ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW )

ပါတီမိတ်ဆက် ( မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ-PPMFW )

မန္တလေး၊စက်တင်ဘာ၂၈-၂၀၂၀
လဲ့လဲ့ဝင်း(VOM)

လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းကျော့ကို VOMသတင်းထောက်လဲ့လဲ့ဝင်းက မေးမြန်းထားတာဖြစ်ပါတယ်။

VOM- ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဘယ်လောက်အရေအတွက် ရွေးကောက်ပွဲကော်မရှင်ကိုတင်ထားလဲ။
ဒေါ်စန်းစန်းကျော့ – ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်စုစုပေါင်း ၁၈ယောက် ရှိပါတယ်။

VOM – ပါတီရဲ့ကတိကဝတ်ကဘာတွေဖြစ်မလဲ။
ဒေါ်စန်းစန်းကျော့ – (၁)လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို မထိခိုက်စေဘဲ အမျိုး-ဘာသာ သာသနာ နဲ့ ဝံသာနုရက္ခိတ တရားများကို အတူတကွ ကာကွယ်စောင့်ရှောက်မြှင့်တင်မည်။
(၂) ပြည်ထောင်စုငြိမ်းချမ်းရေး အမြန်ဆုံးရရှိတည်တံ့စေရမည်။
(၃) ဒီမိုကရေစီ စံနှုန်းနှင့်ညီသော မိမိနိုင်ငံနဲ့ လျော်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည်။
(၄) တရားမျှတသော ဥပဒေများပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးနဲ့ ပြည်ထောင်စုတဝှမ်းလုံး တရားဥပဒေစိုးမိုး၍ အေးချမ်းသာယာစေရမည်။
(၅) သန့်ရှင်းသော၊ အဂတိကင်းရှင်းသော၊ အရည်အချင်းပြည့်ဝသည့် ပြည်သူ့အစိုးရ အုပ်ချုပ်ရေးစနစ်အား ခိုင်မာစေရမည်။
(၆) နိုင်ငံစီးပွားရေး ကဏ္ဍပေါင်းစုံ အမြန်ဆုံးဖွံ့ဖြိုးတိုးတက်စေရမည်။ လူတိုင်း စားဝတ်နေရေးဖူလုံစေရမည်။
(၇) အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခိုင်မာစေရမည်။
(၈) စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ ခိုင်မာသောနိုင်ငံတကာ ပုံမှန်ဈေးကွက်နဲ့ ထိုက်တန်သော ဈေးနှုန်းရရှိစေရမည်။
(၉) လယ်ယာမြေ ပြဿနာများအမြန်ဆုံးဖြေရှင်းပေးမည်။ ခိုင်မာသော မြေယာမှုဝါဒ ပြဋ္ဌာန်းပေးမည်။
(၁၀) အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးမည်။ လုံလောက်သော လုပ်ခလစာ ပင်စင်ခံစားခွင့် ရရှိစေရမည်။
(၁၁) ပြည်ပရောက်မြန်မာလုပ်သား ဥပဒေအကာအကွယ် အပြည့်အဝ ရရှိစေရမည်။

VOM- အာဏာရပါတီနဲ့ပြည်ခိုင်ဖြိုး စတဲ့ပါတီကြီးတွေကို ဘယ်လိုအင်အားတွေနဲ့ယှဉ်ပြိုင်သွားမလဲ။
ဒေါ်စန်းစန်းကျော့ – ပါတီကြီးတွေကို ပြိုင်တာမဟုတ်ဘူး၊ ပါတီကြီးကိုအားဖြည့်တာ။ အချိန်တစ်ခုခုပေးမယ်ဆိုရင်တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမား၊ အလုပ်သမားတွေ ပြည်သူတွေကသာ ရှေ့ကနေရပ်တည်ပေးနိုင်မယ်ဆိုရင် အချိန်တစ်ခုပေးရင် အဲ့ဒီအချိန်မှာ အင်အားကြီးတစ်ခုတော့ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ပါတယ်။

VOM- ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ဘယ်နှနေရာနိုင်ခဲ့ဖူးပါသလဲ။
ဒေါ်စန်းစန်းကျော့ – ၂၀၁၄ ဒီဇင်ဘာလ၉ရက်နေ့ကမှ ပါတီဖွဲ့စည်းခွင့်ရတာ။ အချိန်ကာကတိုတဲ့အတွက် နိုင်ချေမရှိဘူး၊ ပါတီအတွက်ကိုရပ်တည်ဖို့က ရွေးကောက်ပွဲဝင်တဲ့အချိန်ဖြစ်သွားတယ်၊ အခု ၂၀၂၀မှာတော့ နည်းနည်းတော့မျှော်လင့်ထားတာပေါ့၊ စတာက ၂၀၁၄မှာဖွဲ့စည်းခွင့်စတာ ၂၀၁၅မှာဝင်ပြိုင်ရတယ် အချိန်တိုတဲ့အတွက် မနိုင်ခဲ့ဘူးပေါ့။

VOM -ပါတီရဲ့ကိုယ်စားလှယ်လောင်းကို ဘယ်လိုရွေးချယ်လဲ။
ဒေါ်စန်းစန်းကျော့ – အမျိုးသမီးကိုဦးစားပေးတယ်။ စိတ်ဓာတ်တက်ကြွသူတွေ။ ပညာအဆင့်တန်းရှိတဲ့သူ။ စိတ်စေတနာလည်းရှိတဲ့လူ ။ စိတ်ဓာတ်၊ ခံယူချက်၊ ယုံကြည်ချက် ဒီလိုအရည်အချင်းရှိပြီး၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာ၊ ကိုယ့်ဒေသဖွဲ့ဖြိုးမှုတွေလုပ်နိုင်သူကို ရွေးချယ်ပါတယ်။

VOM- ပါတီဝင်အင်အားဘယ်လောက်ရှိပါသလဲ။
ဒေါ်စန်းစန်းကျော့ – အသေးစိတ်တော့မသိဘူး။ ခန့်မှန်းချေလောက်ကတော့ ပုသိမ်ပါတီဌာနချုပ်ဖြစ်တော့ ဧရာဝတီတိုင်းတစ်တိုင်းလုံးက ကယား၊ လွိုင်ကော် ၊ ပဲခူးတိုင်းမှာရှိတဲ့လူဦးရေတွေက ပျံ့နှံ့နေပြီး ၁သိန်းကျော်ကျော်လောက်တော့ရှိတယ်။

VOM – ပါတီရဲ့ဆောင်ပုဒ်ကဘာဖြစ်မလဲ။
ဒေါ်စန်းစန်းကျော့ – လိုအပ်ချက်တွေဖြည့်ဆည်းဖို့။ မတရားမှုတွေကိုကာကွယ်ဖို့။ နစ်နာမှုတွေကူညီဖို့။ ပြည်သူ့အနာဂါတ်တွေ သာယာပြည့်စုံဖို့။

#voiceofmyanmar #VOM #ပါတီမိတ်ဆက်

Zawgyi

ပါတီမိတ္ဆက္ ( ျမန္မာႏိုင္ငံေတာင္သူလယ္သမားအလုပ္သမားျပည္သူ႔ပါတီ-PPMFW )

မႏၲေလး၊စက္တင္ဘာ၂၈-၂၀၂၀
လဲ့လဲ့ဝင္း(VOM)

လာမယ့္၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ့္ ျမန္မာႏိုင္ငံေတာင္သူလယ္သမားအလုပ္သမားျပည္သူ႔ပါတီရဲ႕ အေထြေထြအတြင္းေရးမႉး ေဒၚစန္းစန္းေက်ာ့ကို VOMသတင္းေထာက္လဲ့လဲ့ဝင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

VOM- ပါတီအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဘယ္ေလာက္အေရအတြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုတင္ထားလဲ။
ေဒၚစန္းစန္းေက်ာ့ – ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္စုစုေပါင္း ၁၈ေယာက္ ရွိပါတယ္။

VOM – ပါတီရဲ႕ကတိကဝတ္ကဘာေတြျဖစ္မလဲ။
ေဒၚစန္းစန္းေက်ာ့ – (၁)လြတ္လပ္စြာ ကိုးကြယ္ယုံၾကည္ခြင့္ကို မထိခိုက္ေစဘဲ အမ်ိဳး-ဘာသာ သာသနာ နဲ႔ ဝံသာႏုရကၡိတ တရားမ်ားကို အတူတကြ ကာကြယ္ေစာင့္ေရွာက္ျမႇင့္တင္မည္။
(၂) ျပည္ေထာင္စုၿငိမ္းခ်မ္းေရး အျမန္ဆုံးရရွိတည္တံ့ေစရမည္။
(၃) ဒီမိုကေရစီ စံႏႈန္းႏွင့္ညီေသာ မိမိႏိုင္ငံနဲ႔ ေလ်ာ္ညီေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္မည္။
(၄) တရားမွ်တေသာ ဥပေဒမ်ားျပင္ဆင္ျပ႒ာန္းႏိုင္ေရးနဲ႔ ျပည္ေထာင္စုတဝွမ္းလုံး တရားဥပေဒစိုးမိုး၍ ေအးခ်မ္းသာယာေစရမည္။
(၅) သန႔္ရွင္းေသာ၊ အဂတိကင္းရွင္းေသာ၊ အရည္အခ်င္းျပည့္ဝသည့္ ျပည္သူ႔အစိုးရ အုပ္ခ်ဳပ္ေရးစနစ္အား ခိုင္မာေစရမည္။
(၆) ႏိုင္ငံစီးပြားေရး က႑ေပါင္းစုံ အျမန္ဆုံးဖြံ႕ၿဖိဳးတိုးတက္ေစရမည္။ လူတိုင္း စားဝတ္ေနေရးဖူလံုေစရမည္။
(၇) အခမဲ့ပညာေရး၊ အခမဲ့က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ခိုင္မာေစရမည္။
(၈) စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးထုတ္ကုန္မ်ား ခိုင္မာေသာႏိုင္ငံတကာ ပုံမွန္ေဈးကြက္နဲ႔ ထိုက္တန္ေသာ ေဈးႏႈန္းရရွိေစရမည္။
(၉) လယ္ယာေျမ ျပႆနာမ်ားအျမန္ဆုံးေျဖရွင္းေပးမည္။ ခိုင္မာေသာ ေျမယာမႈဝါဒ ျပ႒ာန္းေပးမည္။
(၁၀) အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးမည္။ လုံေလာက္ေသာ လုပ္ခလစာ ပင္စင္ခံစားခြင့္ ရရွိေစရမည္။
(၁၁) ျပည္ပေရာက္ျမန္မာလုပ္သား ဥပေဒအကာအကြယ္ အျပည့္အဝ ရရွိေစရမည္။

VOM- အာဏာရပါတီနဲ႔ျပည္ခိုင္ၿဖိဳး စတဲ့ပါတီႀကီးေတြကို ဘယ္လိုအင္အားေတြနဲ႔ယွဥ္ၿပိဳင္သြားမလဲ။
ေဒၚစန္းစန္းေက်ာ့ – ပါတီႀကီးေတြကို ၿပိဳင္တာမဟုတ္ဘူး၊ ပါတီႀကီးကိုအားျဖည့္တာ။ အခ်ိန္တစ္ခုခုေပးမယ္ဆိုရင္ေတာ့ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာရွိတဲ့ ေတာင္သူလယ္သမား၊ အလုပ္သမားေတြ ျပည္သူေတြကသာ ေရွ႕ကေနရပ္တည္ေပးႏိုင္မယ္ဆိုရင္ အခ်ိန္တစ္ခုေပးရင္ အဲ့ဒီအခ်ိန္မွာ အင္အားႀကီးတစ္ခုေတာ့ျဖစ္လာလိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

VOM- ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲေတြမွာ ဘယ္ႏွေနရာႏိုင္ခဲ့ဖူးပါသလဲ။
ေဒၚစန္းစန္းေက်ာ့ – ၂၀၁၄ ဒီဇင္ဘာလ၉ရက္ေန႔ကမွ ပါတီဖြဲ႕စည္းခြင့္ရတာ။ အခ်ိန္ကာကတိုတဲ့အတြက္ ႏိုင္ေခ်မရွိဘူး၊ ပါတီအတြက္ကိုရပ္တည္ဖို႔က ေရြးေကာက္ပြဲဝင္တဲ့အခ်ိန္ျဖစ္သြားတယ္၊ အခု ၂၀၂၀မွာေတာ့ နည္းနည္းေတာ့ေမွ်ာ္လင့္ထားတာေပါ့၊ စတာက ၂၀၁၄မွာဖြဲ႔စည္းခြင့္စတာ ၂၀၁၅မွာဝင္ၿပိဳင္ရတယ္ အခ်ိန္တိုတဲ့အတြက္ မႏိုင္ခဲ့ဘူးေပါ့။

VOM -ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းကို ဘယ္လိုေ႐ြးခ်ယ္လဲ။
ေဒၚစန္းစန္းေက်ာ့ – အမ်ိဳးသမီးကိုဦးစားေပးတယ္။ စိတ္ဓာတ္တက္ႂကြသူေတြ။ ပညာအဆင့္တန္းရွိတဲ့သူ။ စိတ္ေစတနာလည္းရွိတဲ့လူ ။ စိတ္ဓာတ္၊ ခံယူခ်က္၊ ယုံၾကည္ခ်က္ ဒီလိုအရည္အခ်င္းရွိၿပီး၊ ကိုယ့္တိုင္းျပည္ ကိုယ့္လူမ်ိဳး၊ ကိုယ့္ဘာသာ သာသနာ၊ ကိုယ့္ေဒသဖြဲ႕ၿဖိဳးမႈေတြလုပ္ႏိုင္သူကို ေ႐ြးခ်ယ္ပါတယ္။

VOM- ပါတီဝင္အင္အားဘယ္ေလာက္ရွိပါသလဲ။
ေဒၚစန္းစန္းေက်ာ့ – အေသးစိတ္ေတာ့မသိဘူး။ ခန္႔မွန္းေခ်ေလာက္ကေတာ့ ပုသိမ္ပါတီဌာနခ်ဳပ္ျဖစ္ေတာ့ ဧရာဝတီတိုင္းတစ္တိုင္းလုံးက ကယား၊ လြိဳင္ေကာ္ ၊ ပဲခူးတိုင္းမွာရွိတဲ့လူဦးေရေတြက ပ်ံ႕ႏွံ႔ေနၿပီး ၁သိန္းေက်ာ္ေက်ာ္ေလာက္ေတာ့ရွိတယ္။

VOM – ပါတီရဲ႕ေဆာင္ပုဒ္ကဘာျဖစ္မလဲ။
ေဒၚစန္းစန္းေက်ာ့ – လိုအပ္ခ်က္ေတြျဖည့္ဆည္းဖို႔။ မတရားမႈေတြကိုကာကြယ္ဖို႔။ နစ္နာမႈေတြကူညီဖို႔။ ျပည္သူ႔အနာဂါတ္ေတြ သာယာျပည့္စုံဖို႔။

#voiceofmyanmar #VOM #ပါတီမိတ္ဆက္

Related posts

Leave a Comment

VOM News

FREE
VIEW