ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ

ဆော်ဒီသတင်းထောက်ခါရှိုဂီကို သတ်ဖြတ်ခဲ့သူတွေ ထောင်နှစ် ၂၀ ချမှတ်ခံရ ရီယတ်၊ စက်တင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) ဆော်ဒီသတင်းထောက် ဂျမယ်ခါရှိုဂီ သတ်ဖြတ်ရာမှာပါဝင်တဲ့ သေဒဏ်ချမှတ်ခံရသူ အမျိုးသား ၅ ဦးကို ဆော်ဒီတရားရုံးက ပြစ်ဒဏ်များလျှော့ချပြီး စီရင်ချက်ချမှတ်လိုက်ပါတယ်။ နောက်ဆုံးစီရင်ချက်ချမှတ်ရာမှာ အဲဒီအမျိုးသား ၅ ဦးကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ ဆော်ဒီနိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ လူသတ်မှုကျူးလွန်သူတွေကို ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ မိသားစုအနေနဲ့ လူသတ်သမားတွေကို ခွင့်လွှတ်တယ်လို့ သတင်းထောက်ခါရှိုဂီရဲ့ သားတစ်ဦးက မေလအတွင်းထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ကျူးလွန်တွေအပေါ် ပြစ်ဒဏ်လျှော့ပေါ့စီရင်ခဲ့တာဖြစ်ပါတယ်။ သတင်းထောက်ခါရှိုဂီဟာ တူရီကီနိုင်ငံရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းမှာ ၂၀၁၈ ခုနှစ်က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်ကို ဝေဖန်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ခါရှိုခီသတ်ဖြတ်ခံရမှုအတွက် ဆော်ဒီအိမ်ရှေ့မင်းသားက ကြိုးကိုင်ခဲ့တယ်လို့ သံသယများစွာ ထွက်ပေါ်ခဲ့ပေမယ့် ဒီကိစ္စမှာ အိမ်ရှေ့မင်းသားပါဝင်ပတ်သက်ခြင်းရှိမရှိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ တရားစီရင်မှု အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ Ref…

Read More

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ်

စစ်ကိုင်းတိုင်းမှာ နိုင်ငံရေးပါတီ (၁၇)ပါတီ ရွေးကောက်ပွဲဝင်ပြိုင်မယ် မုံရွာ၊ စက်တင်ဘာ ၈-၂၀၂၀ ခင်မေစန်း(VOM) အခုနှစ်ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉၄ ရှိနေပြီး စစ်ကိုင်းတိုင်းမှာဝင်ရောက်အရွေးခံမယ့်ပါတီ (၁၇)ပါတီ ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အတိုက်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရေစီပါတီတို့ဟာ စစ်ကိုင်းတိုင်းမဲဆန္ဒနယ်အားလုံး (၁၂၅) နေရာမှာ နေရာပြည့် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ အမှတ်စဉ်(၂) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ တိုင်းရင်းသားပါတီတွေဖြစ်တဲ့ နာဂအမျိုးသားပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ ၊တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရေစီပါတီ၊ ညီညွတ်သော တိုင်းရင်းသားဒီမိုကရေစီပါတီ စတဲ့ပါတီတွေပါဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့…

Read More

လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး

လာမယ့် ကပ်ရောဂါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ သတိပေး ဂျီနီဗာ၊ စက်တင်ဘာ-၈-၂၀၂၀ မျိုးဆက် (VOM) ကမ္ဘာကြီးအနေနဲ့ လာမယ့်ကပ်ရောဂါတွေအတွက် အကောင်းဆုံးကြိုတင်ပြင်ဆင်ထားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တက်ဒရို့က စက်တင်ဘာ ၇ ရက်မှာ သတိပေးပြောဆိုလိုက်ပြီး နိုင်ငံတွေအနေနဲ့ အများပြည်သူကျန်းမာရေးကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာ နောက်ဆုံးကပ်ရောဂါမဖြစ်နိုင်ဘူးလို့ ဂျီနီဗာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။ ရောဂါဖြစ်ပွားမှု ၊ ကပ်ရောဂါတွေဟာ သမိုင်းတစ်လျှောက်မှရှိနေပြီး လူနေမှုဘဝမှာ ရင်ဆိုင်ရမယ့်အရာတွေဖြစ်တယ်လို့ တက်ဒရို့ကပြောပါတယ်။ ဒါပေမယ့် နောက်ထပ်ကပ်ရောဂါဖြစ်ပွားလာရင် ကမ္ဘာကြီးအနေနဲ့ အဆင့်သင့်ဖြစ်နေရမှာဖြစ်ပြီး အခုတစ်ကြိမ်ထက်ပိုမိုအသင့်ရှိနေရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲကပြောပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို စတင်တွေ့ရှိပြီးကတည်းက ကမ္ဘာပေါ်မှာ လူပေါင်း ၂၇ ဒသမ ၁၉ သန်းကူးစက်ခံနေရပြီး ၈၈၈၃၂၆ ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကူးစက်မှုနှုန်းနှေးသွားပေမယ့် စက်တင်ဘာ ၈…

Read More

မြေပုံမြို့နယ်မှာ လက်နက်ကြီးကျပြီး ကျောင်းဆရာမနဲ့ ကလေးတစ်ဦးအပါအဝင် (၄) ဦးသေဆုံး

မြေပုံမြို့နယ်မှာ လက်နက်ကြီးကျပြီး ကျောင်းဆရာမနဲ့ ကလေးတစ်ဦးအပါအဝင် (၄) ဦးသေဆုံး မြေပုံ၊ စက်တင်ဘာ ၈ -၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြေပုံမြို့နယ်မှာ ဒီကနေ့ မနက် ၉ နာရီကျော်လောက်က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ညောင်ကန်ကျေးရွာက ဒေသခံပြည်သူ (၄) ဦးသေဆုံးကာ (၁၀) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ပြောပြချက်အရ သိရပါတယ်။ အဲဒီသေဆုံးတဲ့ထဲမှာ အစိုးရဝန်ထမ်း မူလတန်းပြ ကျောင်းဆရာမတစ်ဦးနဲ့ သမီးဖြစ်သူ အသက် (၇) နှစ်အရွယ်ကလေးတစ်ဦးတို့ပါဝင်တယ်လို့ သိရပါတယ်။ သေဆုံးသွားသူတွေဟာ မူလတန်းပြဆရာမ ဒေါ်မိုးသဇင် အသက် (၂၉) နှစ်၊ ကျောင်းဆရာမရဲ့သမီးဖြစ်သူ မသူသူဟိန်း (၇) နှစ်၊ ငြိမ်းချမ်းသူ အသက်(၂၅) နှစ်နဲ့ မောင်သူရအောင် အသက် (၇) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူ (၁၀) ဦးကတော့ မောင်ရဲကိုကို၊ ဦးမောင်မောင်ထွန်း၊…

Read More

ချင်းပြည်နယ်မှာ ၂၀၂၀ရွေးကောက်ပွဲ အေးချမ်းစွာမဲပေးနိူင်ရေး ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲထားဖို့လိုအပ်

ချင်းပြည်နယ်မှာ ၂၀၂၀ရွေးကောက်ပွဲ အေးချမ်းစွာမဲပေးနိူင်ရေး ပစ်ခတ်တိုက်ခတ်မှုတွေ ရပ်စဲထားဖို့လိုအပ် ရန်ကုန်၊စက်တင်ဘာ ၈-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ပြည်သူတွေ အေးချမ်းစွာမဲပေးနိူင်ဖို့ တပ်မတော်နဲ့ အေအေလက်နက်ကိုင်အဖွဲ့တို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲထားဖို့ လိုအပ်တယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကော်မတီ(KACC)မှ စက်တင်ဘာ ၇ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပလက်ဝမြို့နယ်အတွင်း ၂၀၂၀အထွေထွေရွေးကောက်ပွဲကို ကောင်းမွန်စွာကျင်းပပြုလုပ်နိူင်ဖို့အတွက် အရေးကြီးဆုံးအခြေခံလိုအပ်ချက်မှာ မဲဆန္ဒရှင်တွေ လုံခြုံရေးနဲ့ နယ် မြေတည်ငြိမ်အေးချမ်းသာယာရေးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညိုနှိုင်းရေးကော်မတီ(KACC)မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေပြောပြတာက ” ဒေသငြိမ်းချမ်းဖို့လိုတယ်။ စစ်ပွဲတွေရပ်ပေးရမယ်။ တပ်မတော်နဲ့အေအေ ဒီကာလမှာ တိုက်ပွဲတွေခဏရပ်ပေးတယ်ဆိုရင်ပဲ အေးချမ်းစွာ မဲပေးလို့ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ မဲပေးခွင့်ကို ပြည်သူတွေရမှာမဟုတ်ဘူး”လို့ ပြောပါတယ်။ တပ်မတော်နှင့်အေအေအဖွဲ့တို့ကြား ဖြစ်ပွားလျှက်ရှိတဲ့ အပြန်အလှန် ရန်လိုပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲစေပြီး အေအေ အဖွဲ့အနေနဲ့လည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ ဒေသခံ ချင်းလူငယ်များ…

Read More

မုံရွာမြို့ပေါ်မှာ တစ်ညတည်း နေရာ ၅ ခုမှာ အကြမ်းဖက်လုယက်မှုဖြစ်

မုံရွာမြို့ပေါ်မှာ တစ်ညတည်း နေရာ ၅ ခုမှာ အကြမ်းဖက်လုယက်မှုဖြစ် မုံရွာ ၊ စက်တင်ဘာ ၈ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့ည (စက်တင်ဘာ ၇) တစ်ညတည်း အကြမ်းဖက်လုယက်ခံရတဲ့ ဖြစ်စဉ် နေရာ ၅ခုမှာဖြစ်ခဲ့တယ်လို့ အကြမ်းဖက်လုယက်သူတွေရဲ့ တိုက်ခိုက်တာကို ခံလိုက်ရတဲ့ ကာယကံရှင်တွေဆီကနေ သိရပါတယ်။ “ ညက ၁၀ နာရီခွဲ အချိန်ဖြစ်မယ်၊ ကန်သာယာ ဝင်းယူနတီမှာ တစ်ကြိမ် ၊ သာစည်လမ်း ပညာရေးကောလိပ်ကျောင်းနားမှာ တစ်ကြိမ် ၊ နန္ဒဝန်ရပ်ကွက်ထဲက စည်သူလမ်းနဲ့ တိုင်းရင်းဆေးရုံ လမ်းဆုံ AK ကေတီဗီ ဆိုင်ရဲ့တောင်ဘက်မှာ တစ်ကြိမ် ၊ နောက်နေရာ နှစ်ခုက လူနာတွေကို မေးလို့မရသေးဘူး ၊ အကြမ်းဖက် လုသူတွေက ဆိုင်ကယ် နှစ်စီး…

Read More

အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေ ထောင်ဝင်စာတွေ့ဆုံမှု ယာယီရပ်နား

အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေ ထောင်ဝင်စာတွေ့ဆုံမှု ယာယီရပ်နား နေပြည်တော်၊ စက်တင်ဘာ ၈-၂၀၂၀ ကောင်းလက်ျာ(VOM) မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်နေတဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေနဲ့ ရဲဘက်စခန်းတွေကို အခုလ ပထမအပတ်ကစတင်ပြီး ထောင်ဝင်စာတွေ့ခွင့် ယာယီရပ်နားလိုက်တယ်လို့ အကျဉ်းဦးစီးဌာနကပြောပါတယ်။ ” ရောဂါကူးစက်မှုအနေအထားပေါ်မူတည်ပြီး ထောင်တာဝန်ခံက ဆုံးဖြတ်ပိုင်ခွင့်လည်းရှိပါတယ်။ လက်တလောအနေအထားအရ ရောဂါကူးစက်မှုတွေပြန်မြှင့်နေတာကြောင့် ထောင်ဝင်စာတွေ့ခွင့်ရပ်ပြီး ပါဆယ်ပေးပို့ခွင့်ပြုတာမျိုးပါ”လို့ အကျဉ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးရဲရင့်နိုင်ကပြောပါတယ်။ အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေကို လူတွေ့ဆုံခွင့်ရပ်နားတာဖြစ်ပေမယ့် စားသောက်စရာ အိမ်သုံးဆေးဝါးနဲ့ပစ္စည်းတွေကိုတော့ နှစ်ပတ်တစ်ကြိမ်ပေးပို့ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းမှာ ကိုဗစ်ပိုးတွေ့လူနာပြန်လည်မြှင့်တက်လာပြီးနောက်ပိုင်း အင်းစိန်အကျဉ်းထောင်ကိုလည်း စက်တင်ဘာ ၄ ရက်နေ့ကတည်းက ထောင်ဝင်စာတွေ့ခွင့်ရပ်နားထားပြီး သိပ်မကြာခင်မှာပဲ တိုင်းနဲ့ပြည်နယ်အ သီးသီးမှာရှိတဲ့ အကျဉ်းထောင်တွေကိုလည်း လူတွေ့ဆုံခွင့်ရပ်နားလိုက်တာဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ လက်တလော လူမှုကွန်ရက်ပေါ်မှာလည်း ဘူးသီးတောင်အကျဉ်းထောင်ကလွတ်မြောက်လာသူတစ်ဦး ကိုဗစ်‌ရောဂါပိုးတွေ့ရှိခဲ့မှုနဲ့ပတ်သက်ပြီး ကောလဟလအချို့ ထွက်ပေါ်နေပြီး အကျဉ်းဦးစီးဌာနဘက်‌ကတော့…

Read More

ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့ လူနာပေါင်း(၂၃)ဦးရှိ

ကိုဗစ်အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှုခံယူနေရတဲ့ လူနာပေါင်း(၂၃)ဦးရှိ ရန်ကုန်၊ စက်တင်ဘာ ၇-၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရတဲ့ အတည်ပြုလူနာတွေထဲမှာ ရောဂါပြင်းထန်ပြီး အထူးကြပ်မတ်ကုသမှူခံယူနေရသူ ၂၃ ဦးရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ၊ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး ပြောပါတယ်။ အဲ့ဒီထဲမှာ အောက်ဆီဂျင်ပေးပြီး အထူးကြပ်မတ်ကုသမှူခံယူနေရသူ ၁၇ ဦး ၊ အောက်ဆီဂျင်ပေးနေရတဲ့ လူနာက ၄ ဦး၊ အောက်ဆီဂျင်မပေးရပေမယ့် ရောဂါပြင်းထန်တဲ့လူနာက ၂ ယောက်ရှိနေတာပဲဖြစ်ပါတယ်။ ” စုစု ပေါ င်း ၂၃ ယောက်ရှိနေပါတယ်။ ICU ထဲက သူတွေဟာ နောက်ခံရောဂါရှိနေသူများပါတယ်။ ကျွန်မတို့ကတော့ အကောင်းဆုံးကုသပေးမှာဖြစ်ပါတယ်။ ဒီ ကိုဗစ်ရောဂါက ကူးစက်မှုမြန်ပေမယ့် ပြင်းထန်တဲ့ရောဂါဝေဒနာခံစားရမှု ရှိမရှိဆိုတာတော့ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် တကယ်လို့ ဒီရောဂါကပြင်းထန်မှုသာမရှိဘူးဆိုရင် ICU ထဲရောက်တဲ့သူလည်းရှိမှာမဟုတ်ဘူး၊ သေတဲ့သူလည်းရှိမှာမဟုတ်ဘူး။”…

Read More

အနီရောင် ဆိုင်ကယ်ယာဉ်တန်းမှာ စီးနင်းသူတစ်ဦး ဆိုင်ကယ်မှောက် သေဆုံး

အနီရောင် ဆိုင်ကယ်ယာဉ်တန်းမှာ စီးနင်းသူတစ်ဦး ဆိုင်ကယ်မှောက် သေဆုံး ဘုတလင် ၊ စက်တင်ဘာ၊ ၈ – ၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ – ရေဦး ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၃ /၇ နဲ့ ၁၁၄ /၀ ကြား၊ ကင်းစမ်းကျေးရွာလမ်းခွဲ ဇရပ်အနီးနေရာမှာ ဆိုင်ကယ်မှောက်လို့ လူတစ်ယောက် သေဆုံးနေတဲ့အတွက် ဘုတလင်မြို့မရဲစခန်းက သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ “ အဲ့ဒီ ဆိုင်ကယ်ယာဉ်တန်းက ပါတီနဲ့ မသက်ဆိုင်ဘူး ၊ သူတို့အစီအစဉ်နဲ့ သူတို့သွားကြတာဖြစ်တယ် ၊ ပါတီအောင်နိုင်ရေး အင်္ကျီတွေဝတ်ထားလို့ ကျနော် သေချာစီစစ်ကြည့်တယ် ၊ ကျနော်တို့ပါတီက လုပ်တာမဟုတ်ဘူး ”လို့ မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီပြန်ကြားရေးတာဝန်ခံ ကိုစစ်ငြိမ်းအေးကပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ မနက်ပိုင်းက…

Read More

ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ

ဒေသအတွင်း တင်းမာမှုများမြှင့်တက်နေချိန် စစ်ရေးလေ့ကျင့်ဦးမယ်လို့ တရုတ်နိုင်ငံကြေညာ ပေကျင်း၊ စက်တင်ဘာ-၇-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံဟာ နိုင်ငံအရှေ့မြောက်ဘက်နဲ့ အရှေ့ကမ်းရိုးတန်းမှာ စက်တင်ဘာ ၇ ရက်မှစတင်ပြီး နောက်ထပ်စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပြီး ဒေသတွင်း တင်းမာမှုတွေမြှင့်တက်နေချိန်မှာ ပုံမှန်မဟုတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပါတယ်။ ပထမဆုံးစစ်ရေးလေ့ကျင့်ခန်းကို နိုင်ငံအရှေ့မြောက်ပိုင်း၊ ချင်ဟွမ်ဒိုရှိ ဘိုဟိုင်ပင်ဘယ်ပြင်မှာ စက်တင်ဘာ ၇ ရက်ကစပြီး ပြုလုပ်သွားမှာဖြစ်တယ်လို့ ရေကြောင်းဘေးကင်းလုံခြုံမှု အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ ဒုတိယစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကို လီရန်ယွန်ဂန်မြို့၊ကမ်းလွန်ရှိ ပင်လယ်ဝါတောင်ပိုင်းမှာ စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်တို့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သီးခြားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အခြားသင်္ဘာအားလုံးကိုလည်း အဲ့ဒီဒေသကို ဝင်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ဘိုဟိုင်ပင်လယ်မှ အရှေ့ပင်လယ်၊ ပင်လယ်ဝါနဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်အထိ သီးခြားစစ်ရေးလေ့ကျင့်ခန်းလေးခုကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး ဒါဟာ…

Read More
VOM News

FREE
VIEW