ရခိုင်ပြည်နယ်က ပါတီတွေ လူလူချင်းထိတွေ့မှုမရှိဘဲ မဲဆွယ်စည်းရုံးနိုင်

ရခိုင်ပြည်နယ်က ပါတီတွေ လူလူချင်းထိတွေ့မှုမရှိဘဲ မဲဆွယ်စည်းရုံးနိုင်

စစ်တွေ၊ စက်တင်ဘာ ၁၂- ၂၀၂၀
ထက်အောင်စိုင်း (VOM)

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ရာမှာ တစ်ဦးနဲ့ တစ်ဦးထိတွေ့မှုမရှိဘဲ မဲဆွယ်လိုတဲ့နေအိမ်ရှေ့တွေမှာ ပါတီတံဆိပ်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ မဲဆွယ်စည်းရုံးနိုင်တယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

“ တစ်ခုတော့လုပ်လို့ရတာပေါ့ အိမ်ရှေ့တွေကနေ ဖြတ်လျှောက်သွားပြီးတော့ ကိုယ့်ရဲ့ ပန်းဖလက်လေးတွေကိုထားပြီး ကျနော့်ကို မဲပေးကြအုံးနော်လို့အော်ပြီး လျှောက်သွား အဲ့ဒီလိုတော့ ရမှာပေါ့။ Face to Face ဆိုတဲ့ လူချင်းနီးစပ် ထိစပ်မယ့်ကိစ္စမျိုးမလုပ်ဖို့ ဒါပါပဲ။ ရခိုင်ပြည်နယ်တစ်ခုလုံးက Stay at Home ကြေညာထားတာလေ။ ဒါကြောင့် ကျနော်တို့က ကျန်မာရေးဝန်ကြီးဌာနက ထွက်ထားတဲ့ ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတာပေါ့။” လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းနဲ့ ပြည်နယ် (၁၄) ခုရှိတဲ့အထဲက stay at home အမိန့်ထုတ်ပြန်ထားတဲ့ ပြည်နယ်နဲ့တိုင်းတွေးမှာ မဲဆွယ်စည်းရုံးခွင့်မပြုကြောင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တိုင်းမှာ ညမထွက်ရအမိန့်နဲ့ အိမ်မှာနေထိုင်ရေး (stay at home) အမိန့်ပါ ထုတ်ပြန်ထားတာကြောင့် ပြည်နယ်တွင်းက ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးခွင့် ရမှာမဟုတ်တဲ့အတွက် ဒါဟာ ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် နစ်နာတယ်လို့မြင်ကြောင်း စစ်တွေမြို့ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်စိုးက ထောက်ပြထားပါတယ်။

“ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို လိုက်နာပြီးတော့ ကျနော်တို့က ဥပမာပြောရမယ်ဆိုရင် လက်အိတ်စွတ်တာ၊ မျက်နှာဖုံးတပ်ဆင်တာ၊ လက်ကိုမကြာမကြာဆေးဖို့နဲ့ ခြောက်ပေအကွာနေထိုင်ပြီးတော့ လူအယောက် (၃၀) ပဲဖြစ်ဖြစ် (၂၀) ပဲဖြစ်ဖြစ် စည်းရုံးရမယ်ဆိုရင်တော့ ကျနော်တို့အတွက် ပိုအားရှိမယ်လို့ထင်ပါတယ်။” လို့ ဦးနိုင်စိုးက သူ့ရဲ့အမြင်ကို အကြံပြုပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း Stay at Home ကြေညာထားတဲ့မြို့နယ်တွေမှာ ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ဦးနိုင်စိုးကပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာလ ဒေသန္တရအမိန့်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုကြောင်းနဲ့ နေအိမ်မှာနေထိုင်ရေး (stay at home) သတ်မှတ်ကြေညာထားတဲ့ ပြည်နယ်/ တိုင်းဒေသကြီး /မြို့နယ်/ရပ်ကွပ်/ ကျေးရွာတွေမှာ လှည့်လည်မဲဆွယ်စည်းရုံးတာ၊ ပြင်ပနေရာတွေ၊ အဆောက်အဦးတွေအတွင်း မဲဆွယ်စည်းရုံးတာနဲ့ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးတာတွေကို လုံးဝဆောင်ရွက်မှုမပြုကြောင်း ကြေညာထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ နေအိမ်မှာနေထိုင်ရေး (stay at home) ကြေညာထားတာကြောင့် မဲဆွယ်စည်းရုံးခွင့် မရှိတဲ့ပြည်နယ်တစ်ခုဖြစ်တယ်လို့ ယူဆလို့ရကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှ သူ့ရဲ့အမြင်ကို ပြောပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကော်မရှင်အနေနဲ့ ပြန်ပြီးသုံးသပ်ဖို့လိုပြီလို့မြင်ပါတယ်။ ရွေးကောက်ပွဲကာလမှာတောင် မဲဆွယ်စည်းရုံးခွင့်မပေးဘူးဆိုရင်တော့ ရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတာကို ပြန်ပြီးတော့ သုံးသပ်ဖို့လိုပြီလို့ မြင်ပါတယ်။ ရွေးကောက်ပွဲကို ရခိုင်မှာ လုပ်နိုင်မလုပ်နိုင်ကို ပွင့်ပွင့်လင်းလင်း မြန်မြန်ဆန်ဆန်ကြေညာဖို့ လိုပြီလို့ မြင်ပါတယ်။” လို့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရခိုင်အမျိုးသားပါတီက ပြည်နယ်တွင်း မဲဆန္ဒနယ်မြေအများစုမှာ အနိုင်ရခဲ့ပြီး ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်အတွင်းက မဲဆန္ဒနယ်မြေတချို့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပြင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ အခြားပြည်နယ်တွင်းက ပါတီငယ်တွေဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်တွေ

Zawgyi

ရခိုင္ျပည္နယ္က ပါတီေတြ လူလူခ်င္းထိေတြ႕မႈမရွိဘဲ မဲဆြယ္စည္း႐ုံးႏိုင္

စစ္ေတြ၊ စက္တင္ဘာ ၁၂- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ပါတီစုံဒီမိုကေရစီ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္းက ႏိုင္ငံေရးပါတီေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးေရးလုပ္ရာမွာ တစ္ဦးနဲ႔ တစ္ဦးထိေတြ႕မႈမရွိဘဲ မဲဆြယ္လိုတဲ့ေနအိမ္ေရွ႕ေတြမွာ ပါတီတံဆိပ္ေတြ၊ လက္ကမ္းစာေစာင္ေတြနဲ႔ မဲဆြယ္စည္း႐ုံးႏိုင္တယ္လို႔ ရခိုင္ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမႉး ဦးသူရိန္ထြဋ္က ေျပာပါတယ္။

“ တစ္ခုေတာ့လုပ္လို႔ရတာေပါ့ အိမ္ေရွ႕ေတြကေန ျဖတ္ေလွ်ာက္သြားၿပီးေတာ့ ကိုယ့္ရဲ႕ ပန္းဖလက္ေလးေတြကိုထားၿပီး က်ေနာ့္ကို မဲေပးၾကအုံးေနာ္လို႔ေအာ္ၿပီး ေလွ်ာက္သြား အဲ့ဒီလိုေတာ့ ရမွာေပါ့။ Face to Face ဆိုတဲ့ လူခ်င္းနီးစပ္ ထိစပ္မယ့္ကိစၥမ်ိဳးမလုပ္ဖို႔ ဒါပါပဲ။ ရခိုင္ျပည္နယ္တစ္ခုလုံးက Stay at Home ေၾကညာထားတာေလ။ ဒါေၾကာင့္ က်ေနာ္တို႔က က်န္မာေရးဝန္ႀကီးဌာနက ထြက္ထားတဲ့ ေၾကညာခ်က္အတိုင္း လိုက္နာေဆာင္႐ြက္ဖို႔ လိုတာေပါ့။” လို႔ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးသူရိန္ထြဋ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ တိုင္းနဲ႔ ျပည္နယ္ (၁၄) ခုရွိတဲ့အထဲက stay at home အမိန႔္ထုတ္ျပန္ထားတဲ့ ျပည္နယ္နဲ႔တိုင္းေတြးမွာ မဲဆြယ္စည္း႐ုံးခြင့္မျပဳေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနကထုတ္ျပန္ထားတာလည္းျဖစ္ပါတယ္။

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တိုင္းမွာ ညမထြက္ရအမိန႔္နဲ႔ အိမ္မွာေနထိုင္ေရး (stay at home) အမိန႔္ပါ ထုတ္ျပန္ထားတာေၾကာင့္ ျပည္နယ္တြင္းက ပါတီေတြအေနနဲ႔ မဲဆြယ္စည္း႐ုံးခြင့္ ရမွာမဟုတ္တဲ့အတြက္ ဒါဟာ ရခိုင္ျပည္နယ္တစ္ခုတည္းအတြက္ နစ္နာတယ္လို႔ျမင္ေၾကာင္း စစ္ေတြၿမိဳ႕ အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးႏိုင္စိုးက ေထာက္ျပထားပါတယ္။

“ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာကို လိုက္နာၿပီးေတာ့ က်ေနာ္တို႔က ဥပမာေျပာရမယ္ဆိုရင္ လက္အိတ္စြတ္တာ၊ မ်က္ႏွာဖုံးတပ္ဆင္တာ၊ လက္ကိုမၾကာမၾကာေဆးဖို႔နဲ႔ ေျခာက္ေပအကြာေနထိုင္ၿပီးေတာ့ လူအေယာက္ (၃၀) ပဲျဖစ္ျဖစ္ (၂၀) ပဲျဖစ္ျဖစ္ စည္း႐ုံးရမယ္ဆိုရင္ေတာ့ က်ေနာ္တို႔အတြက္ ပိုအားရွိမယ္လို႔ထင္ပါတယ္။” လို႔ ဦးႏိုင္စိုးက သူ႔ရဲ႕အျမင္ကို အႀကံျပဳေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း Stay at Home ေၾကညာထားတဲ့ၿမိဳ႕နယ္ေတြမွာ ဆိုရင္ေတာ့ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာေဆာင္႐ြက္ဖို႔ လိုတယ္လို႔ ဦးႏိုင္စိုးကေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္-၁၉ ကာလ ေဒသႏၲရအမိန႔္ေတြကိုလိုက္နာေဆာင္႐ြက္ဖို႔လိုေၾကာင္းနဲ႔ ေနအိမ္မွာေနထိုင္ေရး (stay at home) သတ္မွတ္ေၾကညာထားတဲ့ ျပည္နယ္/ တိုင္းေဒသႀကီး /ၿမိဳ႕နယ္/ရပ္ကြပ္/ ေက်း႐ြာေတြမွာ လွည့္လည္မဲဆြယ္စည္း႐ုံးတာ၊ ျပင္ပေနရာေတြ၊ အေဆာက္အဦးေတြအတြင္း မဲဆြယ္စည္း႐ုံးတာနဲ႔ အိမ္တိုင္ရာေရာက္ မဲဆြယ္စည္း႐ုံးတာေတြကို လုံးဝေဆာင္႐ြက္မႈမျပဳေၾကာင္း ေၾကညာထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္အားလုံးမွာ ေနအိမ္မွာေနထိုင္ေရး (stay at home) ေၾကညာထားတာေၾကာင့္ မဲဆြယ္စည္း႐ုံးခြင့္ မရွိတဲ့ျပည္နယ္တစ္ခုျဖစ္တယ္လို႔ ယူဆလို႔ရေၾကာင္း ရခိုင္အမ်ိဳးသားပါတီ (ANP) ပါတီ ဥကၠ႒ ဦးသာထြန္းလွ သူ႔ရဲ႔အျမင္ကို ေျပာပါတယ္။

“ ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ရခိုင္ျပည္နယ္မွာ ေ႐ြးေကာက္ပြဲလုပ္မယ္ဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေကာ္မရွင္အေနနဲ႔ ျပန္ၿပီးသုံးသပ္ဖို႔လိုၿပီလို႔ျမင္ပါတယ္။ ေ႐ြးေကာက္ပြဲကာလမွာေတာင္ မဲဆြယ္စည္း႐ုံးခြင့္မေပးဘူးဆိုရင္ေတာ့ ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ေၾကညာထားတာကို ျပန္ၿပီးေတာ့ သုံးသပ္ဖို႔လိုၿပီလို႔ ျမင္ပါတယ္။ ေ႐ြးေကာက္ပြဲကို ရခိုင္မွာ လုပ္ႏိုင္မလုပ္ႏိုင္ကို ပြင့္ပြင့္လင္းလင္း ျမန္ျမန္ဆန္ဆန္ေၾကညာဖို႔ လိုၿပီလို႔ ျမင္ပါတယ္။” လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ဥကၠ႒ ဦးသာထြန္းလွက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က ရခိုင္အမ်ိဳးသားပါတီက ျပည္နယ္တြင္း မဲဆႏၵနယ္ေျမအမ်ားစုမွာ အႏိုင္ရခဲ့ၿပီး ရခိုင္ျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္အတြင္းက မဲဆႏၵနယ္ေျမတခ်ိဳ႕မွာေတာ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီက အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာေတာ့ ရခိုင္အမ်ိဳးသားပါတီ၊ ရခိုင့္ဦးေဆာင္ပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအျပင္ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေတြနဲ႔ အျခားျပည္နယ္တြင္းက ပါတီငယ္ေတြဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ

Related posts

Leave a Comment

VOM News

FREE
VIEW