အနီရောင် ဆိုင်ကယ်ယာဉ်တန်းမှာ စီးနင်းသူတစ်ဦး ဆိုင်ကယ်မှောက် သေဆုံး

အနီရောင် ဆိုင်ကယ်ယာဉ်တန်းမှာ စီးနင်းသူတစ်ဦး ဆိုင်ကယ်မှောက် သေဆုံး

ဘုတလင် ၊ စက်တင်ဘာ၊ ၈ – ၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ – ရေဦး ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၃ /၇ နဲ့ ၁၁၄ /၀ ကြား၊ ကင်းစမ်းကျေးရွာလမ်းခွဲ ဇရပ်အနီးနေရာမှာ ဆိုင်ကယ်မှောက်လို့ လူတစ်ယောက် သေဆုံးနေတဲ့အတွက် ဘုတလင်မြို့မရဲစခန်းက သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“ အဲ့ဒီ ဆိုင်ကယ်ယာဉ်တန်းက ပါတီနဲ့ မသက်ဆိုင်ဘူး ၊ သူတို့အစီအစဉ်နဲ့ သူတို့သွားကြတာဖြစ်တယ် ၊ ပါတီအောင်နိုင်ရေး အင်္ကျီတွေဝတ်ထားလို့ ကျနော် သေချာစီစစ်ကြည့်တယ် ၊ ကျနော်တို့ပါတီက လုပ်တာမဟုတ်ဘူး ”လို့ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းအေးကပြောပါတယ်။

စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်မှောက်လို့သေဆုံးခဲ့တဲ့ ကိုသီဟဇော်အောင် နဲ့အဖွဲ့ဟာ ဆိုင်ကယ်အင်ဂျင်ပါဝါ မြင်းကောင်ရေများတဲ့ ဆိုင်ကယ် တစ်ဒါဇင်ခန့်ကို စီးနင်းပြီး မုံရွာ – ရေဦး ကားလမ်းအတိုင်း သွားရာကနေ ဆိုင်ကယ်မှောက်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

“ သေဆုံးသူက မုံရွာမြို့၊ ချမ်းသာစည်ရပ်ကွက်၊ ဆိုင်ကယ်ဝပ်ရှော့လုပ်ငန်း လုပ်ကိုင်သူ ကိုသီဟဇော်အောင် အသက် (၂၇) နှစ်လို့သိရတယ် ၊ စူပါဖိုး ဆိုင်ကယ်နံပါတ်မပါဘူး ၊ ဦးထုပ် စောင်းထားတယ် ၊ ယာဉ်အမှု ပထမသတင်းပေးတိုင်တန်းချက် အမှတ် (၂၄ /၂၀၂၀ ) ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၄ – က အရ စစ်ဆေးဆောင်ရွက်နေပါတယ် ” လို့ ဘုတလင်မြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် သတ်မှတ်မဲဆွယ်ကာလ နေ့ရက်ထက် နှစ်ရက်စောပြီး အနီရောင် ဆိုင်ကယ်ယာဉ်တန်း စီးနင်းသူတစ်ယောက် ဆိုင်ကယ်မှောက်လို့ သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဘုတလင်

Zawgyi

အနီေရာင္ ဆိုင္ကယ္ယာဥ္တန္းမွာ စီးနင္းသူတစ္ဦး ဆိုင္ကယ္ေမွာက္ ေသဆံုး

ဘုတလင္ ၊ စက္တင္ဘာ၊ ၈ – ၂၀၂၀
ကိုတိုးၾကီး (VOM)

စစ္ကိုင္းတိုင္း၊ ဘုတလင္ျမိဳ႕နယ္၊ မံုရြာ – ေရဦး ကားလမ္း၊ မိုင္တို္င္အမွတ္ ၁၁၃ /၇ နဲ႔ ၁၁၄ /၀ ၾကား၊ ကင္းစမ္းေက်းရြာလမ္းခြဲ ဇရပ္အနီးေနရာမွာ ဆိုင္ကယ္ေမွာက္လို႔ လူတစ္ေယာက္ ေသဆံုးေနတဲ႔အတြက္ ဘုတလင္ျမိဳ႕မရဲစခန္းက သြားေရာက္စစ္ေဆးခဲ႔တယ္လို႔ သိရပါတယ္။

“ အဲ႔ဒီ ဆိုင္ကယ္ယာဥ္တန္းက ပါတီနဲ႔ မသက္ဆိုင္ဘူး ၊ သူတို႔အစီအစဥ္နဲ႔ သူတို႔သြားၾကတာျဖစ္တယ္ ၊ ပါတီေအာင္နိုင္ေရး အက်ႌေတြ၀တ္ထားလို႔ က်ေနာ္ ေသခ်ာစီစစ္ၾကည္႔တယ္ ၊ က်ေနာ္တို႔ပါတီက လုပ္တာမဟုတ္ဘူး ”လို႔ မံုရြာျမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ပါတီျပန္ၾကားေရးတာ၀န္ခံ ကိုစစ္ျငိမ္းေအးကေျပာပါတယ္။

စက္တင္ဘာ ၆ ရက္ေန႔ မနက္ပိုင္းက ဆိုင္ကယ္ေမွာက္လို႔ေသဆံုးခဲ့တဲ့ ကိုသီဟေဇာ္ေအာင္ နဲ႔အဖြဲ႔ဟာ ဆိုင္ကယ္အင္ဂ်င္ပါ၀ါ ျမင္းေကာင္ေရမ်ားတဲ႔ ဆိုင္ကယ္ တစ္ဒါဇင္ခန္႔ကို စီးနင္းျပီး မံုရြာ – ေရဦး ကားလမ္းအတိုင္း သြားရာကေန ဆိုင္ကယ္ေမွာက္ျပီး ေသဆံုးခဲ႔ရတာ ျဖစ္ပါတယ္။

“ ေသဆံုးသူက မံုရြာျမိဳ႕၊ ခ်မ္းသာစည္ရပ္ကြက္၊ ဆိုိင္ကယ္၀ပ္ေရွာ႔လုပ္ငန္း လုပ္ကိုင္သူ ကိုသီဟေဇာ္ေအာင္ အသက္ (၂၇) ႏွစ္လို႔သိရတယ္ ၊ စူပါဖိုး ဆိုင္ကယ္နံပါတ္မပါဘူး ၊ ဦးထုပ္ ေစာင္းထားတယ္ ၊ ယာဥ္အမႈ ပထမသတင္းေပးတိုင္တန္းခ်က္ အမွတ္ (၂၄ /၂၀၂၀ ) ရာဇသတ္ ၾကီး ဥပေဒပုဒ္မ ၃၀၄ – က အရ စစ္ေဆးေဆာင္ရြက္ေနပါတယ္ ” လို႔ ဘုတလင္ျမိဳ႕မရဲစခန္းက ရဲ၀န္ထမ္းတစ္ဦးက ေျပာပါတယ္။

ဒါ႔အျပင္ သတ္မွတ္မဲဆြယ္ကာလ ေန႔ရက္ထက္ ႏွစ္ရက္ေစာျပီး အနီေရာင္ ဆိုင္ကယ္ယာဥ္တန္း စီးနင္းသူတစ္ေယာက္ ဆိုင္ကယ္ေမွာက္လို႔ ေသဆံုးခဲ႔ရတာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ဘုတလင္

Related posts

Leave a Comment

VOM News

FREE
VIEW