အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေ ထောင်ဝင်စာတွေ့ဆုံမှု ယာယီရပ်နား

အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေ ထောင်ဝင်စာတွေ့ဆုံမှု ယာယီရပ်နား

နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်နေတဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကို အခုလ ပထမအပတ်ကစတင်ပြီး ထောင်ဝင်စာတွေ့ခွင့် ယာယီရပ်နားလိုက်တယ်လို့ အကျဉ်းဦးစီးဌာနကပြောပါတယ်။

” ရောဂါကူးစက်မှုအနေအထားပေါ်မူတည်ပြီး ထောင်တာဝန်ခံက ဆုံးဖြတ်ပိုင်ခွင့်လည်းရှိပါတယ်။ လက်တလောအနေအထားအရ ရောဂါကူးစက်မှုတွေပြန်မြှင့်နေတာကြောင့် ထောင်ဝင်စာတွေ့ခွင့်ရပ်ပြီး ပါဆယ်ပေးပို့ခွင့်ပြုတာမျိုးပါ”လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောပါတယ်။

အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေကို လူတွေ့ဆုံခွင့်ရပ်နားတာဖြစ်ပေမယ့် စားသောက်စရာ အိမ်သုံးဆေးဝါးနဲ့ပစ္စည်းတွေကိုတော့ နှစ်ပတ်တစ်ကြိမ်ပေးပို့ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာပြန်လည်မြှင့်တက်လာပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်ကိုလည်း စက်တင်ဘာ ၄ ရက်နေ့ကတည်းက ထောင်ဝင်စာတွေ့ခွင့်ရပ်နားထားပြီး သိပ်မကြာခင်မှာပဲ တိုင်းနဲ့ပြည်နယ်အ သီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေကိုလည်း လူတွေ့ဆုံခွင့်ရပ်နားလိုက်တာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

လက်တလော လူမှုကွန်ရက်ပေါ်မှာလည်း ဘူးသီးတောင်အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ဦး ကိုဗစ်‌ရောဂါပိုးတွေ့ရှိခဲ့မှုနဲ့ပတ်သက်ပြီး ကောလဟလအချို့ ထွက်ပေါ်နေပြီး အကျဉ်းဦးစီးဌာနဘက်‌ကတော့ ဩဂုတ်လ ၁၄ ရက်နေ့ကတည်းက ထောင်ကနေလွတ်သွားသူဖြစ်တဲ့အပြင် အကျဉ်းထောင်တွေမှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စနစ်တစ်ကျလုပ်နေတယ်လို့လည်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Photo – အကျဉ်းဦးစီးဌာန
#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

အက်ဥ္းေထာင္ေတြနဲ႔ ရဲဘက္စခန္းေတြ ေထာင္ဝင္စာေတြ႕ဆုံမႈ ယာယီရပ္နား

ေနျပည္ေတာ္၊ စက္တင္ဘာ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္မႈ ျပန္လည္ျမႇင့္တက္ေနတဲ့အတြက္ တိုင္းနဲ႔ျပည္နယ္အသီးသီးမွာရွိတဲ့ အက်ဥ္းေထာင္ေတြနဲ႔ ရဲဘက္စခန္းေတြကို အခုလ ပထမအပတ္ကစတင္ၿပီး ေထာင္ဝင္စာေတြ႕ခြင့္ ယာယီရပ္နားလိုက္တယ္လို႔ အက်ဥ္းဦးစီးဌာနကေျပာပါတယ္။

” ေရာဂါကူးစက္မႈအေနအထားေပၚမူတည္ၿပီး ေထာင္တာဝန္ခံက ဆုံးျဖတ္ပိုင္ခြင့္လည္းရွိပါတယ္။ လက္တေလာအေနအထားအရ ေရာဂါကူးစက္မႈေတြျပန္ျမႇင့္ေနတာေၾကာင့္ ေထာင္ဝင္စာေတြ႕ခြင့္ရပ္ၿပီး ပါဆယ္ေပးပို႔ခြင့္ျပဳတာမ်ိဳးပါ”လို႔ အက်ဥ္းဦးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉး ဦးရဲရင့္ႏိုင္ကေျပာပါတယ္။

အက်ဥ္းေထာင္ေတြ၊ ရဲဘက္စခန္းေတြကို လူေတြ႕ဆုံခြင့္ရပ္နားတာျဖစ္ေပမယ့္ စားေသာက္စရာ အိမ္သုံးေဆးဝါးနဲ႔ပစၥည္းေတြကိုေတာ့ ႏွစ္ပတ္တစ္ႀကိမ္ေပးပို႔ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္အတြင္းမွာ ကိုဗစ္ပိုးေတြ႕လူနာျပန္လည္ျမႇင့္တက္လာၿပီးေနာက္ပိုင္း အင္းစိန္အက်ဥ္းေထာင္ကိုလည္း စက္တင္ဘာ ၄ ရက္ေန႔ကတည္းက ေထာင္ဝင္စာေတြ႕ခြင့္ရပ္နားထားၿပီး သိပ္မၾကာခင္မွာပဲ တိုင္းနဲ႔ျပည္နယ္အ သီးသီးမွာရွိတဲ့ အက်ဥ္းေထာင္ေတြကိုလည္း လူေတြ႕ဆုံခြင့္ရပ္နားလိုက္တာျဖစ္တယ္လို႔ အက်ဥ္းဦးစီးဌာနကေန သိရပါတယ္။

လက္တေလာ လူမႈကြန္ရက္ေပၚမွာလည္း ဘူးသီးေတာင္အက်ဥ္းေထာင္ကလြတ္ေျမာက္လာသူတစ္ဦး ကိုဗစ္‌ေရာဂါပိုးေတြ႕ရွိခဲ့မႈနဲ႔ပတ္သက္ၿပီး ေကာလဟလအခ်ိဳ႕ ထြက္ေပၚေနၿပီး အက်ဥ္းဦးစီးဌာနဘက္‌ကေတာ့ ဩဂုတ္လ ၁၄ ရက္ေန႔ကတည္းက ေထာင္ကေနလြတ္သြားသူျဖစ္တဲ့အျပင္ အက်ဥ္းေထာင္ေတြမွာ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား စနစ္တစ္က်လုပ္ေနတယ္လို႔လည္း ထုတ္ျပန္ထားတာျဖစ္ပါတယ္။

Photo – အက်ဥ္းဦးစီးဌာန
#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW