အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား နယ်မြေအငြင်းပွားမှုတိုက်ပွဲတွေဖြစ်နေပြီး လူ ၂၃ ဦးသေဆုံး

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့အကြား နယ်မြေအငြင်းပွားမှုတိုက်ပွဲတွေဖြစ်နေပြီး လူ ၂၃ ဦးသေဆုံး

ဘာကူး၊ စက်တင်ဘာ ၂၈-၂၀၂၀
မျိုးဆက်(VOM)

ကမ္ဘာပေါ်မှာ နှစ်ကာလရှည်ကြာပဋိပက္ခတွေထဲက တစ်ခုဖြစ်တဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြား နယ်မြေပိုင်မှုအငြင်းပွားမှုဟာ ပြန်လည်ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေအကြီးအကျယ် ဖြစ်ပွားနေပါတယ်။

နာဂိုနို-ကာရာဘက်ဒေသမှာ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နှစ်နိုင်ငံအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲများကြောင့် စက်တင်ဘာ ၂၈ ရက်မှာ လူ ၂၃ ဦးထိ သေဆုံးခဲ့ပါတယ်။

အဲဒီဒေသဟာ အဇာဘိုင်ဂျန်ရဲ့ နယ်မြေအစိတ်အပိုင်းအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပေမယ့် အာမေနီယန်မျိုးနွယ်စုတွေက ထိန်းချုပ်ထားပါတယ်။

၁၉၉၀ ပြည့်နှစ်အစောပိုင်းကာလတွေကလည်း အဲဒီဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋပက္ခတွေကြောင့် လူသောင်းချီပြီး သေဆုံးခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ အဲဒီဒေသကို ပြန်လည်ထိန်းချုပ်နိုင်မယ်ဆိုတာ ယုံကြည်မှုရှိတယ်လို့ အဇာဘိုင်ဂျန်သမ္မတ အိုင်ဟမ်အာလီယက်ကပြောပါတယ်။

နာဂိုနို-ကာရာဘက်ဒေသ အပါအဝင် အဇာဘိုင်ဂျန်ဒေသအချိုကမှာ အကြမ်းဖက်မှုတွေဖြစ်ပွားနေစဉ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

ကော့ကေးဆပ်တောင်တန်းဒေသရှိ ပဋိပက္ခဟာ တိုက်ပွဲများရံဖန်ရံခါဖြစ်ပွားခြင်းနဲ့အတူ ဆယ်စုနှစ်သုံးခုကျော်အထိ ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။

ဇူလိုင်လအတွင်းကလည်း နယ်စပ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ ၁၆ ဦးသေဆုံးခဲ့ပြီး အဲဒီဒေသကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် မြို့တော်ဘာကူးမှာ အကြီးအကျယ်ဆန္ဒပြခဲ့ကြပါတယ်။

Ref : BBC
Photo:Global247
#voiceofmyanmar #VOM #ဘာကူး

Zawgyi

အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္တို႔အၾကား နယ္ေျမအျငင္းပြားမႈတိုက္ပြဲေတြျဖစ္ေနၿပီး လူ ၂၃ ဦးေသဆုံး

ဘာကူး၊ စက္တင္ဘာ ၂၈-၂၀၂၀
မ်ိဳးဆက္(VOM)

ကမာၻေပၚမွာ ႏွစ္ကာလရွည္ၾကာပဋိပကၡေတြထဲက တစ္ခုျဖစ္တဲ့ အာေမးနီးယားနဲ႔ အဇာဘိုင္ဂ်န္ႏိုင္ငံတို႔အၾကား နယ္ေျမပိုင္မႈအျငင္းပြားမႈဟာ ျပန္လည္ျဖစ္ေပၚေနၿပီး တိုက္ပြဲေတြအႀကီးအက်ယ္ ျဖစ္ပြားေနပါတယ္။

နာဂိုႏို-ကာရာဘက္ေဒသမွာ ဆိုဗီယက္အဖြဲ႕ဝင္ေဟာင္း ႏွစ္ႏိုင္ငံအၾကားျဖစ္ပြားေနတဲ့ တိုက္ပြဲမ်ားေၾကာင့္ စက္တင္ဘာ ၂၈ ရက္မွာ လူ ၂၃ ဦးထိ ေသဆုံးခဲ့ပါတယ္။

အဲဒီေဒသဟာ အဇာဘိုင္ဂ်န္ရဲ႕ နယ္ေျမအစိတ္အပိုင္းအျဖစ္ ႏိုင္ငံတကာက အသိအမွတ္ျပဳထားေပမယ့္ အာေမနီယန္မ်ိဳးႏြယ္စုေတြက ထိန္းခ်ဳပ္ထားပါတယ္။

၁၉၉၀ ျပည့္ႏွစ္အေစာပိုင္းကာလေတြကလည္း အဲဒီေဒသမွာျဖစ္ပြားခဲ့တဲ့ ပဋပကၡေတြေၾကာင့္ လူေသာင္းခ်ီၿပီး ေသဆုံးခဲ့ပါတယ္။ လက္ရွိအေျခအေနမွာ အဲဒီေဒသကို ျပန္လည္ထိန္းခ်ဳပ္ႏိုင္မယ္ဆိုတာ ယုံၾကည္မႈရွိတယ္လို႔ အဇာဘိုင္ဂ်န္သမၼတ အိုင္ဟမ္အာလီယက္ကေျပာပါတယ္။

နာဂိုႏို-ကာရာဘက္ေဒသ အပါအဝင္ အဇာဘိုင္ဂ်န္ေဒသအခ်ိဳကမွာ အၾကမ္းဖက္မႈေတြျဖစ္ပြားေနစဥ္မွာ စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားပါတယ္။

ေကာ့ေကးဆပ္ေတာင္တန္းေဒသရွိ ပဋိပကၡဟာ တိုက္ပြဲမ်ားရံဖန္ရံခါျဖစ္ပြားျခင္းနဲ႔အတူ ဆယ္စုႏွစ္သုံးခုေက်ာ္အထိ ေျဖရွင္းႏိုင္ျခင္းမရွိေသးပါဘူး။

ဇူလိုင္လအတြင္းကလည္း နယ္စပ္မွာျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြေၾကာင့္ လူ ၁၆ ဦးေသဆုံးခဲ့ၿပီး အဲဒီေဒသကို ျပန္လည္စိုးမိုးႏိုင္ေရးအတြက္ ၿမိဳ႕ေတာ္ဘာကူးမွာ အႀကီးအက်ယ္ဆႏၵျပခဲ့ၾကပါတယ္။

Ref : BBC
Photo:Global247
#voiceofmyanmar #VOM #ဘာကူး

Related posts

Leave a Comment

VOM News

FREE
VIEW