ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ

ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိက ဆေးရုံတွေမှာ လက်ခံကုသခွင့်ပြုဖို့ သဘောတူ

ရန်ကုန်၊ စက်တင်ဘာ ၂၀-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်အတည်ပြုလူနာတွေကို ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခွင့်ပြုဖို့ကို သဘောတူလိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စက်တင်ဘာ ၁၈ရက်နေ့ကပြုလုပ်ခဲ့တဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ၊ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒေါက်တာခင်ခင်ကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ခုလက်ရှိတက်လာတဲ့နူန်းက ဒီနေ့ဆိုလဲ တက်လာတာက ၃၀၀ ကျော် မနေ့ကဆို ၄၀၀ ကျော် ဖြစ်နေတယ်၊ ပြန်ဆင်းတဲ့နူန်းက ၁၀၀ ကျော်ပဲရှိတယ်ဆိုတော့ ထပ်ပြီးလူနာကိုဆေးရုံတင်မယ့်ကိစ္စတွေလိုလာတဲ့အခါ ပုဂ္ဂလိကဆေးရုံတွေဘက်က သူတို့ပါဝင်မယ်ဆိုပြီး တင်ပြကြတော့ ဆရာကြီးက မူအားဖြင့်သဘောတူတယ်လို့ မနေ့ကလုပ်တဲ့အစည်းအဝေးမှာ ပြောခဲ့တာပါ။ “လို့ ပြောပါတယ်။

ကိုဗစ်အတည်ပြုလူနာအရေအတွက်တွေ့ရှိမှုဟာ နေ့စဉ်မြှင့်တက်နေတာကြောင့် ဆေးရုံတွေမှာကုသမှုပေးရမယ့် လူနာထပ်တိုးလာနိုင်တဲ့အတွက် အခုလိုစီစဉ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပုဂ္ဂလိကဆေးရုံတွေမှာ လူနာတွေလက်ခံကုသနိုင်ဖို့ကတော့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရအုံးမှာဖြစ်ကြောင်းနဲ့ လူနာတွေကိုပြုစုကုသမှုပေးတဲ့အခါမှာလည်း ကူးစက်မှုမရှိအောင် standard guidelineတွေရေးဆွဲဖို့ စီစဉ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

” မူအားဖြင့်သဘောတူပြီဖြစ်လို့ အသေးစိတ်ထပ်ညှိနိူင်းရမှာဖြစ်ပါတယ်။အသေးစိတ်ညှိနိူင်းရမယ်ဆိုတာ ဘယ်လိုလူနာတွေကိုပုဂ္ဂလိကဆေးရုံမှာ ကုသပေးမလဲ လူနာကိုသယ်ဆောင်တဲ့အခါ ဘယ်လိုပုံစံနဲ့သယ်မလဲ။ ကုသမှုပေးတဲ့အခါ သူ့ရဲ့ ကွန်တက်ကိစ္စကိုဘယ်လို ဆောင်ရွက်မလဲ “လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ပုဂ္ဂလိကဆေးရုံတွေမှာ ကုသမယ်ဆိုရင်တော့ လူနာဘက်ကနေ ငွေကြေးကုန်ကျခံရမယ့် ကိစ္စတွေလည်း ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်

Zawgyi

ကိုဗစ္အတည္ျပဳလူနာေတြကို ပုဂၢလိက ေဆး႐ုံေတြမွာ လက္ခံကုသခြင့္ျပဳဖို႔ သေဘာတူ

ရန္ကုန္၊ စက္တင္ဘာ ၂၀-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္အတည္ျပဳလူနာေတြကို ပုဂၢလိကေဆး႐ုံေတြမွာ ကုသခြင့္ျပဳဖို႔ကို သေဘာတူလိုက္ၿပီျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက စက္တင္ဘာ ၁၈ရက္ေန႔ကျပဳလုပ္ခဲ့တဲ့ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ညႇိႏွိဳင္းအစည္းအေဝးမွာ ေျပာဆိုလိုက္တာျဖစ္ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ၊ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနမွ ေဒါက္တာခင္ခင္ႀကီးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ခုလက္႐ွိတက္လာတဲ့ႏူန္းက ဒီေန႔ဆိုလဲ တက္လာတာက ၃၀၀ ေက်ာ္ မေန႔ကဆို ၄၀၀ ေက်ာ္ ျဖစ္ေနတယ္၊ ျပန္ဆင္းတဲ့ႏူန္းက ၁၀၀ ေက်ာ္ပဲ႐ွိတယ္ဆို​ေတာ့ ထပ္ၿပီးလူနာကိုေဆး႐ုံတင္မယ့္ကိစၥေတြလိုလာတဲ့အခါ ပုဂၢလိကေဆး႐ုံေတြဘက္က သူတို႔ပါဝင္မယ္ဆိုၿပီး တင္ျပၾကေတာ့ ဆရာႀကီးက မူအားျဖင့္သေဘာတူတယ္လို႔ မေန႔ကလုပ္တဲ့အစည္းအေဝးမွာ ေျပာခဲ့တာပါ။ “လို႔ ေျပာပါတယ္။

ကိုဗစ္အတည္ျပဳလူနာအေရအတြက္ေတြ႔႐ွိမႈဟာ ေန႔စဥ္ျမွင့္တက္ေနတာေၾကာင့္ ေဆး႐ုံေတြမွာကုသမႈေပးရမယ့္ လူနာထပ္တိုးလာႏိုင္တဲ့အတြက္ အခုလိုစီစဥ္တာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ပုဂၢလိကေဆး႐ုံေတြမွာ လူနာေတြလက္ခံကုသႏိုင္ဖို႔ကေတာ့ အေသးစိတ္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ရအုံးမွာျဖစ္ေၾကာင္းနဲ႔ လူနာေတြကိုျပဳစုကုသမႈေပးတဲ့အခါမွာလည္း ကူးစက္မႈမ႐ွိေအာင္ standard guideline​ေတြ​ေရးဆြဲဖို႔ စီစဥ္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

” မူအားျဖင့္သေဘာတူၿပီျဖစ္လို႔ အေသးစိတ္ထပ္ညႇိႏိူင္းရမွာျဖစ္ပါတယ္။အ​ေသးစိတ္ညႇိႏိူင္းရမယ္ဆိုတာ ဘယ္လိုလူနာေတြကိုပုဂၢလိကေဆး႐ုံမွာ ကုသေပးမလဲ လူနာကိုသယ္ေဆာင္တဲ့အခါ ဘယ္လိုပုံစံနဲ႔သယ္မလဲ။ ကုသမႈေပးတဲ့အခါ သူ႔ရဲ႕ ကြန္တက္ကိစၥကိုဘယ္လို ေဆာင္ရြက္မလဲ “လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

ပုဂၢလိကေဆး႐ုံေတြမွာ ကုသမယ္ဆိုရင္ေတာ့ လူနာဘက္ကေန ေငြေၾကးကုန္က်ခံရမယ့္ ကိစၥေတြလည္း ႐ွိလာမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္

Related posts

Leave a Comment

VOM News

FREE
VIEW