ပဲခူးတိုင်းအဝင်မှာ ကျန်းမာရေးထောက်ခံစာမပြနိုင်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးတဲ့အတွက် ကားအစီး ၈၀ လောက်ပိတ်မိနေ

ပဲခူးတိုင်းအဝင်မှာ ကျန်းမာရေးထောက်ခံစာမပြနိုင်တဲ့ကားတွေကို ဖြတ်သန်းခွင့်မပေးတဲ့အတွက် ကားအစီး ၈၀ လောက်ပိတ်မိနေ

ရန်ကုန်၊ စက်တင်ဘာ ၁၂-၂၀၂၀
သိင်္ဂီ (VOM)

ရန်ကုန်တိုင်းအထွက် ပဲခူးတိုင်းအဝင်မှာ ရန်ကုန်ကပြန်လာတဲ့ကားတွေကို ကျန်းမာရေးထောက်ခံစာမပြနိုင်ရင် ဖြတ်သန်းခွင့်မပေးတာကြောင့် ကားအစီး ၇၀ လောက်ပိတ်မိနေတယ်လို့ ပိတ်မိနေတဲ့ကားသမားတစ်ဦးကပြောပါတယ်။

“အစီး ၇၀၊ ၈၀ လောက်တန်းစီနေရတယ်။ ကျန်းမာရေးစစ်ဆေးချက်ပေါ့။ ကျနော်တို့မှာ ရောဂါမရှိဘူးဆိုတဲ့အကြောင်းပေါ့ လက်မှတ်ပါတဲ့စာရွက်ပါရင် ဖြတ်သန်းသွားလာခွင့်ပေးမယ်။ ကုန်စည်ရုံး၊ ကျနော်တို့ဂိတ် ၊ရပ်ကွက်ထောက်ခံစာပါတယ်။ ခုဖြတ်သန်းသွားမရဘဲ ပိတ်မိနေတာပါ။ ဂိတ်မှူးကိုလည်း ဖြစ်စဉ်ကိုပြောပြထားတယ်။ ကျနော် စရောက်တာ ၅ နာရီဝန်းကျင်၊ ကျနော်စရောက်ထဲက ကျနော့ရှေ့ အစီး ၅၀ လောက်ရှိနေတယ်။ ထုတ်ပြန်တာက ကြိုလဲမသိရတော့ အခက်အခဲဖြစ်သွားတယ်။ ဥက္ကံနဲ့ သုံးဆယ်ကြားမှာ နယ်ကန့်ထားတာလေးရှိတယ်၊ အဲ့ကြားက ပဲခူးတိုင်းကကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နားက စပိတ်တာ။”လို့ လက်ရှိ ကားပိတ်မိနေတဲ့ ကုန်ကားမောင်းသူ ကိုဝင်းကိုကပြောပါတယ်။

ဒီကနေ့ ညနေပိုင်းကတည်းက ကားတွေပိတ်နေတာဖြစ်ပြီး ကားအများစုဟာ ကျန်းမာရေးထောက်ခံစာမပါတဲ့အတွက် ခုချိန်ထိ ကားတွေပိတ်မိနေဆဲဖြစ်တဲ့အပြင် ပိတ်မိနေတဲ့ကားတွေထဲမှာ ကုန်ကားတွေနဲ့ အိမ်စီးကား အနည်းငယ်ပါဝင်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ကိုဆက်သွယ်မေးမြန်းရာမှာတော့ “ကားတွေပိတ်မိနေတဲ့ အခြေအနေကိုတော့သိတယ်။ ကျန်းမာရေးထောက်ခံစာတောင်းတယ်ဆိုတာတော့ မသိဘူး။ ရောဂါပိုးကင်းရှင်းကြောင်းဆိုတာ ကျန်းမာရေးဝန်ကြီးဌာနကတောင်မထောက်ခံနိုင်ဘူးလေ။ ကျန်တဲ့ဘယ်သူကမှ ထောက်ခံချက်ပေးလို့မရတဲ့ဟာကို ထောက်ခံချက်တောင်းတယ်ဆိုရင် တောင်းတဲ့သူကမှားတာဖြစ်လိမ့်မယ်။ ကိုဗစ် ကင်းရှင်းကြောင်းဆိုတာ ဘယ်သူမှပေးလို့မရတာလေ “လို့ သုံးသပ်ပြောဆိုပါတယ်။

ကားသမားတွေမှာ ကုန်စည်ရုံးထောက်ခံစာ၊ ဂိတ် ထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာတွေ ပါပေမယ့်လည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနက ထောက်ခံစာမပါတဲ့အတွက် ဖြတ်သန်းခွင့် မရသေးကြဘဲ့ အခုအချိန်ထိ ကားတွေပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး

Zawgyi

ပဲဲခူးတိုင္းအဝင္မွာ က်န္းမာေရးေထာက္ခံစာမျပႏိုင္တဲ့ကားေတြကို ျဖတ္သန္းခြင့္မေပးတဲ့အတြက္ ကားအစီး ၈၀ ေလာက္ပိတ္မိေန

ရန္ကုန္၊ စက္တင္ဘာ ၁၂-၂၀၂၀
သိဂႌ (VOM)

ရန္ကုန္တိုင္းအထြက္ ပဲခူးတိုင္းအဝင္မွာ ရန္ကုန္ကျပန္လာတဲ့ကားေတြကို က်န္းမာေရးေထာက္ခံစာမျပႏိုင္ရင္ ျဖတ္သန္းခြင့္မေပးတာေၾကာင့္ ကားအစီး ၇၀ ေလာက္ပိတ္မိေနတယ္လို႔ ပိတ္မိေနတဲ့ကားသမားတစ္ဦးကေျပာပါတယ္။

“အစီး ၇၀၊ ၈၀ ေလာက္တန္းစီေနရတယ္။ က်န္းမာေရးစစ္ေဆးခ်က္ေပါ့။ က်ေနာ္တို႔မွာ ေရာဂါမ႐ွိဘူးဆိုတဲ့အ​ေၾကာင္းေပါ့ လက္မွတ္ပါတဲ့စာရြက္ပါရင္ ျဖတ္သန္းသြားလာခြင့္ေပးမယ္။ ကုန္စည္႐ုံး၊ က်ေနာ္တို႔ဂိတ္ ၊ရပ္ကြက္ေထာက္ခံစာပါတယ္။ ခုျဖတ္သန္းသြားမရဘဲ ပိတ္မိေနတာပါ။ ဂိတ္မႉးကိုလည္း ျဖစ္စဥ္ကိုေျပာျပထားတယ္။ က်ေနာ္ စ​ေရာက္တာ ၅ နာရီဝန္းက်င္၊ က်ေနာ္စေရာက္ထဲက က်ေနာ့ေ႐ွ႕ အစီး ၅၀ ေလာက္႐ွိေနတယ္။ ထုတ္ျပန္တာက ႀကိဳလဲမသိရေတာ့ အခက္အခဲျဖစ္သြားတယ္။ ဥကၠံနဲ႔ သုံးဆယ္ၾကားမွာ နယ္ကန္႔ထားတာေလး႐ွိတယ္၊ အဲ့ၾကားက ပဲခူးတိုင္းကႀကိဳဆိုပါ၏ဆိုတဲ့ ဆိုင္းဘုတ္နားက စပိတ္တာ။”လို႔ လက္႐ွိ ကားပိတ္မိေနတဲ့ ကုန္ကားေမာင္းသူ ကိုဝင္းကိုကေျပာပါတယ္။

ဒီကေန႔ ညေနပိုင္းကတည္းက ကားေတြပိတ္ေနတာျဖစ္ၿပီး ကားအမ်ားစုဟာ က်န္းမာေရးေထာက္ခံစာမပါတဲ့အတြက္ ခုခ်ိန္ထိ ကားေတြပိတ္မိေနဆဲျဖစ္တဲ့အျပင္ ပိတ္မိ​ေနတဲ့ကား​ေတြထဲမွာ ကုန္ကားေတြနဲ႔ အိမ္စီးကား အနည္းငယ္ပါဝင္တယ္လို႔ သိရပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ပဲခူးတိုင္း၊ သာယာဝတီၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ျမင့္ကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ “ကား​ေတြပိတ္မိ​ေနတဲ့ အေျခအေနကို​ေတာ့သိတယ္။ က်န္းမာေရးေထာက္ခံစာေတာင္းတယ္ဆိုတာေတာ့ မသိဘူး။ ေရာဂါပိုးကင္း႐ွင္းေၾကာင္းဆိုတာ က်န္းမာေရးဝန္ႀကီးဌာနကေတာင္မေထာက္ခံႏိုင္ဘူးေလ။ က်န္တဲ့ဘယ္သူကမွ ​ေထာက္ခံခ်က္​ေပးလို႔မရတဲ့ဟာကို ေထာက္ခံခ်က္ေတာင္းတယ္ဆိုရင္ ေတာင္းတဲ့သူကမွားတာျဖစ္လိမ့္မယ္။ ကိုဗစ္ ကင္း႐ွင္းေၾကာင္းဆိုတာ ဘယ္သူမွေပးလို႔မရတာေလ “လို႔ သုံးသပ္ေျပာဆိုပါတယ္။

ကားသမားေတြမွာ ကုန္စည္႐ုံးေထာက္ခံစာ၊ ဂိတ္ ေထာက္ခံစာ၊ ရပ္ကြက္ေထာက္ခံစာေတြ ပါေပမယ့္လည္း သက္ဆိုင္ရာ က်န္းမာ​ေရးဌာနက ေထာက္ခံစာမပါတဲ့အတြက္ ျဖတ္သန္းခြင့္ မရေသးၾကဘဲ့ အခုအခ်ိန္ထိ ကားေတြပိတ္မိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW