး၂၉ ဦးရှိပြီး ကျန်အကျဉ်ထောင်တွေက တစ်ဦးပဲပါတယ်။ ဆယ်တန်း‌ဖြေဆို‌အောင်မြင်တဲ့ ပြစ်ဒဏ်ကျအကျဉ်းသားအများစုက မူးယစ်ဆေးဝါးတွေပါ” လို့ အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးရဲရင့်နိုင်ကပြောပါတယ်။

လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီကနေ့ စက်တင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်လွှတ်မြောက် လာတဲ့ ကျောင်သား၊ ကျောင်းသူတွေဟာ၂၀၁၈-၂၀၁၉ ပညာသင်နှစ်နဲ့၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွေမှာ ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သူများထဲက ထူးချွန်ကျောင်းသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သူတို့တွေ ပြစ်ဒဏ်ကလွတ်မြောက်ခဲ့တာဟာ နိုင်ငံတော်သမ္မတက စာမေးပွဲအောင်မြင်မှုအပေါ် ချီးမြှင့်တာလည်းဖြစ်သလို လူမှုရေးအရ ငဲ့ညှာတဲ့အနေနဲ့ နိုင်ငံတော်ရဲ့စေတနာကို နားလည်ပြီး ပြင်ပမှာ အဆင့်မြင့်ပညာရပ်တွေကို ဆက်လက်သင်ကြားနိုင်ဖို့ရှေးရှုသောအားနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နိုင်ငံတော်သမ္မတက ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

ဒီကနေ့ ပြစ်ဒဏ်ကနေ လွတ်မြောက်လာသူ ၅၅ ဦးနဲ့ လျှော့ရက်များခံစားရသူ ၃၈
ဦးရှိပြီး ပြန်လွတ်လာသူ ၅၅ ဦးမှာ ပြစ်ဒဏ်ကျခံရမယ့် ရက်ကျန်ကာလ ၁ နှစ်ဝန်းကျင်ရှိသူ ၁၃ ဦး၊ ဂုဏ်ထူး ၂ ဘာသာနဲ့အထက်၂၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရရှိသူနဲ့ရိုးရိုးအောင် ၁၃ ဦးပါဝင်ပါတယ်။

လျှော့ရက်ခံစားရသူ ၃၈ ဦးမှာ ဂုဏ်ထူး ၂ ဘာသာအထက်ရရှိသူ၂ ဦး၊ ၁ ဘာသာဂုဏ် ထူးရရှိသူနဲ့ ရိုးရိုး အောင်မြင်သူ ၃၆ ဦးပါဝင်တယ်လို့ သိရပါတယ်။

၂၀၁၉-၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကျဉ်းထောင်ပေါင်း ၁၁ ခုက အကျဉ်းသား ၁၆၂ ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်ကျတရားခံ ၃ ဦး စုစုပေါင်းအကျဉ်းသား ၁၇၈ ဦးဝင်ရောက်ဖြေဆိုခဲ့တာဖြစ်ပြီး အောင်ချက်ရာခိုင်နူန်း ၆၀ ဒဿမ ၆၇ ရာခိုင်နူန်းရှိပြီး ၂၀၁၈-၁၉ စာသင်နှစ်မှာ ၁၇၁ ယောက်‌ဖြေဆိုပြီး ၉၄ ဦး အောင်မြင်ခဲ့လို့ ၅၄ ဒဿမ ၉၇ ရာခိုင်နူန်းဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

တကၠသိုလ္ဝင္တန္းေအာင္ျမင္တဲ့ ျပစ္ဒဏ္က် ေက်ာင္းသား၊ေက်ာင္းသူေတြကို လြတ္ၿငိမ္းခြင့္‌ေပး

ေနျပည္ေတာ္၊စက္တင္ဘာ ၅-၂၀၂၀
ေကာင္းလက္်ာ(VOM)

တိုင္းနဲ႔ျပည္နယ္အသီးသီးမွာရွိတဲ့ အက်ဥ္းေထာင္ေတြမွာ ျပစ္ဒဏ္က်ခံေနရၿပီး ဆယ္တန္းစာေမးပြဲကို ေအာင္ျမင္ခဲ့ၾကတဲ့ ျပစ္ဒဏ္က် ေက်ာင္းသား၊ ေက်ာင္းသူေတြထဲက ထူးခြၽန္ ေက်ာင္းသား ၅၅ ဦးကို ႏိုင္ငံေတာ္သမၼတက ျပစ္ဒဏ္ကေန လြတ္ၿငိမ္းသက္သာခြင့္ေပး
ခဲ့တယ္လို႔ အက်ဥ္းဦးစီးဌာနကေန သိရပါတယ္။

” ရန္ကုန္နဲ႔မႏၲေလးက အမ်ားဆုံးပါဝင္ပါတယ္။ ရန္ကုန္၂၅ ဦးနဲ႔မႏၲ‌ေလး၂၉ ဦးရွိၿပီး က်န္အက်ဥ္ေထာင္ေတြက တစ္ဦးပဲပါတယ္။ ဆယ္တန္း‌ေျဖဆို‌ေအာင္ျမင္တဲ့ ျပစ္ဒဏ္က်အက်ဥ္းသားအမ်ားစုက မူးယစ္ေဆးဝါးေတြပါ” လို႔ အက်ဥ္းဦးစီးဌာန ဒုတိယၫြန္ၾကားေရးမႉးခ်ဳပ္ ဦးရဲရင့္ႏိုင္ကေျပာပါတယ္။

လြတ္ၿငိမ္းသက္သာခြင့္နဲ႔ ဒီကေန႔ စက္တင္ဘာလ ၅ ရက္ေန႔မွာ ျပန္လည္လႊတ္ေျမာက္ လာတဲ့ ေက်ာင္သား၊ ေက်ာင္းသူေတြဟာ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္နဲ႔၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ေတြမွာ ဝင္ေရာက္ေျဖဆိုေအာင္ျမင္ခဲ့သူမ်ားထဲက ထူးခြၽန္ေက်ာင္းသားေတြျဖစ္တယ္လုိ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

သူတို႔ေတြ ျပစ္ဒဏ္ကလြတ္ေျမာက္ခဲ့တာဟာ ႏိုင္ငံေတာ္သမၼတက စာေမးပြဲေအာင္ျမင္မႈအေပၚ ခ်ီးျမႇင့္တာလည္းျဖစ္သလို လူမႈေရးအရ ငဲ့ညႇာတဲ့အေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ေစတနာကို နားလည္ၿပီး ျပင္ပမွာ အဆင့္ျမင့္ပညာရပ္ေတြကို ဆက္လက္သင္ၾကားႏိုင္ဖို႔ေရွးရႈေသာအားနဲ႔ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁၊ ပုဒ္မခြဲ(၁)အရ ႏိုင္ငံေတာ္သမၼတက ျပစ္ဒဏ္ကေန လြတ္ၿငိမ္းသက္သာခြင့္ျပဳခဲ့ျခင္းျဖစ္တယ္လို႔ အက်ဥ္းဦးစီးဌာနကေန သိရပါတယ္။

ဒီကေန႔ ျပစ္ဒဏ္ကေန လြတ္ေျမာက္လာသူ ၅၅ ဦးနဲ႔ ေလွ်ာ့ရက္မ်ားခံစားရသူ ၃၈
ဦးရွိၿပီး ျပန္လြတ္လာသူ ၅၅ ဦးမွာ ျပစ္ဒဏ္က်ခံရမယ့္ ရက္က်န္ကာလ ၁ ႏွစ္ဝန္းက်င္ရွိသူ ၁၃ ဦး၊ ဂုဏ္ထူး ၂ ဘာသာနဲ႔အထက္၂၉ ဦး၊ ၁ ဘာသာဂုဏ္ထူးရရွိသူနဲ ႔႐ိုး႐ိုးေအာင္ ၁၃ ဦးပါဝင္ပါတယ္။

ေလွ်ာ့ရက္ခံစားရသူ ၃၈ ဦးမွာ ဂုဏ္ထူး ၂ ဘာသာအထက္ရရွိသူ၂ ဦး၊ ၁ ဘာသာဂုဏ္ ထူးရရွိသူနဲ႔ ႐ိုး႐ိုး ေအာင္ျမင္သူ ၃၆ ဦးပါဝင္တယ္လို႔ သိရပါတယ္။

၂၀၁၉-၂၀ တကၠသိုလ္ဝင္တန္းစာေမးပြဲမွာ အက်ဥ္းေထာင္ေပါင္း ၁၁ ခုက အက်ဥ္းသား ၁၆၂ ဦး၊ အက်ဥ္းသူ ၁၃ ဦး၊ အခ်ဳပ္က်တရားခံ ၃ ဦး စုစုေပါင္းအက်ဥ္းသား ၁၇၈ ဦးဝင္ေရာက္ေျဖဆိုခဲ့တာျဖစ္ၿပီး ေအာင္ခ်က္ရာခိုင္ႏူန္း ၆၀ ဒႆမ ၆၇ ရာခိုင္ႏူန္းရွိၿပီး ၂၀၁၈-၁၉ စာသင္ႏွစ္မွာ ၁၇၁ ေယာက္‌ေျဖဆိုၿပီး ၉၄ ဦး ေအာင္ျမင္ခဲ့လုိ႔ ၅၄ ဒႆမ ၉၇ ရာခုိင္ႏူန္းျဖစ္တယ္လို႔ အက်ဥ္းဦးစီးဌာနရဲ႔ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW