အမေရိကန်အနောက်ကမ်းရိုးတန်းမှာ တောမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေ

အမေရိကန်အနောက်ကမ်းရိုးတန်းမှာ တောမီးလောင်မှုကြောင့် လူ ၃၀ ကျော်သေဆုံး၊ ဒါဇင်များစွာ ပျောက်ဆုံးနေ

ဝါရှင်တန်၊ စက်တင်ဘာ ၁၃-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်အနောက်ကမ်းရိုးတန်း ပြည်နယ်တွေတစ်လျှောက်မှာ လောင်ကျွမ်းနေတဲ့တောမီးကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အော်ရီဂွန်ပြည်နယ်တစ်ခုတည်းမှာပဲ ပျောက်ဆုံးနေသူ ဒါဇင်ပေါင်းများစွာရှိနေတယ်လို့ အရေးပေါ်ဌာနတာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုထားပြီး လူအများအပြားသေဆုံးနိုင်တဲ့ အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ပြောပါတယ်။

တောမီးဟာ အော်ရီဂွန်၊ ကယ်လီဖိုးနီးယားနဲ့ဝါရှင်တန်ပြည်နယ်တွေမှာ ပြန့်နှံ့လောင်ကျွမ်းနေတာဖြစ်ပြီး ဧကပေါင်းများစွာ လောင်ကျွမ်းနေခဲ့ပြီး နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပါတယ်။ လူသိန်းပေါင်းများစွာဟာလည်း သူတို့ရဲ့နေအိမ်တွေကနေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ မိမိတို့ရဲ့လူနေမှုဘဝကို ခြိမ်းခြောက်နေပြီး ဒီအမှန်တရားကို သမ္မတဒေါ်နယ်ထရန့်က ငြင်းဆန်နေတယ်လို့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒန်က စက်တင်ဘာ ၁၂ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

တောမီးလောင်နေတဲ့ ကယ်လီဖိုးနီးယားကို စက်တင်ဘာ ၁၃ ရက်မှာ သွားရောက်ခဲ့တဲ့ သမ္မတဒေါ်နယ်ထရန့်ကတော့ ဒါဟာ သစ်တောတွေကို စီမံခန့်ခွဲမှု အားနည်းတာကြောင့်လို့ ပြောဆိုထားပါတယ်။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Zawgyi

အေမရိကန္အေနာက္ကမ္းရိုးတန္းမွာ ေတာမီးေလာင္မႈေၾကာင့္ လူ ၃၀ ေက်ာ္ေသဆံုး၊ ဒါဇင္မ်ားစြာ ေပ်ာက္ဆံုးေန

၀ါရွင္တန္၊ စက္တင္ဘာ ၁၃-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္အေနာက္ကမ္းရိုးတန္း ျပည္နယ္ေတြတစ္ေလွ်ာက္မွာ ေလာင္ကြ်မ္းေနတဲ႔ေတာမီးေၾကာင္႔ လူ ၃၀ ေက်ာ္ေသဆံုးခဲ႔တယ္လို႔ တာ၀န္ရိွသူေတြကေျပာပါတယ္။

ေအာ္ရီဂြန္ျပည္နယ္တစ္ခုတည္းမွာပဲ ေပ်ာက္ဆံုးေနသူ ဒါဇင္ေပါင္းမ်ားစြာရိွေနတယ္လို႔ အေရးေပၚဌာနတာ၀န္ရိွသူတစ္ဦးက ထုတ္ေဖာ္ေျပာဆိုထားျပီး လူအမ်ားအျပားေသဆံုးနုိင္တဲ႔ အေျခအေနအတြက္ ၾကိဳတင္ျပင္ဆင္ထားသင္႔တယ္လို႔ ေျပာပါတယ္။

ေတာမီးဟာ ေအာ္ရီဂြန္၊ ကယ္လီဖိုးနီးယားနဲ႔၀ါရွင္တန္ျပည္နယ္ေတြမွာ ျပန္႔နွံ႕ေလာင္ကြ်မ္းေနတာျဖစ္ျပီး ဧကေပါင္းမ်ားစြာ ေလာင္ကြ်မ္းေနခဲ႔ျပီး ေနအိမ္ေထာင္ေပါင္းမ်ားစြာ ပ်က္စီးခဲ႔ရပါတယ္။ လူသိန္းေပါင္းမ်ားစြာဟာလည္း သူတို႔ရဲ႕ေနအိမ္ေတြကေန ေဘးလြတ္ရာကို ထြက္ေျပးခဲ႔ၾကရပါတယ္။

ရာသီဥတုေျပာင္းလဲမႈဟာ မိမိတို႔ရဲ႕လူေနမႈဘ၀ကို ျခိမ္းေျခာက္ေနျပီး ဒီအမွန္တရားကို သမၼတေဒၚနယ္ထရန္႔က ျငင္းဆန္ေနတယ္လို႔ ဒီမိုကရက္တစ္သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္က စက္တင္ဘာ ၁၂ ရက္မွာ စြပ္စြဲေျပာဆိုလိုက္ပါတယ္။

ေတာမီးေလာင္ေနတဲ႔ ကယ္လီဖိုးနီးယားကို စက္တင္ဘာ ၁၃ ရက္မွာ သြားေရာက္ခဲ႔တဲ႔ သမၼတေဒၚနယ္ထရန္႔ကေတာ႔ ဒါဟာ သစ္ေတာေတြကို စီမံခန္႔ခြဲမႈ အားနည္းတာေၾကာင္႔လို႔ ေျပာဆိုထားပါတယ္။

Ref : BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရွင္တန္

Related posts

Leave a Comment

VOM News

FREE
VIEW