နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ပွား
နေပြည်တော်၊ စက်တင်ဘာ ၂၀ – ၂၀၂၀
စွမ်းရဲထွဋ် (VOM)
နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်လူနာတစ်ဦး ပထမဆုံးအကြိမ် သေဆုံးမှုဖြစ်ခဲ့တယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက VOM ကို ဒီကနေ့ မနက်ပိုင်းမှာ ပြောပါတယ်။
“ဇမ္ဗူသီရိမြို့နယ်ထဲက တစ်ယောက်ပေါ့နော်။ ကုတင် တစ်ထောင်ကို မနေ့က ဖျားလို့ လာပြတယ်။ လာပြတယ်မဟုတ်ဘူး။ ရောက်လာတော့ လမ်းမှာပဲ အသက်ထွက်သွားတယ်။ ဆေးရုံရောက်တော့ ကျနော်တို့က စိတ်ပူတာနဲ့ Swab ယူလိုက်တာ့ Positive ဖြစ်နေတယ်”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။
သေဆုံးသူဟာ အသက် ၆၁ နှစ်အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးလို့လည်း ကြားသိရပါတယ်။
ဒေါက်တာမြတ်ဝဏ္ဏစိုးကတော့ “အသက် ၆၁ နှစ်အရွယ်ဆိုတာ ဟုတ်ပါတယ်။ ရာထူးနဲ့ ဌာနတွေကတော့ ကျနော်တို့ ပြောလို့မရပါဘူး”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ တစ်ရက်တည်းကို ရှစ်ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ပြီး ရောဂါပိုးမှာ နေပြည်တော် ပြည်သူလူထုအကြားရောက်ရှိနေပြီဖြစ်တာကြောင့် အထူးဂရုပြုရမယ့်အချိန် ရောက်ရှိလာပြီလို့လည်း ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူနဲ့ ထိတွေ့ဆက်ဆံသူတွေကို လိုက်လံစာရင်းကောက်ယူပြီး ကွာရန်တင်းထားရှိဖို့ စီစဉ်နေကာ အနည်းဆုံး ထိတွေ့သူ ၁၀ ဦးလောက်ရှိမယ်လို့လည်း သိရပါတယ်။
နေပြည်တော်မှာ မနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၈ နာရီအချိန်ထိ  ပိုးကူးစက်ခံထားရသူ ၆၈ ဦးရှိပါတယ်။ အဲ့ဒီ ၆၈ ဦးကတော့ ဇမ္ဗူသီရိမြို့နယ်က ၄၂ ဦး၊ ဒက္ခိဏသီရိမြို့နယ်က ၈ ဦး၊ ဥတ္တရသီရိမြို့နယ်က ၇ ဦး၊ ပုပ္ဗသီရိမြို့နယ်က ၄ ဦး၊ ဇေယျာသီရိမြို့နယ်က ၁ ဦး၊ ပျဉ်းမနားမြို့နယ်က ၄ ဦး၊ လယ်ဝေးမြို့နယ်က ၁ ဦးနဲ့ တပ်ကုန်းမြို့နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အသွားအလာကန့်သတ်စောင့်ကြည့်သူတွေကို နေရာ ၅ ခုဖြစ်တဲ့ ရွာတော်တည်းခိုရိပ်သာ၊ ဟိုတယ်တွေ၊ စည်ပင်ဧည့်ရိပ်သာ၊ ဆေးရုံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့နေရာတွေမှာ လူဦးရေ ၁၀၆၀ ထိထားရှိထားတာလည်းဖြစ်ပါတယ်။
#voiceofmyanmar #VOM #နေပြည်တော် #ကိုဗစ်လူနာ #သေဆုံး
Zawgyi
ေနၿပည္ေတာ္ေကာင္စီနယ္ေၿမအတြင္းမွာ ကုိဗစ္လူနာတစ္ဦး ပထမဆံုးအၾကိမ္ ေသဆံုးမႈၿဖစ္ပြား
ေနၿပည္ေတာ္၊ စက္တင္ဘာ ၂၀ – ၂၀၂၀
စြမ္းရဲထြဋ္ (VOM)
ေနၿပည္ေတာ္ေကာင္စီနယ္ေၿမအတြင္းမွာ ကုိဗစ္လူနာတစ္ဦး ပထမဆံုးအၾကိမ္ ေသဆံုးမႈၿဖစ္ခဲ့တယ္လို႔ ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ ျမတ္ဝဏၰစိုးက VOM ကို ဒီကေန႔ မနက္ပုိင္းမွာ ေၿပာပါတယ္။
“ဇမၺဴသီရိၿမိဳ႕နယ္ထဲက တစ္ေယာက္ေပါ့ေနာ္။ ကုတင္ တစ္ေထာင္ကုိ မေန႔က ဖ်ားလို႔ လာၿပတယ္။ လာၿပတယ္မဟုတ္ဘူး။ ေရာက္လာေတာ့ လမ္းမွာပဲ အသက္ထြက္သြားတယ္။ ေဆးရံုေရာက္ေတာ့ က်ေနာ္တို႔က စိတ္ပူတာနဲ႔ Swab ယူလိုက္တာ့ Positive ၿဖစ္ေနတယ္”လုိ႔ ေဒါက္တာျမတ္ဝဏၰစိုးကေျပာပါတယ္။
ေသဆံုးသူဟာ အသက္ ၆၁ ႏွစ္အရြယ္ အၿငိမ္းစားဝန္ထမ္းတစ္ဦးၿဖစ္ၿပီး ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္တစ္ဦးလို႔လည္း ၾကားသိရပါတယ္။
ေဒါက္တာၿမတ္ဝဏၰစိုးကေတာ့ “အသက္ ၆၁ ႏွစ္အရြယ္ဆုိတာ ဟုတ္ပါတယ္။ ရာထူးနဲ႔ ဌာနေတြကေတာ့ က်ေနာ္တို႔ ေၿပာလို႔မရပါဘူး”လုိ႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပုိင္းကလည္း ေနၿပည္ေတာ္ေကာင္စီနယ္ေၿမအတြင္းမွာ ကိုဗစ္ေရာဂါပုိးေတြ႔ရွိသူ တစ္ရက္တည္းကို ရွစ္ဦးအထိ စံခ်ိန္တင္ေတြ႔ရွိခဲ့ၿပီး ေရာဂါပုိးမွာ ေနၿပည္ေတာ္ ၿပည္သူလူထုအၾကားေရာက္ရွိေနၿပီၿဖစ္တာေၾကာင့္ အထူးဂရုၿပဳရမယ့္အခ်ိန္ ေရာက္ရွိလာၿပီလို႔လည္း ေျပာပါတယ္။
လက္ရွိမွာေတာ့ ေသဆံုးသူနဲ႔ ထိေတြ႔ဆက္ဆံသူေတြကို လုိက္လံစာရင္းေကာက္ယူၿပီး ကြာရန္တင္းထားရွိဖို႔ စီစဥ္ေနကာ အနည္းဆံုး ထိေတြ႔သူ ၁၀ ဦးေလာက္ရွိမယ္လုိ႔လည္း သိရပါတယ္။
ေနၿပည္ေတာ္မွာ မေန႔ စက္တင္ဘာလ ၁၉ ရက္ေန႔ မနက္ ၈ နာရီအခ်ိန္ထိ  ပုိးကူးစက္ခံထားရသူ ၆၈ ဦးရွိပါတယ္။ အဲ့ဒီ ၆၈ ဦးကေတာ့ ဇမၺဴသီရိၿမိဳ႕နယ္က ၄၂ ဦး၊ ဒကၡိဏသီရိၿမိဳ႕နယ္က ၈ ဦး၊ ဥတၱရသီရိၿမိဳ႕နယ္က ၇ ဦး၊ ပုပၺသီရိၿမိဳ႕နယ္က ၄ ဦး၊ ေဇယ်ာသီရိၿမိဳ႕နယ္က ၁ ဦး၊ ပ်ဥ္းမနားၿမိဳ႕နယ္က ၄ ဦး၊ လယ္ေဝးၿမိဳ႕နယ္က ၁ ဦးနဲ႔ တပ္ကုန္းၿမိဳ႕နယ္က ၁ ဦးတို႔ ၿဖစ္ပါတယ္။
ျပည္ေထာင္စုနယ္ေျမ ေနၿပည္ေတာ္မွာ အသြားအလာကန္႔သတ္ေစာင့္ၾကည့္သူေတြကို ေနရာ ၅ ခုျဖစ္တဲ့ ရြာေတာ္တည္းခိုရိပ္သာ၊ ဟုိတယ္ေတြ၊ စည္ပင္ဧည့္ရိပ္သာ၊ ေဆးရံုေတြနဲ႔ လံုၿခံဳေရးရဲတပ္ဖြဲ႔ေနရာေတြမွာ လူဦးေရ ၁၀၆၀ ထိထားရွိထားတာလည္းျဖစ္ပါတယ္။
#voiceofmyanmar #VOM #ေနျပည္ေတာ္ #ကိုဗစ္လူနာ #ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW