ဘေရွတ်ပေါက်ကွဲမှု တစ်လကြာပြီးနောက် အပျက်အစီးတွေအောက်မှာ အသက်ရှင်သူတွေရှိတဲ့ လက္ခဏာတွေ့

ဘေရွတ်ပေါက်ကွဲမှု တစ်လကြာပြီးနောက် အပျက်အစီးတွေအောက်မှာ အသက်ရှင်သူတွေရှိတဲ့ လက္ခဏာတွေ့

ဘေရွတ်၊ စက်တင်ဘာ-၄-၂၀၂၀
မျိုးဆက်(VOM)

လွန်ခဲ့တဲ့လက ပေါက်ကွမှုဖြစ်ပွားခဲ့တဲ့ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရှိ အပျက်အစီးတွေအောက်မှာ နှစ်ရက်ကြာရှာဖွေမှုများလုပ်ဆောင်ပြီးနောက်ပိုင်း အသက်ရှင်ကျန်ရစ်သူတွေကို တွေ့ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အပျက်အစီးများအောက်မှာ အသက်ရှင်သူတွေရှိနေနိုင်တဲ့ လက္ခဏာတွေကို အာရုံခံကိရိယာတွေနဲ့ ထောက်လှမ်းတွ့ရှိပြီးနောက် ကယ်ဆယ်ရေးသမားတွေက ရှာဖွေရေးတွေလုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒုတိယမြောက်နေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တစ်စုံတစ်ရာတွေ့ရှိခြင်းမရှိဘဲ အဆုံးသတ်ခဲ့ရပါတယ်။ လူနှစ်ရာနီးပါးသေဆုံးခဲ့တဲ့ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်လပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၄ ရက်မှာ နိုင်ငံတစ်ဝန်း တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြပါတယ်။

အမိုးနီးယားနိုက်ထရိတ် တန်ချိန် ၂၇၅၀ ကြောင့်ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာ လူထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို လူနေရပ်ကွက်နဲ့နီးတဲ့ ဆိပ်ကမ်းရှိ ဂိုဒေါင်တစ်ခုမှာ ဘေးကင်းလုံခြုံမှုမရှိဘဲ သိုလှောင်ထားတဲ့အပေါ် လက်ဘနွန်ပြည်သူတွေက အမျက်ဒေသထွက်ခဲ့ကြပါတယ်။

ဒီဖြစ်စဉ်ကြောင့် ဘေရွတ်မှာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ကျေနပ်အောင်စွမ်းဆောင်နိုင်ခြင်းမရှိပြီးနောက် သိပ်မကြာခင်မှာပဲ လက်ဘနွန်အစိုးရ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ဘေရွတ်

Zawgyi

ေဘရြတ္ေပါက္ကြဲမႈ တစ္လၾကာျပီးေနာက္ အပ်က္အစီးေတြေအာက္မွာ အသက္ရွင္သူေတြရိွတဲ႔ လကၡဏာေတြ႔

ေဘရြတ္၊ စက္တင္ဘာ-၄-၂၀၂၀
မ်ိဳးဆက္(VOM)

လြန္ခဲ႔တဲ႔လက ေပါက္ကြမႈျဖစ္ပြားခဲ႔တဲ႔ လက္ဘႏြန္နိုင္ငံ၊ ေဘရြတ္ျမိဳ႕ရိွ အပ်က္အစီးေတြေအာက္မွာ နွစ္ရက္ၾကာရွာေဖြမႈမ်ားလုပ္ေဆာင္ျပီးေနာက္ပိုင္း အသက္ရွင္က်န္ရစ္သူေတြကို ေတြ႔ရလိမ္႔မယ္လို႔ ေမွ်ာ္လင္႔ရပါတယ္။

အပ်က္အစီးမ်ားေအာက္မွာ အသက္ရွင္သူေတြရိွေနနိုင္တဲ႔ လကၡဏာေတြကို အာရံုခံကိရိယာေတြနဲ႔ ေထာက္လွမ္းတြ႔ရိွျပီးေနာက္ ကယ္ဆယ္ေရးသမားေတြက ရွာေဖြေရးေတြလုပ္ေဆာင္ခဲ႔ၾကပါတယ္။

ဒါေပမယ္႔ ဒုတိယေျမာက္ေန႔ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြမွာ တစ္စံုတစ္ရာေတြ႔ရိွျခင္းမရိွဘဲ အဆံုးသတ္ခဲ႔ရပါတယ္။ လူနွစ္ရာနီးပါးေသဆံုးခဲ႔တဲ႔ ေပါက္ကြဲမႈျဖစ္ပြားျပီး တစ္လျပည္႔အထိမ္းအမွတ္အျဖစ္ စက္တင္ဘာ ၄ ရက္မွာ နုိင္ငံတစ္၀န္း တစ္မိနစ္ၾကာ ျငိမ္သက္ခဲ႔ၾကပါတယ္။

အမိုးနီးယားနိုက္ထရိတ္ တန္ခ်ိန္ ၂၇၅၀ ေၾကာင္႔ျဖစ္ပြားခဲ႔တဲ႔ ေပါက္ကြဲမႈမွာ လူေထာင္ေပါင္းမ်ားစြာ ဒဏ္ရာရရိွခဲ႔ပါတယ္။ ေပါက္ကြဲေစနိုင္တဲ႔ပစၥည္းေတြကို လူေနရပ္ကြက္နဲ႔နီးတဲ႔ ဆိပ္ကမ္းရိွ ဂိုေဒါင္တစ္ခုမွာ ေဘးကင္းလံုျခံဳမႈမရိွဘဲ သိုေလွာင္ထားတဲ႔အေပၚ လက္ဘႏြန္ျပည္သူေတြက အမ်က္ေဒသထြက္ခဲ႔ၾကပါတယ္။

ဒီျဖစ္စဥ္ေၾကာင္႔ ေဘရြတ္မွာ ရဲတပ္ဖြဲ႔နဲ႔ ထိပ္တိုက္ပဋိပကၡေတြျဖစ္ပြားခဲ႔တဲ႔ ဆႏၵျပသူေတြကို ေက်နပ္ေအာင္စြမ္းေဆာင္နိုင္ျခင္းမရိွျပီးေနာက္ သိပ္မၾကာခင္မွာပဲ လက္ဘႏြန္အစိုးရ ရာထူးကေန နႈတ္ထြက္ခဲ႔ပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #VOM #ေဘရြတ္

Related posts

Leave a Comment

VOM News

FREE
VIEW