ကွာရန်တင်းကို ၁၄ ရက်ပြန်လည်သတ်မှတ်ပြီး ရောဂါကူးစက်ခံထားရသူတွေအနေနဲ့ ဆေး၂ကြိမ်စစ်စရာမလိုတော့

ကွာရန်တင်းကို ၁၄ ရက်ပြန်လည်သတ်မှတ်ပြီး ရောဂါကူးစက်ခံထားရသူတွေအနေနဲ့ ဆေး၂ကြိမ်စစ်စရာမလိုတော့

ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀
သိင်္ဂီ (VOM)

ကွာရန်တင်းကာလကို ၂၁ ရက်ပြုလုပ်နေတဲ့အစား ၁၄ ရက်အဖြစ် ပြန်လည်သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ဒီလိုသတ်မှတ်တာဟာ WHO ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်ဆောင်တာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန မှ ဒေါက်တာခင်ခင်ကြီး က VOM ကိုပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကူးစက်ခံထားရသူတွေအနေနဲ့လည်း အရင်ကလို ရောဂါပိုးရှိမရှိ ၂ ကြိမ် စစ်ဆေးစရာမလိုတော့ဘဲ ရောဂါသက်သာလာပြီး ၄ ရက်အကြာမှာ ဆေးရုံကနေ ဆင်းခွင့်ရရှိတော့မှာဖြစ်တယ်လို့ ပြောပါတယ်။

” Quarantine နှစ်ပတ်ဖြစ်ပါပြီ ၊ ဒါဟာ ခုမှဖြေလျှော့လိုက်တာ မဟုတ်ပါဘူး၊ အရင်တပတ်ထဲက စတင်နေတာပါ။ ဒီနေ့မှာတော့ ကိုဗစ်အမျိုးသားကော်မတီက သဘောတူလိုက်ပြီလို့ စတင်မှာဖြစ်ပါတယ်။ ခုလိုဖြေလျှော့တာ မြန်မာနိုင်ငံတစ်နိုင်ငံထဲ လုပ်တာမဟုတ်ပါဘူး။ ဒီပြင်နိုင်ငံတွေ စင်္ကာပူတို့ ထိုင်းတို့ တခြားနိုင်ငံတွေမှာလည်း သက်မှတ်ချက် ပြင်ဆင်ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ ဒီလိုပြောင်းလဲလိုက်တာဟာလည်း WHO ရဲ့ guide လိုင်းအတိုင်းဖြစ်ပါတယ်။ အရင်ကပိုးမတွေ့တာ ၂ကြိမ်ဆက်တိုက်ဖြစ်မှ ဆေးရုံဆင်းခွင့်ရှိတာ။ ခုနောက်ပိုင်းမှာတော့ ဆေးရုံဆင်းခွင့်သတ်မှတ်ချက် အသစ်အရဆိုရင် နှစ်ကြိမ်ဆက်တိုက် ဖြစ်စရာမလိုဘဲ သူရဲ့ရောဂါလက်က္ခဏာတွေသက်သာပြီး နောက်ထပ် ၄ ရက်ဆေးရုံမှာ ထပ်နေပြီးတော့ ဆေးရုံကဆင်းရမယ်”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါဟာ ရောဂါစတင်ပေါ်တဲ့အချိန်ကနေ ၁၂ ရက်နောက်ပိုင်း တခြားလူကို ထပ်မံ မကူးစက်နိုင်ကြောင်း၊ သုတေသနပေါင်းချုပ်မှာဆိုရင်လည်း ရောဂါကူးစက်ခံရပြီး ၉ ရက်နောက်ပိုင်းဆိုရင် အခြားသူကို ရောဂါမကူးစက်နိုင်တော့ဘူးဆိုတဲ့ တွေ့ရှိချက်တွေကြောင့် ခုလို ဖြေလျှော့လိုက်တာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ဒီကနေ့ စက်တင်ဘာ ၇ရက်နေ့ကစပြီး ရောဂါပိုးတွေ့တဲ့လူနာနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေ ကွာရန်တင်းဝင်တဲ့အခါ ၁၄ ရက်သာ နေထိုင်ရတော့မှာဖြစ်ပါတယ်။

ဆေးရုံဆင်းခွင့်ကတော့ အနည်းဆုံး ၁၄ ရက်ကနေ စရှိနိုင်ပြီး နဂိုထဲက ရောဂါလက္ခဏာရှိ သူတွေကတော့ ရောဂါသက်သာလာမယ့် နေ့ရက်ပိုနိုင်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၄၆၄)ဦး၊ သေဆုံးသူ ၈ ဦးနဲ့ ရောဂါပျောက်ကင်းလို့ ဆေးရုံးကနေ ဆင်းသွားတဲ့သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကြာရန္တင္းကို ၁၄ ရက္ျပန္လည္သတ္မွတ္ၿပီး ေရာဂါကူးစက္ခံထားရသူေတြအေနနဲ႔ ေဆး၂ႀကိမ္စစ္စရာမလိုေတာ့

ရန္ကုန္၊ စက္တင္ဘာ ၇-၂၀၂၀
သိဂႌ (VOM)

ကြာရန္တင္းကာလကို ၂၁ ရက္ျပဳလုပ္ေနတဲ့အစား ၁၄ ရက္အျဖစ္ ျပန္လည္သတ္မွတ္လိုက္ၿပီျဖစ္ေၾကာင္းနဲ႔ ဒီလိုသတ္မွတ္တာဟာ WHO ရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း လုပ္ေဆာင္တာျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန မွ ေဒါက္တာခင္ခင္ႀကီး က VOM ကိုေျပာပါတယ္။

ဒါ့အျပင္ ကိုဗစ္ကူးစက္ခံထားရသူေတြအေနနဲ႔လည္း အရင္ကလို ေရာဂါပိုး႐ွိမ႐ွိ ၂ ႀကိမ္ စစ္ေဆးစရာမလိုေတာ့ဘဲ ေရာဂါသက္သာလာၿပီး ၄ ရက္အၾကာမွာ ေဆး႐ုံကေန ဆင္းခြင့္ရ႐ွိေတာ့မွာျဖစ္တယ္လို႔ ေျပာပါတယ္။

” Quarantine ႏွစ္ပတ္ျဖစ္ပါၿပီ ၊ ဒါဟာ ခုမွေျဖေလ်ွာ့လိုက္တာ မဟုတ္ပါဘူး၊ အရင္တပတ္ထဲက စတင္ေနတာပါ။ ဒီေန႔မွာေတာ့ ကိုဗစ္အမ်ိဳးသား​ေကာ္မတီက သေဘာတူလိုက္ၿပီလို႔ စတင္မွာျဖစ္ပါတယ္။ ခုလိုေျဖေလ်ွာ့တာ ျမန္မာႏိုင္ငံတစ္ႏိုင္ငံထဲ လုပ္တာမဟုတ္ပါဘူး။ ဒီျပင္ႏိုင္ငံေတြ စကၤာပူတို႔ ထိုင္းတို႔ တျခားႏိုင္ငံေတြမွာလည္း သက္မွတ္ခ်က္ ျပင္ဆင္​ေျပာင္းလဲလိုက္ၿပီျဖစ္ပါတယ္။ ဒီလို​ေျပာင္းလဲလိုက္တာဟာလည္း WHO ရဲ႕ guide လိုင္းအတိုင္းျဖစ္ပါတယ္။ အရင္ကပိုးမေတြ႔တာ ၂ႀကိမ္ဆက္တိုက္ျဖစ္မွ ေဆး႐ုံဆင္းခြင့္႐ွိတာ။ ခုေနာက္ပိုင္းမွာေတာ့ ​ေဆး႐ုံဆင္းခြင့္သတ္မွတ္ခ်က္ အသစ္အရဆိုရင္ ႏွစ္ႀကိမ္ဆက္တိုက္ ျဖစ္စရာမလိုဘဲ သူရဲ႕ေရာဂါလက္ကၡဏာေတြသက္သာၿပီး ေနာက္ထပ္ ၄ ရက္ေဆး႐ုံမွာ ထပ္ေနၿပီးေတာ့ ေဆး႐ုံကဆင္းရမယ္”လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါဟာ ေရာဂါစတင္ေပၚတဲ့အခ်ိန္ကေန ၁၂ ရက္ေနာက္ပိုင္း တျခားလူကို ထပ္မံ မကူးစက္ႏိုင္ေျကာင္း၊ သု​ေတသန​ေပါင္းခ်ဳပ္မွာဆိုရင္လည္း ေရာဂါကူးစက္ခံရၿပီး ၉ ရက္ေနာက္ပိုင္းဆိုရင္ အျခားသူကို ေရာဂါမကူးစက္ႏိုင္ေတာ့ဘူးဆိုတဲ့ ​ေတြ႕႐ွိခ်က္​ေတြေၾကာင့္ ခုလို ေျဖေလ်ွာ့လိုက္တာျဖစ္တယ္လို ႔သိရပါတယ္။

ဒါေၾကာင့္ ဒီကေန႔ စက္တင္ဘာ ၇ရက္ေန႔ကစၿပီး ေရာဂါပိုးေတြ႕တဲ့လူနာနဲ႔ ထိေတြ႔ ဆက္စပ္ခဲ့သူေတြ ကြာရန္တင္းဝင္တဲ့အခါ ၁၄ ရက္သာ ေနထိုင္ရေတာ့မွာျဖစ္ပါတယ္။

ေဆး႐ုံဆင္းခြင့္ကေတာ့ အနည္းဆုံး ၁၄ ရက္ကေန စ႐ွိႏိုင္ၿပီး နဂိုထဲက ေရာဂါလကၡဏာရွိ သူေတြကေတာ့ ​ေရာဂါသက္သာလာမယ့္ ေန႔ရက္ပိုႏိုင္တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ကိုဗစ္-၁၉ အတည္ျပဳလူနာ (၁၄၆၄)ဦး၊ ေသဆုံးသူ ၈ ဦးနဲ႔ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံးကေန ဆင္းသြားတဲ့သူေတြလည္း ႐ွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW