ဒေသဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ဒေသက တိုင်းရင်းသားတွေ သူတို့ဒေသဖွံ့ဖြိုးဖို့ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားနေ

ဒေသဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ဒေသက တိုင်းရင်းသားတွေ သူတို့ဒေသဖွံ့ဖြိုးဖို့ ၂၀၂၀ ရွေးကောက်ပွဲကို စိတ်ဝင်စားနေ

စစ်ကိုင်း၊ စက်တင်ဘာ- ၂၅- ၂၀၂၀
ရှိုင်းအောင်(VOM)

တိုင်းရင်းသားတွေနေထိုင်ကြတဲ့ မြို့နယ်တစ်ချို့ဟာ ဖွံ့ဖြိုးတိုးတက်မှုအားနည်းနေတာကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတွေအတွက် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တိုင်းရင်းသားတွေက စိတ်ဝင်စားနေကြပါတယ်။

တိုင်းရင်းသားတွေဟာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိရှိမရှိကို စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဂဒူးလူမျိုးတွေကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့
” စိတ်ဝင်စားမှုရှိတာပေါ့ ဒါပေးကိုပေးရမယ် မဲစားရင်းလည်းသွားကြည့်ပြီးပြီ အသဲကြားကမဲတစ်ပြားကို ဘယ်အဆုံးရှုံးခံလို့ဖြစ်မှာတုန်း လိုင်းပေါ်မှာ လူစုလူဝေးမလုပ်ရဘူးဆိုတော့ ကျတော်တို့ဆီမှာ ဒီလို လူစုလူဝေးတွေလဲ မရှိကြဘူး မနှစ်ကတော့အသက်မပြည့်သေးလို့ မပေးရဘူးလေ အခုက ၂၁ နှစ်ရှိပြီဆိုတော့ ပထမဦးဆုံးမဲပေးမှာဆိုတော့ စိတ်လှုပ်ရှားတယ် မြန်မာနိုင်ငံမှာရှိတဲ့သူတိုင်း ကိုယ်ရသင့်တဲ့အခွင့်အရေးကို ရစေချင်တယ်၊ မဖွံ့ဖြိုးသေးတဲ့ဒေသတွေကို တိုးတက်စေချင်တယ်၊ ၂၄ နာရီ လျှပ်စစ်မီးစေချင်ပြီးတော့ လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်းစေချင်တယ်” လို့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပန်းတောရွာမှာနေထိုင်တဲ့ ကိုတင်ကိုလင်းက VOM ကိုပြောပါတယ်။

“ပညာရေးဝန်ထမ်းဆိုတော့ အချိန်မရသေးလို့ မဲစာရင်းကတော့သွားမကြည့်ဖြစ်သေးဘူး မဲကတော့သွားပေးမှာ ဘယ်သူကို ခေါင်းဆောင်တင်တင် နိုင်ငံအတွက်ကောင်းရင်တော်ပြီပေါ့ ကိုယ့်ဒေသမှာ ၂၄ နာရီလျှပ်စစ်မီးရယ်၊ ကတ္တရာလမ်းခင်းပေးရင်ကျေနပ်ပြီ ဒီဘက်မှာမဲဆွယ်စည်းရုံးရေးလုပ်တာမျိုးတွေတော့မရှိဘူး ပါတီရုံးတွေကတော့ရှိတယ်” လို့ ပန်းတောရွာမှာနေထိုင်တဲ့ ဂဒူးလူမျိုးဖြစ်တဲ့ ကိုဝေယံထွန်းက VOM ကိုပြောပါတယ်။

ရှမ်းတိုင်းရင်းသားတွေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ထီးချိုင့်၊ ကသာ၊ ပင်လည်ဘူးမြို့နယ်တွေနဲ့ ဥရုချောင်းဒေသတွေမှာ နေထိုင်ကြပြီး လူဦးရေ (၃)သိန်းနီးပါးလောက် ရှိပြီး မဲပေးခွင့်ရှိသူ တသိန်းခြောက်သောင်းကျော်ရှိတယ်လို့သိရပါတယ်။

ချင်းလူမျိုးအများစုကတော့ တမူး၊ ကလေး၊ ကလေးဝနဲ့ ခန္တီးမြို့နယ်တွေ မှာ နေထိုင်ကြတာဖြစ်ပြီး မဲပေးခွင့်ရှိသူ ၁သိန်း၇သောင်းကျော်ရှိတယ်လို့သိရပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းမှာ မဲဆန္ဒနယ်မြေ ၁၂၃ ခု၊ တိုင်းရင်းသားကိုယ်စားလှယ်မဲဆန္ဒနယ်မြေ ၂ ခု စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၂၅ ခုအတွက်‌ ပါတီပေါင်း ၁၇ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၅၂ ဦး၊ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၃ ဦး စုစုပေါင်း ၆၈၅ ဦး ပါ၀င်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပထမအကြိမ် မဲစာရင်း ကြော်ငြာချက်အရ ဆန္ဒမဲ ပေးခွင့်ရှိသူဦးရေဟာ ၄၁ သိန်းကျော်ရှိ​တယ်လို့ သိရပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းထုတ်ပြန်နိုင်ရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားပြီဖြစ်​တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ကနေသိရပါတယ်။

#VOM #VoiceofMyanmar #ရွေးကောက်ပွဲ #Election #တိုင်းရင်းသား #စစ်ကိုင်းတိုင်း

Zawgyi

ေဒသဖြံ႕ၿဖိဳးတိုးတက္မႈနည္းတဲ့ေဒသက တိုင္းရင္းသားေတြ သူတို႔ေဒသဖြံ႕ၿဖိဳးဖို႔ ၂၀၂၀ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားေန

စစ္ကိုင္း၊ စက္တင္ဘာ- ၂၅- ၂၀၂၀
ရႈိင္းေအာင္(VOM)

တိုင္းရင္းသားေတြေနထိုင္ၾကတဲ့ ၿမိဳ႕နယ္တစ္ခ်ိဳ႕ဟာ ဖြံ႕ၿဖိဳးတိုးတက္မႈအားနည္းေနတာေၾကာင့္ လမ္းပန္းဆက္သြယ္ေရးနဲ႔ လွ်ပ္စစ္မီးရရွိေရးေတြအတြက္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာက်င္းပမယ့္ ၂၀၂၀ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲကို တိုင္းရင္းသားေတြက စိတ္ဝင္စားေနၾကပါတယ္။

တိုင္းရင္းသားေတြဟာ ၂၀၂၀ အေထြေထြ ေ႐ြးေကာက္ပြဲကို စိတ္ဝင္စားမႈရွိရွိမရွိကို စစ္ကိုင္းတိုင္းအတြင္းမွာရွိတဲ့ ဂဒူးလူမ်ိဳးေတြကို ဆက္သြယ္ေမးျမန္းၾကည့္ရာမွာေတာ့
” စိတ္ဝင္စားမႈရွိတာေပါ့ ဒါေပးကိုေပးရမယ္ မဲစားရင္းလည္းသြားၾကည့္ၿပီးၿပီ အသဲၾကားကမဲတစ္ျပားကို ဘယ္အဆုံးရႈံးခံလို႔ျဖစ္မွာတုန္း လိုင္းေပၚမွာ လူစုလူေဝးမလုပ္ရဘူးဆိုေတာ့ က်ေတာ္တို႔ဆီမွာ ဒီလို လူစုလူေဝးေတြလဲ မရွိၾကဘူး မႏွစ္ကေတာ့အသက္မျပည့္ေသးလို႔ မေပးရဘူးေလ အခုက ၂၁ ႏွစ္ရွိၿပီဆိုေတာ့ ပထမဦးဆုံးမဲေပးမွာဆိုေတာ့ စိတ္လႈပ္ရွားတယ္ ျမန္မာႏိုင္ငံမွာရွိတဲ့သူတိုင္း ကိုယ္ရသင့္တဲ့အခြင့္အေရးကို ရေစခ်င္တယ္၊ မဖြံ႕ၿဖိဳးေသးတဲ့ေဒသေတြကို တိုးတက္ေစခ်င္တယ္၊ ၂၄ နာရီ လွ်ပ္စစ္မီးေစခ်င္ၿပီးေတာ့ လမ္းပန္းဆက္သြယ္ေရးေတြေကာင္းမြန္းေစခ်င္တယ္” လို႔ စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ပန္းေတာ႐ြာမွာေနထိုင္တဲ့ ကိုတင္ကိုလင္းက VOM ကိုေျပာပါတယ္။

“ပညာေရးဝန္ထမ္းဆိုေတာ့ အခ်ိန္မရေသးလို႔ မဲစာရင္းကေတာ့သြားမၾကည့္ျဖစ္ေသးဘူး မဲကေတာ့သြားေပးမွာ ဘယ္သူကို ေခါင္းေဆာင္တင္တင္ ႏိုင္ငံအတြက္ေကာင္းရင္ေတာ္ၿပီေပါ့ ကိုယ့္ေဒသမွာ ၂၄ နာရီလွ်ပ္စစ္မီးရယ္၊ ကတၱရာလမ္းခင္းေပးရင္ေက်နပ္ၿပီ ဒီဘက္မွာမဲဆြယ္စည္း႐ုံးေရးလုပ္တာမ်ိဳးေတြေတာ့မရွိဘူး ပါတီ႐ုံးေတြကေတာ့ရွိတယ္” လို႔ ပန္းေတာ႐ြာမွာေနထိုင္တဲ့ ဂဒူးလူမ်ိဳးျဖစ္တဲ့ ကိုေဝယံထြန္းက VOM ကိုေျပာပါတယ္။

ရွမ္းတိုင္းရင္းသားေတြဟာ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္၊ ဗန္းေမာက္၊ ေကာလင္း၊ ဝန္းသို၊ အင္းေတာ္၊ ထီးခ်ိဳင့္၊ ကသာ၊ ပင္လည္ဘူးၿမိဳ႕နယ္ေတြနဲ႔ ဥ႐ုေခ်ာင္းေဒသေတြမွာ ေနထိုင္ၾကၿပီး လူဦးေရ (၃)သိန္းနီးပါးေလာက္ ရွိၿပီး မဲေပးခြင့္ရွိသူ တသိန္းေျခာက္ေသာင္းေက်ာ္ရွိတယ္လို႔သိရပါတယ္။

ခ်င္းလူမ်ိဳးအမ်ားစုကေတာ့ တမူး၊ ကေလး၊ ကေလးဝနဲ႔ ခႏၲီးၿမိဳ႕နယ္ေတြ မွာ ေနထိုင္ၾကတာျဖစ္ၿပီး မဲေပးခြင့္ရွိသူ ၁သိန္း၇ေသာင္းေက်ာ္ရွိတယ္လို႔သိရပါတယ္။

လာမယ့္ေ႐ြးေကာက္ပြဲအတြက္ စစ္ကိုင္းတိုင္းမွာ မဲဆႏၵနယ္ေျမ ၁၂၃ ခု၊ တိုင္းရင္းသားကိုယ္စားလွယ္မဲဆႏၵနယ္ေျမ ၂ ခု စုစုေပါင္း မဲဆႏၵနယ္ေျမ ၁၂၅ ခုအတြက္‌ ပါတီေပါင္း ၁၇ ခုက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၆၅၂ ဦး၊ တသီးပုဂၢလကိုယ္စားလွယ္ေလာင္း ၃၃ ဦး စုစုေပါင္း ၆၈၅ ဦး ပါ၀င္ယွဥ္ၿပိဳင္သြားမွာျဖစ္တယ္လို႔ စစ္ကိုင္းတိုင္းေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း ပထမအႀကိမ္ မဲစာရင္း ေၾကာ္ျငာခ်က္အရ ဆႏၵမဲ ေပးခြင့္ရွိသူဦးေရဟာ ၄၁ သိန္းေက်ာ္ရွိ​တယ္လို႔ သိရၿပီး ဒုတိယအႀကိမ္ မဲဆႏၵရွင္စာရင္းထုတ္ျပန္ႏိုင္ေရးအတြက္ အသင့္ျပင္ဆင္ေဆာင္႐ြက္ထားၿပီျဖစ္​တယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီးေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ကေနသိရပါတယ္။

#VOM #VoiceofMyanmar #ေ႐ြးေကာက္ပြဲ #Election #တိုင္းရင္းသား #စစ္ကိုင္းတိုင္း

Related posts

Leave a Comment

VOM News

FREE
VIEW