ဈေးသည် ၁၅၀နီးပါး ရောင်းချနေတဲ့ ဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့ နှုတ်မိန့်နဲ့ဖျက်စီးခံရမှု သမ္မတရုံးကို စာတင်မယ်

ဈေးသည် ၁၅၀နီးပါး ရောင်းချနေတဲ့ ဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့ နှုတ်မိန့်နဲ့ဖျက်စီးခံရမှု သမ္မတရုံးကို စာတင်မယ် ရန်ကုန်၊ စက်တင်ဘာ ၂၉-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေလမ်းရှိ ဈေးသည် ၁၅၀နီးပါးရောင်းချနေတဲ့ ဈေးတန်းဈေးဆိုင်ခန်း‌တွေကို ဥပဒေမဲ့နှုတ်မိန့်နဲ့ဖျက်စီးခံရမူအပေါ် ဈေးသူဈေးသားတွေ ဆုံးရူံးနစ်နာတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ သမ္မတဆီကို အဆင့်ဆင့်စာတင်သွားမှာဖြစ်တယ်လို့ ယာယီဈေးကော်မတီက‌နေ သိရပါတယ်။ “ဈေးရောင်းလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်လာပြီပေါ့ ။ ဈေးက ပျံကျဈေးလိုဖြစ်နေတယ်။ စည်ပင်က တရားဝင်ချထားပေးတာမရှိဘူး။ လော့ခ်ဒေါင်းပြီးလို့ ဈေးပြန်ဖွင့်တဲ့အခါမှာ မရောင်းဖို့ရပ်ခိုင်းတယ်။ ဈေးမရောင်းရဘူးဆိုရင် အရင်ဆုံး နို့တစ်စာထုတ်ရမှာကိုလည်း မထုတ်ဘဲနဲ့ ဘာမှအကြောင်းကြားမူမရှိဘဲ လုပ်သွားတယ်။ ဒီနေရာလေးမှာ ရောင်းရရင်လည်း စည်းကမ်းချက်တွေထုတ်လည်း လိုက်နာပြီးရောင်းချမယ်ပြောတယ် ဈေးသူဈေးသားတွေက ။ ဒါမှမဟုတ် တခြားနေရာအစားထိုးပေးတာလည်း လုပ်ပေးစေချင်တယ် ပြောပါတယ်။ အခု ဒီလိုလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ၂…

Read More

ပရဟိတအဖွဲ့က လုပ်အာပေးတစ်ဦးကို အမျိုသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖုန်းဆက်အပြစ်တင်

ပရဟိတအဖွဲ့က လုပ်အာပေးတစ်ဦးကို အမျိုသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဖုန်းဆက်အပြစ်တင် စစ်ကိုင်း၊ စက်တင်ဘာ- ၂၈- ၂၀၂၀ ရှိုင်းအောင်(VOM) စက်တင်ဘာလ ၂၇ ရက်နေ့မနက်ပိုင်းက NLD ပါတီကိုထောက်ခံကြတဲ့ လူတစ်စုဟာ စစ်ကိုင်းမြို့မှာ ယာဉ်တန်းနဲ့ မဲဆွယ်စည်းရုံးရေးပြုလုပ်နေချိန် အဲ့ဒီယာဉ်တန်းနောက်မှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ဟာ ပိုးသတ်ဆေးဖျန်းပြီး Live လွှင့်ခဲ့တဲ့ လုပ်အားပေးတဲ့လူငယ်တစ်ဦးကို စစ်ကိုင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းက သူ့နာမည်ကိုအသုံးပြုကာ Live လွှင့်ခဲ့တဲ့အတွက် ဖုန်းဆက်ပြီးအပြစ်တင်ခံခဲ့ရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ဖိအားပေးတာမဟုတ်ပါဘူးဗျာ၊ ဒီလိုဗျ မနေ့က ကျွန်တော်တို့မြို့ထဲမှာ NLD ဝန်းရံသူတွေလှည့်ကြတာပေါ့၊ သူတို့လှည့်တဲ့အပေါ်မှာ ကျွန်တော်ကမသိဘူး အိမ်မှာပေါ့၊ FaceBook ကြည့်ရင်း Liveလွှင့်တာ တွေ့လိုက်တယ်၊ အဲ့ဒီအပေါ်မှာ လေးကျော်သောင်း လုပ်ပါအုံးဗျာ၊ တားပေးပါအုံးပြောတဲ့အခါကျတော့ သူပြောလိုက်တဲ့စကားက ကျွန်တော်တို့လုပ်တဲ့အနေအထားမျိုး သက်ရောက်နေတာပေါ့ဗျာ၊ အဲ့ဒီတော့ကျနော်တို့လည်းမသိဘူး၊ ကျွန်တော်တို့လုပ်တာလည်း မဟုတ်ဘူး၊…

Read More

ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW )

ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW ) မန္တလေး၊စက်တင်ဘာ၂၈-၂၀၂၀ လဲ့လဲ့ဝင်း(VOM) လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းကျော့ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။ VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။ ဒေါ်စန်းစန်းကျော့ – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၁၈ယောက် ရှိပါတယ်။ VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။ ဒေါ်စန်းစန်းကျော့ – (၁)လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို မထိခိုက်စေဘဲ အမျိုး-ဘာသာ သာသနာ နဲ့ ဝံသာနုရက္ခိတ တရားများကို အတူတကွ ကာကွယ်စောင့်ရှောက်မြှင့်တင်မည်။ (၂) ပြည်ထောင်စုငြိမ်းချမ်းရေး အမြန်ဆုံးရရှိတည်တံ့စေရမည်။ (၃) ဒီမိုကရေစီ စံနှုန်းနှင့်ညီသော မိမိနိုင်ငံနဲ့ လျော်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည်။ (၄) တရားမျှတသော ဥပဒေများပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးနဲ့ ပြည်ထောင်စုတဝှမ်းလုံး တရားဥပဒေစိုးမိုး၍ အေးချမ်းသာယာစေရမည်။ (၅) သန့်ရှင်းသော၊ အဂတိကင်းရှင်းသော၊ အရည်အချင်းပြည့်ဝသည့် ပြည်သူ့အစိုးရ အုပ်ချုပ်ရေးစနစ်အား…

Read More

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား နယ်မြေအငြင်းပွားမှုတိုက်ပွဲတွေဖြစ်နေပြီး လူ ၂၃ ဦးသေဆုံး

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား နယ်မြေအငြင်းပွားမှုတိုက်ပွဲတွေဖြစ်နေပြီး လူ ၂၃ ဦးသေဆုံး ဘာကူး၊ စက်တင်ဘာ ၂၈-၂၀၂၀ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ နှစ်ကာလရှည်ကြာပဋိပက္ခတွေထဲက တစ်ခုဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြား နယ်မြေပိုင်မှုအငြင်းပွားမှုဟာ ပြန်လည်ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေအကြီးအကျယ် ဖြစ်ပွားနေပါတယ်။ နာဂိုနို-ကာရာဘက်ဒေသမှာ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နှစ်နိုင်ငံအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် စက်တင်ဘာ ၂၈ ရက်မှာ လူ ၂၃ ဦးထိ သေဆုံးခဲ့ပါတယ်။ အဲဒီဒေသဟာ အဇာဘိုင်ဂျန်ရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် အာမေနီယန်မျိုးနွယ်စုတွေက ထိန်းချုပ်ထားပါတယ်။ ၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလတွေကလည်း အဲဒီဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋပက္ခတွေကြောင့် လူသောင်းချီပြီး သေဆုံးခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အဲဒီဒေသကို ပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ အဇာဘိုင်ဂျန်သမ္မတ အိုင်ဟမ်အာလီယက်ကပြောပါတယ်။ နာဂိုနို-ကာရာဘက်ဒေသ အပါအဝင် အဇာဘိုင်ဂျန်ဒေသအချိုကမှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေစဉ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။ ကော့ကေးဆပ်တောင်တန်းဒေသရှိ ပဋိပက္ခဟာ တိုက်ပွဲများရံဖန်ရံခါဖြစ်ပွားခြင်းနဲ့အတူ ဆယ်စုနှစ်သုံးခုကျော်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။…

Read More
VOM News

FREE
VIEW