ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ၂လ ထပ်မံရပ်နားဖို့ တင်ပြထား

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ၂လ ထပ်မံရပ်နားဖို့ တင်ပြထား

ဖားကန့်၊ စက်တင်ဘာ ၃၀-၂၀၂၀
ဇော်မိုးထက်(VOM)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်ရတနာနယ်မြေရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ကိုဗစ်-၁၉ ကူးစက်မှုတွေကြောင့် အောက်တိုဘာလကနေ နိုဝင်ဘာလအထိ ၂လ ထပ်မံရပ်နားထားဖို့ တင်ပြထားတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူက ပြောပါတယ်။

ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ မိုးရာသီရောက်တိုင်း ကမ်းပါးပြိုမှု ၊နွံကန်ပေါက်ကြမှု ၊ ကျောက်မျက်လုပ်ကွက် ကမ်းပါးပြိုကျမှုတွေကြောင့် လူပေါင်းရာနဲ့ချီပြီး အစုလိုက် သေဆုံးနေခဲ့တာဖြစ်ပါတယ်။

အဲဒီလို လူသေဆုံးမှုတွေကိုလျှော့ချနိုင်ဖို့အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၉ခုနှစ်ကစပြီး နှစ်စဉ် မိုးရာသီရောက်တိုင်း ဇူလိုင်လ ၁ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးရွာသွန်းမှုအများဆုံး ၃လကို တူးဖော်ရေးလုပ်ငန်းတွေရပ်နားထားဖို့ ညွှန်ကြားခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ခုနှစ်မှာလည်း မိုးရွာသွန်းမှုများတဲ့ ဇူလိုင်လဆန်းပိုင်းကနေ စက်တင်ဘာလ အထိ ရပ်နားရန် ညွှန်ကြားထားခဲ့တာလည်းဖြစ်ပါတယ်။ စက်တင်ဘာလကုန်ရင်တော့ မိုးရာသီ ရပ်နားထားဖု့ိ ညွှန်ကြားချက်ဟာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

” အခုဟာက ကူးစက်ရောဂါနဲ့ အတည်ပြုလူနာတွေကလည်း ဆက်တိုက်တွေ့နေရတယ်လေ ။ လုပ်ငန်းရှင်တွေနဲ့ရော ၊သက်ဆိုင်ရာ ဌာနတွေနဲ့ရော ဆွေးနွေးတိုင်ပင်ပြီး အထက်ကို တင်ပြထားတုန်းပဲ ရှိပါသေးတယ်။ ဘာမှတော့ အတည်မပြုနိုင်သေးပါဘူး ။ ဒါပေမဲ့ ခွင့်ပြုဖို့များပါတယ်။ တရက်၊ နှစ်ရက်နေရင် ကျနော်တို့ တရားဝင်ထုတ်ပြန်ပေးပါ့မယ်”လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန ၊မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်းကြားရေးမှူး ဦးမင်းသူက ပြောပါတယ်။

ဖားကန့်ဒေသမှာ စက်တင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ဆက်တိုက်တွေ့ရှိနေတာကြောင့် တူးဖော်ရေးလုပ်ငန်းတွေကို နောက်ထပ်နှစ်လလောက် ဆက်ရပ်လက်ရပ်နားထားဖို့အတွက် သက်ဆိုင်ရာကျောက်မျက်ကုမ္မဏီလုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြထားတာဖြစ်တယ်လို့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းကပြောပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကိုဗစ် #ကျောက်တူးဖော်ရေး #၂လရပ်ဖို့တင်ပြထား

Zawgyi

ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို ၂လ ထပ္မံရပ္နားဖို႔ တင္ျပထား

ဖားကန္႔၊ စက္တင္ဘာ ၃၀-၂၀၂၀
ေဇာ္မိုးထက္(VOM)

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ရတနာနယ္ေျမရွိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြကို ကိုဗစ္-၁၉ ကူးစက္မႈေတြေၾကာင့္ ေအာက္တိုဘာလကေန ႏိုဝင္ဘာလအထိ ၂လ ထပ္မံရပ္နားထားဖို႔ တင္ျပထားတယ္လို႔ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းမွ ဦးေဆာင္ၫႊန္ၾကားေရးမႉး ဦးမင္းသူက ေျပာပါတယ္။

ဖားကန႔္ေဒသရွိ ေက်ာက္စိမ္းတူးေဖာ္ေရးလုပ္ငန္းေတြဟာ မိုးရာသီေရာက္တိုင္း ကမ္းပါးၿပိဳမႈ ၊ႏြံကန္ေပါက္ၾကမႈ ၊ ေက်ာက္မ်က္လုပ္ကြက္ ကမ္းပါးၿပိဳက်မႈေတြေၾကာင့္ လူေပါင္းရာနဲ႔ခ်ီၿပီး အစုလိုက္ ေသဆုံးေနခဲ့တာျဖစ္ပါတယ္။

အဲဒီလို လူေသဆုံးမႈေတြကိုေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ၂၀၁၉ခုႏွစ္ကစၿပီး ႏွစ္စဥ္ မိုးရာသီေရာက္တိုင္း ဇူလိုင္လ ၁ရက္ေန႔ကေန စက္တင္ဘာလကုန္အထိ မိုး႐ြာသြန္းမႈအမ်ားဆုံး ၃လကို တူးေဖာ္ေရးလုပ္ငန္းေတြရပ္နားထားဖို႔ ၫႊန္ၾကားခဲ့တာလည္းျဖစ္ပါတယ္။

၂၀၂၀ခုႏွစ္မွာလည္း မိုး႐ြာသြန္းမႈမ်ားတဲ့ ဇူလိုင္လဆန္းပိုင္းကေန စက္တင္ဘာလ အထိ ရပ္နားရန္ ၫႊန္ၾကားထားခဲ့တာလည္းျဖစ္ပါတယ္။ စက္တင္ဘာလကုန္ရင္ေတာ့ မိုးရာသီ ရပ္နားထားဖု႔ိ ၫႊန္ၾကားခ်က္ဟာ ကုန္ဆုံးေတာ့မွာ ျဖစ္ပါတယ္။

” အခုဟာက ကူးစက္ေရာဂါနဲ႔ အတည္ျပဳလူနာေတြကလည္း ဆက္တိုက္ေတြ႕ေနရတယ္ေလ ။ လုပ္ငန္းရွင္ေတြနဲ႔ေရာ ၊သက္ဆိုင္ရာ ဌာနေတြနဲ႔ေရာ ေဆြးေႏြးတိုင္ပင္ၿပီး အထက္ကို တင္ျပထားတုန္းပဲ ရွိပါေသးတယ္။ ဘာမွေတာ့ အတည္မျပဳႏိုင္ေသးပါဘူး ။ ဒါေပမဲ့ ခြင့္ျပဳဖို႔မ်ားပါတယ္။ တရက္၊ ႏွစ္ရက္ေနရင္ က်ေနာ္တို႔ တရားဝင္ထုတ္ျပန္ေပးပါ့မယ္”လို႔ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိန္းေရးဝန္ႀကီးဌာန ၊ျမန္မာေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္း ဦးေဆာင္ၫႊန္းၾကားေရးမႉး ဦးမင္းသူက ေျပာပါတယ္။

ဖားကန႔္ေဒသမွာ စက္တင္ဘာလဆန္းပိုင္းကစၿပီး ကိုဗစ္-၁၉ အတည္ျပဳလူနာေတြ ဆက္တိုက္ေတြ႕ရွိေနတာေၾကာင့္ တူးေဖာ္ေရးလုပ္ငန္းေတြကို ေနာက္ထပ္ႏွစ္လေလာက္ ဆက္ရပ္လက္ရပ္နားထားဖို႔အတြက္ သက္ဆိုင္ရာေက်ာက္မ်က္ကုမၼဏီလုပ္ငန္းရွင္ေတြနဲ႔ တိုင္ပင္ၿပီး ျပည္ေထာင္စုအဆင့္ကို တင္ျပထားတာျဖစ္တယ္လို႔ ျမန္မာ့ေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးလုပ္ငန္းကေျပာပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #ကိုဗစ္ #ေက်ာက္တူးေဖာ္ေရး #၂လရပ္ဖို႔တင္ျပထား

Related posts

Leave a Comment

VOM News

FREE
VIEW