ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဘန်ကောက်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဘန်ကောက်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ

ဘန်ကောက်၊ စက်တင်ဘာ ၂၀-၂၀၂၀
မျိုးဆက် (VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ပွားနေပြီး စက်တင်ဘာ ၁၉ ရက်ညပိုင်းအထိ ဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြသူအများစုဟာ လူငယ်တွေဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုနေကြပါတယ်။

သူတို့ဟာ စက်တင်ဘာ ၁၉ ရက်မှာ သမာဆက်တက္ကသိုလ်ဝန်းအတွင်း ဝင်ရောက်ခဲ့ပြီး ဘုရင့်နန်းတော်ပြင်ပရှိ ရင်ပြင်တစ်ခုကိုလည်း သိမ်းပိုက်နေရာယူခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ လူ ငါးသောင်းကျော်ပါဝင်ခဲ့တယ်လို့ စီစဉ်သူတွေကပြောပါတယ်။ ဒါဟာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ ထိုင်းအစိုးရသက်တမ်းအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတစ်ခုလည်းဖြစ်ပါတယ်။

ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းမှုနဲ့ အတူ ကြားဖြတ်အစိုးရကို ဦးဆောင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ရွေးကောက်ပွဲပြီးနောက် အာဏာကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။

သူဟာ စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုခြင်းနဲ့ အတူ အာဏာရှင်ဆန်တဲ့သဘောထားရှိတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲထားပြီး အစိုးရကို ထောက်ခံပေးထားတဲ့ ဘုရင်စနစ်ကိုလည်း ဝေဖန်နေကြပါတယ်။

ဘုရင်ကိုဝေဖန်တာကို တားမြစ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအချက်ကို အဆုံးသတ်ရေးအပါအဝင် အချက် ၁၀ ချက်ပါစာတမ်းကို ဆန္ဒပြပွဲမှာ ဖတ်ကြားခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ပေးအပ်ဖို့ စက်တင်ဘာ ၂၀ ရက်မှာလည်း အစိုးရရုံးတွေကို ချီတက်ဆန္ဒပြဖို့ စီစဉ်ထားကြပါတယ်။

Ref: NHK
Photo: AP
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ထိုင္းအစိုးရဆန္႔က်င္ေရးဆႏၵျပပြဲ ဘန္ေကာက္မွာ အၾကီးအက်ယ္ျဖစ္ေပၚေန

ဘန္ေကာက္၊ စက္တင္ဘာ ၂၀-၂၀၂၀
မ်ိဳးဆက္ (VOM)

ထိုင္းနုိင္ငံ၊ ဘန္ေကာက္မွာ ထိုင္းအစိုးရဆန္႔က်င္ေရးဆႏၵျပပြဲေတြ အၾကီးအက်ယ္ျဖစ္ပြားေနျပီး စက္တင္ဘာ ၁၉ ရက္ညပိုင္းအထိ ဆႏၵျပမႈေတြဆက္လက္ျဖစ္ပြားခဲ႔ပါတယ္။

ဆႏၵျပသူအမ်ားစုဟာ လူငယ္ေတြျဖစ္ျပီး ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ ဘုရင္စနစ္ျပဳျပင္ေျပာင္းလဲေရးကို ေတာင္းဆိုေနၾကပါတယ္။

သူတို႔ဟာ စက္တင္ဘာ ၁၉ ရက္မွာ သမာဆက္တကၠသိုလ္၀န္းအတြင္း ၀င္ေရာက္ခဲ႔ျပီး ဘုရင္႔နန္းေတာ္ျပင္ပရိွ ရင္ျပင္တစ္ခုကိုလည္း သိမ္းပိုက္ေနရာယူခဲ႔ၾကပါတယ္။

ဆႏၵျပပြဲမွာ လူ ငါးေသာင္းေက်ာ္ပါ၀င္ခဲ႔တယ္လို႔ စီစဥ္သူေတြကေျပာပါတယ္။ ဒါဟာ ၀န္ၾကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာရဲ႕ ထိုင္းအစိုးရသက္တမ္းအတြင္း အၾကီးမားဆံုး ဆႏၵျပပြဲတစ္ခုလည္းျဖစ္ပါတယ္။

ပရာယြတ္ဟာ ၂၀၁၄ ခုနွစ္မွာ စစ္အာဏာသိမ္းမႈနဲ႔ အတူ ၾကားျဖတ္အစိုးရကို ဦးေဆာင္ခဲ႔ျပီး လြန္ခဲ႔တဲ႔ နွစ္ေရြးေကာက္ပြဲျပီးေနာက္ အာဏာကို ဆက္လက္ရယူနုိင္ခဲ႔ပါတယ္။

သူဟာ စစ္တပ္ရဲ႕ ေက်ာေထာက္ေနာက္ခံျပဳျခင္းနဲ႔ အတူ အာဏာရွင္ဆန္တဲ႔သေဘာထားရိွတယ္လို႔ ဆႏၵျပသူေတြက စြပ္စြဲထားျပီး အစိုးရကို ေထာက္ခံေပးထားတဲ႔ ဘုရင္စနစ္ကိုလည္း ေ၀ဖန္ေနၾကပါတယ္။

ဘုရင္ကိုေ၀ဖန္တာကို တားျမစ္ထားတဲ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာအခ်က္ကို အဆံုးသတ္ေရးအပါအ၀င္ အခ်က္ ၁၀ ခ်က္ပါစာတမ္းကို ဆႏၵျပပြဲမွာ ဖတ္ၾကားခဲ႔ပါတယ္။

ဆႏၵျပသူေတြဟာ သူတို႔ရဲ႕ ေတာင္းဆိုခ်က္ေတြကို ေပးအပ္ဖို႔ စက္တင္ဘာ ၂၀ ရက္မွာလည္း အစိုးရရံုးေတြကို ခ်ီတက္ဆႏၵျပဖို႔ စီစဥ္ထားၾကပါတယ္။

Ref: NHK
Photo: AP
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW