နေပြည်တော်အခြေစိုက် သတင်းထောက် ၁ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရ

နေပြည်တော်အခြေစိုက် သတင်းထောက် ၁ ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရ

နေပြည်တော်၊ စက်တင်ဘာ ၁၂-၂၀၂၀
ကိုလတ် (VOM)

ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်က နေပြည်တော်သတင်းထောက် ၁ ဦးမှာ ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးဌာနကနေ သိရပါတယ်။

“တစ်ယောက်တော့ တွေ့ပါတယ် ခင်ဗျ။ ကာယံကံရှင်ရဲ့ ကိုယ်ရေးအချက်အလက်ကိုတော့ ပြောခွင့်မရှိပါဘူး။ မီဒီယာသမားထဲက တစ်ဦး ပိုးတွေ့လို့ ကျွန်တော်တို့ ဆေးရုံတင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် ၁၀၀၀ ကို တင်မှာပါ”လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်)မှ တိုင်းဦးစီးဌာနမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က နေပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီနေ့က လာရောက်ခဲ့တဲ့ အရာရှိတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် တက်ရောက်သတင်းယူခဲ့တဲ့ သတင်းထောက်တွေကိုလဲ Swab နမူနာယူ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

“Swab ယူရတာကတော့ နေပြည်တော်မှာ ယူရတာပေါ့။ ယူပြီးတော့ ရန်ကုန် အမျိုးသားဓာတ်ခွဲ ကျန်းမာရေးဌာနကို ပို့ရပါတယ်။ အဲ့ဒီကနေ အဖြေလာတဲ့အထိစောင့်ပြီး အဖြေလာမှ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲကို သတင်းထောက် ၄၀ ဦးလောက်က တက်ရောက်သတင်းယူခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့က Swab နမူနာယူစစ်ဆေးခဲ့ကာ ဒီကနေ့မှာတော့ သတင်းထောက် ၁ဦးမှာ ကိုဗစ်ရောဂါပိုးကူးစက်ခံရတယ်လို့ ရလဒ်အဖြေထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပိုးတွေ့ရှိလူနာရဲ့ အချက်လက်ကိုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ကြေငြာထားပြီး ကျန်တဲ့ သတင်းထောက်တွေကို Stay Home ခေတ္တနေခိုင်းထားတယ်လို့ သိပါရတယ်။

#voiceofmyanmar #VOM #နေပြည်တော် #သတင်းထောက်တစ်ဦး #ကိုဗစ်ကူးခံရ

Zawgyi

ေနျပည္ေတာ္အေျခစိုက္ သတင္းေထာက္ ၁ ဦးမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရ

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၂-၂၀၂၀
ကိုလတ္ (VOM)

ျပည္တြင္းထုတ္ ဂ်ာနယ္တစ္ေစာင္က ေနျပည္ေတာ္သတင္းေထာက္ ၁ ဦးမွာ ကိုဗစ္ပိုးကူးစက္ခံရတယ္လို႔ ေနျပည္ေတာ္ျပည္သူ႔က်န္းမာေရးဦးဌာနကေန သိရပါတယ္။

“တစ္ေယာက္ေတာ့ ေတြ႔ပါတယ္ ခင္ဗ်။ ကာယံကံရွင္ရဲ႕ ကိုယ္ေရးအခ်က္အလက္ကိုေတာ့ ေျပာခြင့္မရွိပါဘူး။ မီဒီယာသမားထဲက တစ္ဦး ပိုးေတြ႔လို႔ ကၽြန္ေတာ္တုိ႔ ေဆးရံုတင္ဖို႔ စီစဥ္ေဆာင္ရြက္ေနပါတယ္။ ေနျပည္ေတာ္ ျပည္သူ႔ေဆးရံုႀကီး ကုတင္ ၁၀၀၀ ကို တင္မွာပါ”လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန(ေနျပည္ေတာ္)မွ တိုင္းဦးစီးဌာနမွဴး ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

ၿပီးခဲ႔တဲ႔ စက္တင္ဘာလ ၄ ရက္ေန႔က ေနျပည္ေတာ္မွာရွိတဲ႔ သမၼတအိမ္ေတာ္မွာ သတင္းစာရွင္းလင္းပြဲတစ္ခုျပဳလုပ္ခဲ႔ၿပီး အဲ႔ဒီေန႔က လာေရာက္ခဲ႔တဲ႔ အရာရွိတစ္ဦးမွာ ကိုဗစ္ပိုးေတြ႕ရွိခဲ႔တာေၾကာင္႔ တက္ေရာက္သတင္းယူခဲ႔တဲ႔ သတင္းေထာက္ေတြကိုလဲ Swab နမူနာယူ စစ္ေဆးတာေတြ ျပဳလုပ္ခဲ႔ပါတယ္။

“Swab ယူရတာကေတာ့ ေနျပည္ေတာ္မွာ ယူရတာေပါ့။ ယူၿပီးေတာ့ ရန္ကုန္ အမ်ိဳးသားဓာတ္ခြဲ က်န္းမာေရးဌာနကို ပို႔ရပါတယ္။ အဲ့ဒီကေန အေျဖလာတဲ့အထိေစာင့္ၿပီး အေျဖလာမွ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ပါတယ္”လို႔ ေဒါက္တာျမတ္၀ဏၰစိုးက ေျပာပါတယ္။

သတင္းစာရွင္းလင္းပြဲကို သတင္းေထာက္ ၄၀ ဦးေလာက္က တက္ေရာက္သတင္းယူခဲ႔တာျဖစ္ၿပီး စက္တင္ဘာလ ၁၀ ရက္ေန႔က Swab နမူနာယူစစ္ေဆးခဲ႔ကာ ဒီကေန႔မွာေတာ႔ သတင္းေထာက္ ၁ဦးမွာ ကိုဗစ္ေရာဂါပိုးကူးစက္ခံရတယ္လို႔ ရလဒ္အေျဖထြက္ေပၚခဲ႔တာလည္း ျဖစ္ပါတယ္။

ပိုးေတြ႕ရွိလူနာရဲ႕ အခ်က္လက္ကိုေတာ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ စက္တင္ဘာလ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္မွာ ေၾကျငာထားၿပီး က်န္တဲ႔ သတင္းေထာက္ေတြကို Stay Home ေခတၱေနခိုင္းထားတယ္လို႔ သိပါရတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #သတင္းေထာက္တစ္ဦး #ကိုဗစ္ကူးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW