ရခိုင်ကျောင်းသားသမဂ္ဂကျောင်းသား ၃ယောက် ဆန္ဒပြလို့ဖမ်းခံရပေမယ့် ပုဒ်မမသိရသေး

ရခိုင်ကျောင်းသားသမဂ္ဂကျောင်းသား ၃ယောက် ဆန္ဒပြလို့ဖမ်းခံရပေမယ့် ပုဒ်မမသိရသေး

စစ်တွေ၊ စက်တင်ဘာ ၉- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်ကျောင်းသား သမဂ္ဂက ဒီကနေ့ ဆန္ဒပြကြတဲ့ ကျောင်းသားတွေဟာ ကြွေးကြော်သံ အချက် (၅) ချက်ဖြစ်တဲ့ 4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No Bloody Government၊ No Murder Army၊ ပြည်နယ်အစိုးရအားအယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ ဆိုတဲ့ ဆောင်ဘုတ်တွေနဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ သမဂ္ဂကျောင်းသားတွေကတော့ ကိုတိုးတိုးအောင်၊ သတင်းနဲ့ပြန်းကြားရေးတာဝန်ခံတွေဖြစ်တဲ့ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင် တို့ဖြစ်ကြပြီး သူတို့သုံးဦးကို ဆန္ဒပြနေစဉ်မှာ ဘဲရဲတပ်ဖွဲ့ဝင် (၄) ယောက်လောက်က ကားတစ်စီးနဲ့ လာရောက်ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

လက်ရှိမှာ သူတို့သုံးဦးကို စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထားကြောင်းသိရပါတယ်။

#voiceofmyanmar #VOM #ရခိုင်ကျောင်းသားသမဂ္ဂ


စစ်တွေ၊ စက်တင်ဘာ ၉- ၂၀၂၀

ထက်အောင်စိုင်း (VOM)





Related posts

Leave a Comment

VOM News

FREE
VIEW