ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဘန်ကောက်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ ဘန်ကောက်၊ စက်တင်ဘာ ၂၀-၂၀၂၀ မျိုးဆက် (VOM) ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၉ ရက်ညပိုင်းအထိ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြသူအများစုဟာ လူငယ်တွေဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေကြပါတယ်။ သူတို့ဟာ စက်တင်ဘာ ၁၉ ရက်မှာ သမာဆက်တက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ခဲ့ပြီး ဘုရင့်နန်းတော်ပြင်ပရှိ ရင်ပြင်တစ်ခုကိုလည်း သိမ်းပိုက်နေရာယူခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ လူ ငါးသောင်းကျော်ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေကပြောပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ထိုင်းအစိုးရသက်တမ်းအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတစ်ခုလည်းဖြစ်ပါတယ်။ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ အတူ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရွေးကောက်ပွဲပြီးနောက် အာဏာကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ သူဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုခြင်းနဲ့ အတူ အာဏာရှင်ဆန်တဲ့သဘောထားရှိတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပြီး အစိုးရကို ထောက်ခံပေးထားတဲ့ ဘုရင်စနစ်ကိုလည်း…
Read MoreMonth: September 2020
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့လွှတ်တော်)
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့လွှတ်တော်) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ချမ်းအေးသာစံမြို့နယ်ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်စိုးနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဦးကျော်ကျော်စိုး Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးကျော်ကျော်စိုး (ပြည်သူ့ပါတီ ၊…
Read Moreစစ်တောင်းမြစ်ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး
စစ်တောင်းမြစ်ကမ်းအနီးက ကျေးရွာတစ်ရွာမှာ ဒီရေလှိုင်းဒဏ်ကြောင့် လူ ၃ ဦးနဲ့နေအိမ်တစ်လုံးပျောက်ဆုံး နေပြည်တော်၊စက်တင်ဘာ၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ စစ်တောင်းမြစ်ကမ်းအနီး၊ စစ်တောင်းကျေးရွာအုပ်စု၊ အေးသီတာပိုင်းမှာ ဒီကနေ့မနက် အစောပိုင်းက ဒီရေလှိုင်းပုတ်ခံမှုကြောင့် မိသားစု ၃ ဦး ပျောက်ဆုံးနေတယ်လို့ သိမ်ဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။ “မနက်ခြောက်နာရီလောက် ဒီရေတက်ချိန် နေအိမ်နဲ့မျှောပါသွားတာ။ ခင်ပွန်းနဲ့ကလေး နှစ်ယောက် လွတ်မြောက်ခဲ့ပေမယ့် ဇနီးနဲ့သားနှစ်ယောက် ရေထဲမျှောပါ ပျောက်ဆုံးသွားတာပါ။ ခုချိန်ထိ ရှာဖွေနေတုန်းပါ” လို့ သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကရှင်းပြပါတယ်။ စစ်တောင်းမြစ်ကမ်းဘေးရှိ ဦးလင်းလင်းပိုင်ရဲ့ မြေစိုက်တဲတစ်လုံးဟာ ဒီရေတက်ချိန် လှိုင်းပုတ်ရာကနေ ရေထဲမျှော်ပါသွားတာဖြစ်ပြီး အခင်းဖြစ်ချိန် ကလေးနှစ်ဦးနဲ့ဦးလင်းလင်းပိုင်တို့ထွက်ပြေးလွတ်မြောက်သွားပေမယ့် ဇနီးဖြစ်သူနဲ့အသက်၂ နှစ်သား ကလေးတစ်ဦး၊ နှစ်လသားအရွယ်နို့စို့အရွယ်တစ်ဦး စုစုပေါင်း သုံးဦးပျောက်ဆုံးနေတာဖြစ်တယ်လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။ ရေထဲမျှောပါပျောက်ဆုံးနေသူတွေဟာ ဒေါ်ကြည်ခင်(၃၀ နှစ်)၊ မောင်မိုးဟိန်း(၂ နှစ်)နဲ့မောင်လင်းအောင်(၂ လ)တို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊…
Read Moreကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ
ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ပြုဖို့ကို သဘောတူလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ခုလက်ရှိတက်လာတဲ့နူန်းက ဒီနေ့ဆိုလဲ တက်လာတာက ၃၀၀ ကျော် မနေ့ကဆို ၄၀၀ ကျော် ဖြစ်နေတယ်၊ ပြန်ဆင်းတဲ့နူန်းက ၁၀၀ ကျော်ပဲရှိတယ်ဆိုတော့ ထပ်ပြီးလူနာကိုဆေးရုံတင်မယ့်ကိစ္စတွေလိုလာတဲ့အခါ ပုဂ္ဂလိကဆေးရုံတွေဘက်က သူတို့ပါဝင်မယ်ဆိုပြီး တင်ပြကြတော့ ဆရာကြီးက မူအားဖြင့်သဘောတူတယ်လို့ မနေ့ကလုပ်တဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။ “လို့ ပြောပါတယ်။ ကိုဗစ်အတည်ပြုလူနာအရေအတွက်တွေ့ရှိမှုဟာ နေ့စဉ်မြှင့်တက်နေတာကြောင့် ဆေးရုံတွေမှာကုသမှုပေးရမယ့် လူနာထပ်တိုးလာနိုင်တဲ့အတွက် အခုလိုစီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကဆေးရုံတွေမှာ လူနာတွေလက်ခံကုသနိုင်ဖို့ကတော့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရအုံးမှာဖြစ်ကြောင်းနဲ့…
Read Moreနေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား နေပြည်တော်၊ စက်တင်ဘာ ၂၀ – ၂၀၂၀ စွမ်းရဲထွဋ် (VOM) နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ မနက်ပိုင်းမှာ ပြောပါတယ်။ “ဇမ္ဗူသီရိမြို့နယ်ထဲက တစ်ယောက်ပေါ့နော်။ ကုတင် တစ်ထောင်ကို မနေ့က ဖျားလို့ လာပြတယ်။ လာပြတယ်မဟုတ်ဘူး။ ရောက်လာတော့ လမ်းမှာပဲ အသက်ထွက်သွားတယ်။ ဆေးရုံရောက်တော့ ကျနော်တို့က စိတ်ပူတာနဲ့ Swab ယူလိုက်တာ့ Positive ဖြစ်နေတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ သေဆုံးသူဟာ အသက် ၆၁ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးလို့လည်း ကြားသိရပါတယ်။ ဒေါက်တာမြတ်ဝဏ္ဏစိုးကတော့ “အသက် ၆၁ နှစ်အရွယ်ဆိုတာ ဟုတ်ပါတယ်။ ရာထူးနဲ့ ဌာနတွေကတော့ ကျနော်တို့ ပြောလို့မရပါဘူး”လို့…
Read MoreYBS ယာဉ်တွေမှာ ကြော်ငြာကပ်တာတွေကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်သွားမယ်
YBS ယာဉ်တွေမှာ ကြော်ငြာကပ်တာတွေကို သတ်မှတ်ချက်အတိုင်း လိုက်နာမှုမရှိရင် အရေးယူဆောင်ရွက်သွားမယ် ရန်ကုန်၊ စက်တင်ဘာ ၁၉-၂၀၂၀ ယဉ်ပပထွန်း ( VOM ) YBS ခရီးသည်ယာဉ်တွေအနေနဲ့ ကြော်ငြာတွေကပ်ရာမှာ သတ်မှတ်ချက်တွေကို လိုက်နာမူမရှိပါက အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အရေးယူဆောင်ရွက်တာတွေပြုလုပ်သွားမှာဖြစ်တယ်လို့ YRTAကနေ သိရပါတယ်။ အထွေထွေရွေးကောက်ပွဲရက် နီးကပ်လာတဲ့အတွက် YBS ဘတ်စ်ကားတချို့မှာ ပါတီစတစ်ကာတွေကပ်လာတာကို တွေ့လာရတဲ့အတွက် YBSယာဉ်တွေအနေနဲ့အများပြည်သူသယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာမှာ ပါတီအလံများ စတစ်ကာများကပ်ခြင်းကို မဆောင်ရွက်ဖို့ အသိပေးကြေညာစာတွေလည်းYRTAကနေ ထုတ်ပြန်ထားတယ်လို့ ယာဉ်မောင်းအချို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ ” မဲဆွယ်တာကို ဘာမှမပြောလိုဘူး ။ မော်တေ်ကားတွေပြုပြင်ပြောင်းလဲတဲ့အခါမှာ မြို့တော်စည်ပင်သာယာရေးကော်မတီဥပဒေထဲမှာ ဖော်ပြထားတာရှိတယ် ။ လိုက်နာဖို့အတွက် ယာဉ်လိုင်းတွေကို ထုတ်ထားတယ် ။ မလိုက်နာဘူးဆိုရင် သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းကို မလိုက်နာတာဖြစ်တယ်။ အကောင်းဆုံးကတော့ ဥပဒေနဲ့အညီဆောင်ရွက်တာအကောင်းဆုံးပဲ ။…
Read Moreကိုဗစ်ဒုတိယလှိုင်းကြောင့် မန္တလေး ကုန်စည်ဒိုင်ကို ယာယီပြန်ပိတ်မယ်
ကိုဗစ်ဒုတိယလှိုင်းကြောင့် မန္တလေး ကုန်စည်ဒိုင်ကို ယာယီပြန်ပိတ်မယ် မန္တလေး၊ စက်တင်ဘာ ၁၉-၂၀၂၀ မောင်တာရာ (VOM) Covid -19 ရောဂါကူးစက်မှုမြှင့်မားလာတဲ့အတွက် မန္တလေးမြို့ ပွဲစား၊ ကုန်စည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း(ကုန်စည်ဒိုင်)ကို လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့က စတင်ပြီး ယာယီပြန်လည်ပိတ်သွားမယ်လို့ ကုန်စည်ဒိုင် ဒု-ဥက္ကဌ ဦးမျိုးဆွေက ပြောပါတယ်။ ပြည်တွင်းကူးစက်ခံရမှုမြှင့်တက်လာတဲ့အတွက် အသင်းသူ၊အသင်းသားတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ကျန်းမာရေးကို ရှေ့ရှုပြီး ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ကုန်စည်ဒိုင် အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ကုန်စည်ဒိုင်ကို စက်တင်ဘာလ ၂၁ ရက်နေ့ကနေ အောက်တိုဘာ တစ်ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ သိရပါတယ်။ ”ဒီလ ၂၁ ရက်နေ့က စပိတ်ပါမယ်။ အဓိကက ကျန်းမာရေးကြောင့် ပြန်လည်ပြီးယာယီပိတ်တာပါ။ လက်ကျန် လုပ်စရာလေးတွေရှိတာ လုပ်ရအောင် မနက်ဖန် တစ်ရက်တော့ ဖွင့်ပါမယ်။”လို့…
Read Moreအမေရိကန်ပြည်သူအားလုံးအတွက် ဧပြီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရမယ်လို့ ဒေါ်နယ်ထရန့်ပြော
အမေရိကန်ပြည်သူအားလုံးအတွက် ဧပြီလမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရမယ်လို့ ဒေါ်နယ်ထရန့်ပြော ဝါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၀ မျိုးဆက်(VOM) လာမယ့် ဧပြီလမှာ အမေရိကန်ပြည်သူအားလုံးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး ရရှိလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သန်းနဲ့ချီတဲ့ ကာကွယ်ဆေးတွေကို လစဉ်လတိုင်းရရှိမှာဖြစ်တယ်လို့ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ စက်တင်ဘာ ၁၈ ရက်ကပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုဟာ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးရဲ့ခန့်မှန်းချက်နဲ့ ကွဲလွဲနေပါတယ်။ ကာကွယ်ဆေးဟာ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်သို့မဟုတ် တတိယသုံးလပတ်ကျမှသာ အမေရိကန်ပြည်သူတွေအတွက် ယေဘူယျအားဖြင့် ရရှိနိုင်မယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ရောဘတ်ရက်ဖီးက ကွန်ဂရက်ကြားနာမှုတစ်ရပ်မှာ ပြောဆိုထားပါတယ်။ ရောဘတ်ဖီးရဲ့ ပြောဆိုချက်ဟာ အချက်အလက်မမှန်ကန်ကြောင်း ဒေါ်နယ်ထရန့်က တုံ့ပြန်ပြောဆိုထားပြီး အခုနှစ်ကုန်မှာ ကာကွယ်ဆေး သန်း ၁၀၀ ထက်မနည်းကို ပြည်သူတွေအတွက် ဖြန့်ဖြူးပေးနိုင်တယ်လို့ ဆိုပါတယ်။ သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက် ၅၀…
Read Moreသက္ကလတိုက်နယ်ဆေးရုံမှာ ပထမအကြိမ် ပိုးမတွေ့အဖြေထွက်ထားသူတွေထဲက ၃၅ ဦးမှာ Covid-19 ပိုးပြန်တွေ့
သက္ကလတိုက်နယ်ဆေးရုံမှာ ပထမအကြိမ် ပိုးမတွေ့အဖြေထွက်ထားသူတွေထဲက ၃၅ ဦးမှာ Covid-19 ပိုးပြန်တွေ့ နေပြည်တော်၊စက်တင်ဘာ ၁၉-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ ကဝမြို့နယ်ထဲမှာ Covid-19အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ ၁၁၂ ဦးကို သက္ကလတိုက်နယ်ဆေးရုံမှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားပြီး ပထမအကြိမ်တို့ပတ်နမူနာယူစစ်ဆေးချိန်က နက်ဂတစ်(ပိုးမတွေ့)အဖြေထွက်ရှိထားသူ ၃၅ ဦးမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကဝမြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ” ဒီကနေ့ လူနာ ၃၅ ဦးက ၈ ရက်နေ့ကစစ်ဆေးစဉ် နက်ဂတစ်အဖြေထွက်ထားပြီးသူတွေပါ။ ဒီကနေ့ ရောဂါးပိုးပြန်တွေ့တာဖြစ်ပြီး ဆေးရုံမှာ စောင့်ကြည့်ထားတဲ့ ၁၁၂ ဦးထဲကပါ။ထပ်စစ်မယ် မစစ်ဘူးကတော့ အထက်က ညွန်ကြားမှသာ သိရမယ်”လို့ ကဝမြို့နယ်ပြည် သူ့ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်က ပြောပါတယ်။ ကဝမြို့နယ်၊ သက္ကလစံပြကျေးရွာ တိုက်နယ်ဆေးရုံက ကျန်းမာရေးဝန်ထမ်းတစ်ဦး စက်တင်ဘာ ၅ ရက်နေ့မှာ Covid…
Read Moreပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအေးကြူ (ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် ပြည်သူ့လွှတ်တော်)
ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအေးကြူ (ပြည်သူ့ပါတီ ၊ ပြည်ကြီးတံခွန် ပြည်သူ့လွှတ်တော်) ကိုဗစ်ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် လူပေါင်း ၄၆၀၀ကျော်ကူးစက်ခံရပြီး ၇၅ ဦးသေဆုံးတဲ့ ကာလမှာ ရွေးကောက်ပွဲမဲဆွယ်ရတဲ့ ပါတီကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ်စည်းရုံးရာမှာ အခက်အခဲအများကြီးရှိနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် Voice Of Myanmar (VOM) သတင်းဌာနရဲ့ စတူရီယိုကို မဲဆွယ်ဖို့လိုအပ်နေတဲ့ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေအတွက် အသုံးပြုခွင့်ပေးပြီး အွန်လိုင်းကနေ အစီအစဉ်တွေတင်ပေးခြင်းနဲ့ ကူညီပံ့ပိုးပေးနေပါတယ်။ ဒါမှသာ ပြည်သူအများ ကိုဗစ်၁၉ ပိုးကူးမယ့် အန္တရာယ်ကို ကာကွယ်နိုင်မှာဖြစ်ပြီး ကျမ္မာရေးဝန်ထမ်းတွေကို အကူညီပေးရာရောက်မှာဖြစ်ပါတယ်။ VOM ကိုချိတ်ဆက်လာတဲ့ နိုင်ငံရေးပါတီတွေထဲကနေ ပြည်သူ့ပါတီ (PP) ရဲ့ ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကြူနဲ့ မိတ်ဆက်ပေးပါရစေ။ #voiceofmyanmar #VOM #လွှတ်တော်ကိုယ်စားလှယ်လောင်းမိတ်ဆက် #ပြည်သူ့ပါတီ #ဦးအေးကြူ Zawgyi ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက် ၊ ဦးအေးကြူ (ပြည်သူ့ပါတီ ၊…
Read More