ခြံအမှတ်-၅၄ကို ဒေါ်အောင်ဆန်းစုကြည်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ NLDပါတီဗဟိုကအတည်ပြု

ခြံအမှတ်-၅၄ကို ဒေါ်အောင်ဆန်းစုကြည်မလာတာ အတော်ကြာပြီဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ NLDပါတီဗဟိုကအတည်ပြု

နေပြည်တော်၊ စက်တင်ဘာ ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်က ခြံအမှတ်-၅၄ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မလာရောက်‌တာ အတော်လေးကြာနေပြီး နေပြည်တော်ကောင်စီနယ်မြေ NLD ရုံးချုပ် ပန္နတင်မင်္ဂလာအခမ်းအနား မတိုင်မီကတည်းကဖြစ်တဲ့အတွက် စိုးရိမ်ဖွယ်မရှိဘူးလို့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က VOMကို ပြောပါတယ်။

ခြံအမှတ်-၅၄မှာ နေထိုင်သူတွေကို တို့ပတ်နနူနာယူ စစ်ဆေးချက်တွေအရ နေထိုင်သူနှစ်ဦးဆီကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးတွေ့ရှိထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ခြံထဲမှာအမြဲနေတဲ့ ကိုဌေးက လူနာမည် သေချာတယ်။ ကျန်တစ်ယောက်က နာမည်မသိရသေးဘူး။ ဒို့လည်း စုံစမ်းနေဆဲပဲ”လို့ ဦးအောင်ကြည်ညွန့်ကပြောပါတယ်။

စက်တင်ဘာ ၆ ရက် မနက် ၈ နာရီခွဲက ‌ကျန်းမာ‌ရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်ပိုးတွေ့လူနာ ၆၆ ဦးထဲမှာ ရန်ကုန်တိုင်း‌၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ်
၅၄ မှာ ၂ဦး ပါဝင်နေတယ်လို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်တွေမှာ ထည့်သွင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ဗဟန်းမြို့နယ်က ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၂ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ ရန်
ကုန်က ခြံအမှတ်-၅၄ ကဖြစ်တယ်လို့သိရှိရပြီး ရောဂါပိုးတွေ့သူတွေဟာ အသက် ၄၀ ကျော်နဲ့ ၅၀ ကြားဖြစ်တယ်လို့သိရပေမယ့် လူနာရဲ့ နာမည်တွေကိုတော့ အတည်ပြုချက် မရသေးတာ‌ကြောင့်VOMသတင်းဌာနက ဆက်လက်စုံ စမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။

အခုရက်ပိုင်း NLD ပါတီဥက္ကဌလည်းဖြစ်သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီ ခြံအမှတ်-၅၄ကို လာရောက်ဖို့ရှိနေတဲ့အတွက် ခြံထဲမှာနေထိုင်သူတွေကို နှာခေါင်းနဲ့အာခေါင်တို့ပတ် နမူနာယူပြီး စစ်ဆေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo – Nyi Nyi Lwin(FB)
#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ၿခံအမွတ္-၅၄ကို ေဒၚေအာင္ဆန္းစုၾကည္မလာတာ အေတာ္ၾကာၿပီျဖစ္တဲ့အတြက္ စိုးရိမ္စရာမရွိဘူးလို႔ NLDပါတီဗဟိုကအတည္ျပဳ

ေနျပည္ေတာ္၊ စက္တင္ဘာ ၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

ရန္ကုန္တိုင္း၊ ဗဟန္းၿမိဳ႕နယ္၊ တကၠသိုလ္ရိပ္သာလမ္းေပၚက ၿခံအမွတ္-၅၄ကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မလာေရာက္‌တာ အေတာ္ေလးၾကာေနၿပီး ေနျပည္ေတာ္ေကာင္စီနယ္ေျမ NLD ႐ုံးခ်ဳပ္ ပႏၷတင္မဂၤလာအခမ္းအနား မတိုင္မီကတည္းကျဖစ္တဲ့အတြက္ စိုးရိမ္ဖြယ္မရွိဘူးလို႔ NLDပါတီရဲ႔ ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္ၾကည္ၫြန႔္က VOMကို ေျပာပါတယ္။

ၿခံအမွတ္-၅၄မွာ ေနထိုင္သူေတြကို တို႔ပတ္နႏူနာယူ စစ္ေဆးခ်က္ေတြအရ ေနထိုင္သူႏွစ္ဦးဆီကေန ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး စစ္ေဆးေတြ႕ရွိထားတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“ၿခံထဲမွာအၿမဲေနတဲ့ ကိုေဌးက လူနာမည္ ေသခ်ာတယ္။ က်န္တစ္ေယာက္က နာမည္မသိရေသးဘူး။ ဒို႔လည္း စုံစမ္းေနဆဲပဲ”လို႔ ဦးေအာင္ၾကည္ၫြန္႔ကေျပာပါတယ္။

စက္တင္ဘာ ၆ ရက္ မနက္ ၈ နာရီခြဲက ‌က်န္းမာ‌ေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ေတြအရ ကိုဗစ္ပိုးေတြ႕လူနာ ၆၆ ဦးထဲမွာ ရန္ကုန္တိုင္း‌၊ ဗဟန္းၿမိဳ႕နယ္၊ အိမ္အမွတ္
၅၄ မွာ ၂ဦး ပါဝင္ေနတယ္လို ႔ျပည္သူ႔က်န္းမာေရးဦးစီးဌာန ထုတ္ျပန္ခ်က္ေတြမွာ ထည့္သြင္းေဖာ္ျပထားတာကို ေတြ႕ရွိရပါတယ္။

ဗဟန္းၿမိဳ႕နယ္က ကိုဗစ္ေရာဂါပိုးေတြ႔ရွိသူ ၂ဦးဟာ ေဒၚေအာင္ဆန္းစုၾကည္ေနထိုင္တဲ့ ရန္
ကုန္က ၿခံအမွတ္-၅၄ ကျဖစ္တယ္လို႔သိရွိရၿပီး ေရာဂါပိုးေတြ႕သူေတြဟာ အသက္ ၄၀ ေက်ာ္နဲ႔ ၅၀ ၾကားျဖစ္တယ္လို႔သိရေပမယ့္ လူနာရဲ႔ နာမည္ေတြကိုေတာ့ အတည္ျပဳခ်က္ မရေသးတာ‌ေၾကာင့္VOMသတင္းဌာနက ဆက္လက္စုံ စမ္းေမးျမန္းေနဆဲျဖစ္ပါတယ္။

အခုရက္ပိုင္း NLD ပါတီဥကၠဌလည္းျဖစ္သလို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္လည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ အဲ့ဒီ ျခံအမွတ္-၅၄ကို လာေရာက္ဖို႔ရွိေနတဲ့အတြက္ ၿခံထဲမွာေနထိုင္သူေတြကို ႏွာေခါင္းနဲ႔အာေခါင္တို႔ပတ္ နမူနာယူၿပီး စစ္ေဆးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Photo – Nyi Nyi Lwin(FB)
#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW