လူသတ်မုဒိမ်းမှုနဲ့ ထောင်ကလွတ်လာသူက ၁၃ နှစ်သားကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်

လူသတ်မုဒိမ်းမှုနဲ့ ထောင်ကလွတ်လာသူက ၁၃ နှစ်သားကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်

ရွှေဘို ၊ စက်တင်ဘာ ၂၅ – ၂၀၂၀
ကိုတိုးကြီး (VOM)

အမျိုးသမီး တစ်ယောက်ကို သားမယားအဖြစ် အလိုမတူပဲ အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ထောင်နှစ်ရှည်ကျ သွားတဲ့ လူတစ်ယောက်က ထောင်ကပြန်လွတ်လာတဲ့အခါ အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ် ယောက်ကို လိင်တူဆက်ဆံ သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့တဲ့ အတွက် မနေ့ (စက်တင်ဘာ ၂၄ ) က ရွှေဘိုမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အမှတ် ၇ ဝက်လည်ရွဲရပ်ကွက် ဈေးတောင်ဘက်လမ်းကြားမှာ စက်တင်ဘာ ၂၁ မနက် ၃ နာရီက အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ယောက် စအိုသွေးထွက် ဒဏ်ရာနဲ့ သေဆုံး နေတာကို လှည့်ကင်းရဲအဖွဲ့က တွေ့ရှိခဲ့လို့ ရုပ်အလောင်းကို ရဲဆေးစာနဲ့ ရွှေဘိုပြည်သူ့ဆေးရုံကို ပို့ဆောင် ခဲ့ပြီးနောက် ရဲစခန်းက လုပ်ကြံသတ်ဖြတ်သူကို အမှုဖွင့် စုံစမ်းထောက်လှမ်းခဲ့တာပဲဖြစ်ပါတယ်။

“ အဲ့ဒီကလေး သေဆုံးမှုနဲ့ ပတ်သက်လို့ အရေးပေါ် အမှုစစ်အဖွဲ့ကို တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းကြည်က ချက်ချင်းဖွဲ့တယ် ၊ အမှုစစ်အဖွဲ့ရဲ့ စစ်ဆေးပေါ်ချက်အရ အရင်တခါက မုဒိမ်းကျင့်လူသတ်မှုနဲ့ ထောင်နှစ်ရှည်ကျခံ ဖူးသူ ထွန်းထွန်းဝင်း ဖြစ်တယ်ဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တယ် ” လို့ အဲ့ဒီ လူသတ်မှုကို စုံစမ်းစစ်ဆေး နေတဲ့ ရဲ အရာရှိတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၁ ညက အမှုနဲ့ ဖမ်းဆီးခံထားရသူ ထွန်းထွန်းဝင်း ဆိုသူဟာ ရွှေဘိုအမှတ် ၁ ရပ်ကွက် ၊ ပြင်ဈေးမြောက်ရပ်ကနေ သေဆုံးသူ ကလေးကို ခြိမ်းခြောက်ပြောဆိုပြီး သူနေထိုင်ရာအိမ်ကို ခေါ်ဆောင် သွားခဲ့ပါတယ် ။ အဲ့ဒီနောက် အလိုမတူဘဲ လိင်တူဆက်ဆံခဲ့ပြီး လည်ပင်းညှစ် သတ်ဖြတ်ကာ သေဆုံးသူ ရုပ်အလောင်းကို ဆိုင်ကယ်နဲ့တင်ပြီး ဖျောက်ဖျက်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုမြိုမရဲစခန်းမှူး ဒုရဲမှူး သိန်းဆန်းဦးရဲ့ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရပါတယ်။

အဲ့ဒါကြောင့် လိင်တူဆက်ဆံ လူသတ် အလောင်းဖျောက်ဖျက်ခဲ့သူ ထွန်းထွန်းဝင်းကို ရွှေဘိုမြို့မ ရဲစခန်းက (ပ) ၅၆၃ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ / ၃၇၇ အရ အမှုဖွင့်အရေးယူ ခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူ ထွန်းထွန်းဝင်းဟာ ၂၀၀၄ ခုနှစ်က အမျိုးသမီးတစ်ယောက်ကို အလိုမတူပဲ သားမယားအဖြစ် မုဒိမ်းကျင့် သတ်ဖြတ်မှုနဲ့ တသက်တကျွန်း ပြစ်ဒဏ်ကျခံခဲ့ရာက ၂၀၂၀ ဧပြီမှာ နိုင်ငံတော် သမ္မတကြီး၏ လေးပုံ တစ်ပုံ ပြစ်ဒဏ်လျော့ပေါ့ခံစားခွင့် ရရှိပြီး ပြစ်ဒဏ် ၁၆ နှစ်ကျခံခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ အမှုစစ်အဖွဲ့ရဲ့ကနဦး စစ်ဆေးပေါ်ပေါက်ချက်တွေ အရ သိရပါတယ်။

ဓာတ်ပုံ ၊ ရွှေဘိုမြိုမရဲစခန်း

#voiceofmyanmar #VOM #မှုခင်း #ရွှေဘို

Zawgyi

လူသတ္မုဒိမ္းမႈနဲ႔ေထာင္ကလြတ္လာသူက ၁၃ ႏွစ္သားကို လိင္တူဆက္ဆံ သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္

ေ႐ႊဘို ၊ စက္တင္ဘာ ၂၅ – ၂၀၂၀
ကိုတိုးႀကီး (VOM)

အမ်ိဳးသမီး တစ္ေယာက္ကို သားမယားအျဖစ္ အလိုမတူပဲ အဓမၼျပဳက်င့္ သတ္ျဖတ္ၿပီး ေထာင္ႏွစ္ရွည္က် သြားတဲ့ လူတစ္ေယာက္က ေထာင္ကျပန္လြတ္လာတဲ့အခါ အသက္ ၁၃ ႏွစ္အ႐ြယ္ ေယာက်္ားေလးတစ္ ေယာက္ကို လိင္တူဆက္ဆံ သတ္ျဖတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္ခဲ့တဲ့ အတြက္ မေန႔ (စက္တင္ဘာ ၂၄ ) က ေ႐ႊဘိုၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္အေရးယူခဲ့ပါတယ္။

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕ အမွတ္ ၇ ဝက္လည္႐ြဲရပ္ကြက္ ေဈးေတာင္ဘက္လမ္းၾကားမွာ စက္တင္ဘာ ၂၁ မနက္ ၃ နာရီက အသက္ ၁၃ ႏွစ္အ႐ြယ္ ေယာက်္ားေလးတစ္ေယာက္ စအိုေသြးထြက္ ဒဏ္ရာနဲ႔ ေသဆုံး ေနတာကို လွည့္ကင္းရဲအဖြဲ႕က ေတြ႕ရွိခဲ့လို႔ ႐ုပ္အေလာင္းကို ရဲေဆးစာနဲ႔ ေ႐ႊဘိုျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ ခဲ့ၿပီးေနာက္ ရဲစခန္းက လုပ္ႀကံသတ္ျဖတ္သူကို အမႈဖြင့္ စုံစမ္းေထာက္လွမ္းခဲ့တာပဲျဖစ္ပါတယ္။

“ အဲ့ဒီကေလး ေသဆုံးမႈနဲ႔ ပတ္သက္လို႔ အေရးေပၚ အမႈစစ္အဖြဲ႕ကို တိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဝင္းၾကည္က ခ်က္ခ်င္းဖြဲ႕တယ္ ၊ အမႈစစ္အဖြဲ႕ရဲ႕ စစ္ေဆးေပၚခ်က္အရ အရင္တခါက မုဒိမ္းက်င့္လူသတ္မႈနဲ႔ ေထာင္ႏွစ္ရွည္က်ခံ ဖူးသူ ထြန္းထြန္းဝင္း ျဖစ္တယ္ဆိုတာ စစ္ေဆးေပၚေပါက္ခဲ့တယ္ ” လို႔ အဲ့ဒီ လူသတ္မႈကို စုံစမ္းစစ္ေဆး ေနတဲ့ ရဲ အရာရွိတစ္ဦးက ေျပာပါတယ္။

စက္တင္ဘာ ၂၁ ညက အမႈနဲ႔ ဖမ္းဆီးခံထားရသူ ထြန္းထြန္းဝင္း ဆိုသူဟာ ေ႐ႊဘိုအမွတ္ ၁ ရပ္ကြက္ ၊ ျပင္ေဈးေျမာက္ရပ္ကေန ေသဆုံးသူ ကေလးကို ၿခိမ္းေျခာက္ေျပာဆိုၿပီး သူေနထိုင္ရာအိမ္ကို ေခၚေဆာင္ သြားခဲ့ပါတယ္ ။ အဲ့ဒီေနာက္ အလိုမတူဘဲ လိင္တူဆက္ဆံခဲ့ၿပီး လည္ပင္းညႇစ္ သတ္ျဖတ္ကာ ေသဆုံးသူ ႐ုပ္အေလာင္းကို ဆိုင္ကယ္နဲ႔တင္ၿပီး ေဖ်ာက္ဖ်က္ခဲ့တာျဖစ္တယ္လို႔ ေ႐ႊဘိုၿမိဳမရဲစခန္းမႉး ဒုရဲမႉး သိန္းဆန္းဦးရဲ႕ စစ္ေဆးေပၚေပါက္ခ်က္မ်ားအရ သိရပါတယ္။

အဲ့ဒါေၾကာင့္ လိင္တူဆက္ဆံ လူသတ္ အေလာင္းေဖ်ာက္ဖ်က္ခဲ့သူ ထြန္းထြန္းဝင္းကို ေ႐ႊဘိုၿမိဳ႕မ ရဲစခန္းက (ပ) ၅၆၃ / ၂၀၂၀ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ / ၃၇၇ အရ အမႈဖြင့္အေရးယူ ခဲ့တာျဖစ္ပါတယ္။

ဖမ္းဆီးခံထားရသူ ထြန္းထြန္းဝင္းဟာ ၂၀၀၄ ခုႏွစ္က အမ်ိဳးသမီးတစ္ေယာက္ကို အလိုမတူပဲ သားမယားအျဖစ္ မုဒိမ္းက်င့္ သတ္ျဖတ္မႈနဲ႔ တသက္တကြၽန္း ျပစ္ဒဏ္က်ခံခဲ့ရာက ၂၀၂၀ ဧၿပီမွာ ႏိုင္ငံေတာ္ သမၼတႀကီး၏ ေလးပုံ တစ္ပုံ ျပစ္ဒဏ္ေလ်ာ့ေပါ့ခံစားခြင့္ ရရွိၿပီး ျပစ္ဒဏ္ ၁၆ ႏွစ္က်ခံခဲ့ၿပီး ျပန္လည္လြတ္ေျမာက္လာသူျဖစ္တယ္လို႔ အမႈစစ္အဖြဲ႕ရဲ႕ကနဦး စစ္ေဆးေပၚေပါက္ခ်က္ေတြ အရ သိရပါတယ္။

ဓာတ္ပုံ ၊ ေ႐ႊဘိုၿမိဳမရဲစခန္း
#voiceofmyanmar #VOM #မႈခင္း #ေ႐ႊဘို

Related posts

Leave a Comment

VOM News

FREE
VIEW