ဈေးသည် ၁၅၀နီးပါး ရောင်းချနေတဲ့ ဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့ နှုတ်မိန့်နဲ့ဖျက်စီးခံရမှု သမ္မတရုံးကို စာတင်မယ်

ဈေးသည် ၁၅၀နီးပါး ရောင်းချနေတဲ့ ဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့ နှုတ်မိန့်နဲ့ဖျက်စီးခံရမှု သမ္မတရုံးကို စာတင်မယ်

ရန်ကုန်၊ စက်တင်ဘာ ၂၉-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေလမ်းရှိ ဈေးသည် ၁၅၀နီးပါးရောင်းချနေတဲ့ ဈေးတန်းဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့နှုတ်မိန့်နဲ့ဖျက်စီးခံရမူအပေါ် ဈေးသူဈေးသားတွေ ဆုံးရူံးနစ်နာတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သမ္မတဆီကို အဆင့်ဆင့်စာတင်သွားမှာဖြစ်တယ်လို့ ယာယီဈေးကော်မတီက‌နေ သိရပါတယ်။

“ဈေးရောင်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်လာပြီပေါ့ ။ ဈေးက ပျံကျဈေးလိုဖြစ်နေတယ်။ စည်ပင်က တရားဝင်ချထားပေးတာမရှိဘူး။ လော့ခ်ဒေါင်းပြီးလို့ ဈေးပြန်ဖွင့်တဲ့အခါမှာ မရောင်းဖို့ရပ်ခိုင်းတယ်။ ဈေးမရောင်းရဘူးဆိုရင် အရင်ဆုံး နို့တစ်စာထုတ်ရမှာကိုလည်း မထုတ်ဘဲနဲ့ ဘာမှအကြောင်းကြားမူမရှိဘဲ လုပ်သွားတယ်။ ဒီနေရာလေးမှာ ရောင်းရရင်လည်း စည်းကမ်းချက်တွေထုတ်လည်း လိုက်နာပြီးရောင်းချမယ်ပြောတယ် ဈေးသူဈေးသားတွေက ။ ဒါမှမဟုတ် တခြားနေရာအစားထိုးပေးတာလည်း လုပ်ပေးစေချင်တယ် ပြောပါတယ်။ အခု ဒီလိုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ၂ ရက်အတွင်းစာတင်သွားမယ်။ စာတင်ပြီးသွားရင် အကျိုးသက်ရောက်မူအပေါ်မှာပြန်လည်တိုင်ပင်ပြီး လုပ်ဆောင်သွားမှာပါ”လို့ အဲ့ဒီကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဝင့်ဝါထွဋ်က VOM ကိုပြောပါတယ်။

အဲ့ဒီဈေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ခန့်ကတည်းက ရောင်းချလာခဲ့တာဖြစ်ပြီး အရင်က ဈေးကောက်တွေကို ငွေပေးဆောင်နေခဲ့ရတဲ့အပြင် နောက်ပိုင်းမှာတော့ ဈေးကောက်ပေးဆောင်ရမူမရှိတော့တာ အခုချိန်ထိဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဈေးရောင်းချနေတဲ့နေရာတွေမှာ ရေမြောင်းတူးဖော်တဲ့လုပ်ငန်းတွေ၊ ဈေးအတွင်းလိုအပ်နေတဲ့အရာတွေကိုတော့ ဈေးသူ ၊ ဈေးသားတွေက စုပေါင်းပြီး လုပ်ဆောင်ပေးနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီဈေးမှာ ဈေးရောင်းချနေသူဦးရေ ၁၅၀ ခန့်က အခုလိုဖြစ်နေတာတွေကို လက်မှတ်ထိုးပြီး စာတင်သွားမှာဖြစ်ပါတယ်။ ဈေးကိုလာရောင်းချသူအများစုကလည်း နယ်ကနေ လာရောက်ရောင်းချသူ အများစုပါဝင်နေပါတယ်။

“နယ်ကနေပြီး လာရောင်းရတာဆိုတော့ အိမ်ဌားပြီးနေနေရတယ်။ အခုကဈေးမရောင်းရတော့ အခက်အခဲ ဖြစ်နေရတယ်။ ဘယ်မှလည်း သွားမရ၊ နယ်လည်း ပြန်မရဆိုတော့ အခက်အခဲအများကြီးပါ ။ တချို့ဆိုရင် ရေသန့်ဖူးတွေကောက်ပြီး ရောင်းနေရတယ် ။စားဝတ်နေရေးအတွက်ပါ ။ ကျွန်တော်တို့က အမှန်တရားပေါ်ပေါက်အောင် လုပ်သွားမှာပါ ။ ဥပဒေဘောင်ထဲကနေပြီးတော့။ စာတင်ပြီးသွားရင် အွန်လိုင်းကနေပြီး သတင်းစာရှင်းလင်းပွဲလည်း လုပ်သွားမှာပါ”လို့ ဈေးကော်မတီအဖွဲ့မှ ကိုရဲရင့်ထွန်းက ပြောပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဝင် ဒေါက်တာကျော်စွာဦးကိုဆက်သွယ်မေးမြန်းရာမှာတော့ “ကျွန်တော်နားလည်တာက အဲ့ဒီနေရာကို လော့ဒေါင်းချထားတယ် ။ ကျန်တာကတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့မှာလည်း ဖြစ်နေတယ်၊ ရဲတပ်ဖွဲ့ဝင်တွေကလည်း ပိုးတွေ့ထားတာကြောင့် ဈေးကို ယာယီနားထားတယ်လို့ နားလည်ထားပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

အခုလ စက်တင်ဘာ ၉ရက်နေ့မှာ အဲ့ဒီဈေးအနီးက ဆိုက်ကားသမားတစ်ဦးဆီကနေ ကိုဗစ်ရောဂါတွေ့ရှိခဲ့တာကြာင့် ဈေးကို ယာယီပိတ်သိမ်းထားခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ အဲ့ဒီနေရာကို အသွားအလာကန့်သတ်တာတွေဖြေလျော့ပြီး ဈေးကိုပြန်လည်ဖွင့်ခဲ့ပေမယ့်လည်း ဈေးရောင်းချခွင့်မပြုခဲ့ဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #ဈေးတန်း #ဖယ်ရှားမှု

Zawgyi

ေစ်းသည္ ၁၅၀နီးပါး ေရာင္းခ်ေနတဲ့ ေစ်းဆိုင္ခန္း‌ေတြကို ဥပေဒမဲ့ ႏႈတ္မိန႔္နဲ႔ဖ်က္စီးခံရမႈ သမၼတ႐ုံးကို စာတင္မယ္

ရန္ကုန္၊ စက္တင္ဘာ ၂၉-၂၀၂၀
ယဥ္ပပထြန္း(VOM)

ရန္ကုန္တိုင္း၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဦးစံေဖလမ္းရွိ ေဈးသည္ ၁၅၀နီးပါးေရာင္းခ်ေနတဲ့ ေစ်းတန္းေစ်းဆိုင္ခန္း‌ေတြကို ဥပေဒမဲ့ႏႈတ္မိန႔္နဲ႔ဖ်က္စီးခံရမူအေပၚ ေစ်းသူေစ်းသားေတြ ဆုံး႐ူံးနစ္နာတဲ့အတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနနဲ႔ သမၼတဆီကို အဆင့္ဆင့္စာတင္သြားမွာျဖစ္တယ္လို႔ ယာယီေစ်းေကာ္မတီက‌ေန သိရပါတယ္။

“ေစ်းေရာင္းလာခဲ့တာ ႏွစ္ေပါင္း ၂၀ ေက်ာ္လာၿပီေပါ့ ။ ေစ်းက ပ်ံက်ေစ်းလိုျဖစ္ေနတယ္။ စည္ပင္က တရားဝင္ခ်ထားေပးတာမရွိဘူး။ ေလာ့ခ္ေဒါင္းၿပီးလို႔ ေစ်းျပန္ဖြင့္တဲ့အခါမွာ မေရာင္းဖို႔ရပ္ခိုင္းတယ္။ ေစ်းမေရာင္းရဘူးဆိုရင္ အရင္ဆုံး ႏို႔တစ္စာထုတ္ရမွာကိုလည္း မထုတ္ဘဲနဲ႔ ဘာမွအေၾကာင္းၾကားမူမရွိဘဲ လုပ္သြားတယ္။ ဒီေနရာေလးမွာ ေရာင္းရရင္လည္း စည္းကမ္းခ်က္ေတြထုတ္လည္း လိုက္နာၿပီးေရာင္းခ်မယ္ေျပာတယ္ ေစ်းသူေစ်းသားေတြက ။ ဒါမွမဟုတ္ တျခားေနရာအစားထိုးေပးတာလည္း လုပ္ေပးေစခ်င္တယ္ ေျပာပါတယ္။ အခု ဒီလိုလုပ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတအပါအဝင္ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြကို ၂ ရက္အတြင္းစာတင္သြားမယ္။ စာတင္ၿပီးသြားရင္ အက်ိဳးသက္ေရာက္မူအေပၚမွာျပန္လည္တိုင္ပင္ၿပီး လုပ္ေဆာင္သြားမွာပါ”လို႔ အဲ့ဒီကိစၥကို လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ အထက္တန္းေရွ႕ေန ေဒၚဝင့္ဝါထြဋ္က VOM ကိုေျပာပါတယ္။

အဲ့ဒီေစ်းကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္ခန႔္ကတည္းက ေရာင္းခ်လာခဲ့တာျဖစ္ၿပီး အရင္က ေစ်းေကာက္ေတြကို ေငြေပးေဆာင္ေနခဲ့ရတဲ့အျပင္ ေနာက္ပိုင္းမွာေတာ့ ေစ်းေကာက္ေပးေဆာင္ရမူမရွိေတာ့တာ အခုခ်ိန္ထိျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီေစ်းေရာင္းခ်ေနတဲ့ေနရာေတြမွာ ေရေျမာင္းတူးေဖာ္တဲ့လုပ္ငန္းေတြ၊ ေစ်းအတြင္းလိုအပ္ေနတဲ့အရာေတြကိုေတာ့ ေစ်းသူ ၊ ေစ်းသားေတြက စုေပါင္းၿပီး လုပ္ေဆာင္ေပးေနရတာျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒီေစ်းမွာ ေစ်းေရာင္းခ်ေနသူဦးေရ ၁၅၀ ခန႔္က အခုလိုျဖစ္ေနတာေတြကို လက္မွတ္ထိုးၿပီး စာတင္သြားမွာျဖစ္ပါတယ္။ ေစ်းကိုလာေရာင္းခ်သူအမ်ားစုကလည္း နယ္ကေန လာေရာက္ေရာင္းခ်သူ အမ်ားစုပါဝင္ေနပါတယ္။

“နယ္ကေနၿပီး လာေရာင္းရတာဆိုေတာ့ အိမ္ဌားၿပီးေနေနရတယ္။ အခုကေစ်းမေရာင္းရေတာ့ အခက္အခဲ ျဖစ္ေနရတယ္။ ဘယ္မွလည္း သြားမရ၊ နယ္လည္း ျပန္မရဆိုေတာ့ အခက္အခဲအမ်ားႀကီးပါ ။ တခ်ိဳ႕ဆိုရင္ ေရသန႔္ဖူးေတြေကာက္ၿပီး ေရာင္းေနရတယ္ ။စားဝတ္ေနေရးအတြက္ပါ ။ ကြၽန္ေတာ္တို႔က အမွန္တရားေပၚေပါက္ေအာင္ လုပ္သြားမွာပါ ။ ဥပေဒေဘာင္ထဲကေနၿပီးေတာ့။ စာတင္ၿပီးသြားရင္ အြန္လိုင္းကေနၿပီး သတင္းစာရွင္းလင္းပြဲလည္း လုပ္သြားမွာပါ”လို႔ ေဈးေကာ္မတီအဖြဲ႕မွ ကိုရဲရင့္ထြန္းက ေျပာပါတယ္။

အခုကိစၥနဲ႔ပတ္သက္ၿပီး သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ကိုဗစ္-၁၉ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္အေရးေပၚတုံျပန္ေရးေကာ္မတီဝင္ ေဒါက္တာေက်ာ္စြာဦးကိုဆက္သြယ္ေမးျမန္းရာမွာေတာ့ “ကြၽန္ေတာ္နားလည္တာက အဲ့ဒီေနရာကို ေလာ့ေဒါင္းခ်ထားတယ္ ။ က်န္တာကေတာ့ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံးေရွ႕မွာလည္း ျဖစ္ေနတယ္၊ ရဲတပ္ဖြဲ႕ဝင္ေတြကလည္း ပိုးေတြ႕ထားတာေၾကာင့္ ေစ်းကို ယာယီနားထားတယ္လို႔ နားလည္ထားပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

အခုလ စက္တင္ဘာ ၉ရက္ေန႔မွာ အဲ့ဒီေစ်းအနီးက ဆိုက္ကားသမားတစ္ဦးဆီကေန ကိုဗစ္ေရာဂါေတြ႕ရွိခဲ့တာၾကာင့္ ေစ်းကို ယာယီပိတ္သိမ္းထားခဲ့တာျဖစ္ပါတယ္။

စက္တင္ဘာ ၂၄ ရက္ေန႔မွာေတာ့ အဲ့ဒီေနရာကို အသြားအလာကန္႔သတ္တာေတြေျဖေလ်ာ့ၿပီး ေစ်းကိုျပန္လည္ဖြင့္ခဲ့ေပမယ့္လည္း ေဈးေရာင္းခ်ခြင့္မျပဳခဲ့ဘူးလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ေစ်းတန္း #ဖယ္ရွားမႈ

Related posts

Leave a Comment

VOM News

FREE
VIEW