နေပြည်တော်က အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးရဲ့ဇနီး နေအိမ်မှာ အသတ်ခံရ

နေပြည်တော်က အလုပ်သမားဝန်ကြီးဌာန ညွန်ကြားရေးမှူးရဲ့ဇနီး နေအိမ်မှာ အသတ်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၁၀-၂၀၂၀
တာတီး + ကောင်းလက်ျာ(VOM)

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီး ကံလှကွက်သစ်ရှိ အလုပ်သမားရေးရာ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာဆိုင်ရာ ဝန်ကြီးရုံးက ညွန်ကြားရေးမှူးအဆင့်ရှိသူရဲ့ နေအိမ်အတွင်းမှာ
စက်တင်ဘာလ ၉ ရက်‌နေ့ ညပိုင်းက အမျိုးသမီးတစ်ဦး အသတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ပတ္တာနယ်မြေရဲစခန်းကနေ သိရပါတယ်။

သေဆုံးသူအမျိုးသမီးဟာ ညွန်ကြားရေးမှူးရဲ့ ဇနီးဖြစ်ပြီး ငွေကြေးနဲ့ လက်ဝတ်ရ
တနာအချို့လည်း ပျောက်ဆုံးခဲ့တာ သိရပါတယ်။

” ပြစ်မှုကျူးလွန်သူကို စုံစမ်းနေဆဲပါ။ ကျူးလွန်ခံရသူက အသက် ၅၀ နီးပါးရှိပြီ။ ‌အိမ်မှာ တစ်ယောက်ထဲရှိနေတုန်း အသတ်ခံခဲ့ရတာပါ”လို့ ပတ္တာနယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။

နေပြည်တော်‌ကောင်စီနယ်‌မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု၊ ကံလှကွက်သစ်ဟာ ဒက္ခိဏခရိုင်တရားရုံးအနီးမှာတည်ရှိပြီး လူနေအိမ်ခြေနည်းပါးတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ ဒဏ်ရာဒဏ်ချက်တွေနဲ့ လဲကျနေဝာာကို အလုပ်ကပြန်လာတဲ့ ခင်ပွန်းဖြစ်သူ ညွန်ကြားရေးမှူးကနေ ‌တွေ့ရှိခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် ‌သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပတ္တာနယ်မြေရဲစခန်းမှာ (ပ)၇၃/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၀၂/၃၉၂ အရ အမှုဖွင့်ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပတ္တာနယ်မြေရဲစခန်းမှသိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ညွန်ကြားရေးမှူးရဲ့ဇနီး #အသတ်ခံရ

Zawgyi


တာတီး + ကောင်းလက်ျာ(VOM)








Related posts

Leave a Comment

VOM News

FREE
VIEW