လူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့

လူနာအမှတ် – ၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ ရန်ကုန်၊ စက်တင်ဘာ ၂ -၂၀၂၀ သိင်္ဂီ (VOM) ကိုဗစ်လူနာအမှတ်-၇၈၈နဲ့ ထိတွေ့ခဲ့သူ ၃ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိရတယ်လို့ မြင်းခြံပြည်သူကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်ကြေငြာထားတာဖြစ်ပါတယ်။ မြင်းခြံမြို့မှာတွေ့ရှိထားတဲ့ ကိုဗစ်လူနာအမှတ်(၇၈၈) နဲ့ ထိတွေ့မှုရှိခဲ့သူတွေကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူပြီး စက်တင်ဘာလ ၁ ရက်နေ့က ပေးပို့စစ်ဆေးခဲ့ရာ အဲ့ဒီထဲက ၃ ဦမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုဗစ်လူနာသစ် နဲ့ထိစပ်ခဲ့သူတွေကို ကွာရန်တင်းစင်တာပို့ဆောင်ဖို့ လုပ်ဆောင်နေတဲ့ အဖြူရောင်လက်များပရဟိတအသင်းဥက္ကဋ္ဌ ကိုသန်းနိုင်ကိုဆက်သွယ်မေးမြန်းရာမှာတော့ ” ကြိုတင်ကာကွယ်လို့ရအောင် ထုတ်ပြန်တယ်လို့ထင်ပါတယ်။ အခု အကိုတို့အသင်းက လူနာနဲ့ထိတွေ့ ဆက်စပ်ခဲ့သူတွေကို လိုက်ကောက်နေတယ်။ ထိတွေ့ခဲ့သူ ဘယေ်လာက်ရှိလဲဆိုတာ နောက် ၂ နာရီနေလောက်ဆိုရင်တော့သိရမယ်။ “လို့…

Read More

ကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ

ကျောက်တော်မြို့နယ်တွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ ဒေသခံ (၇) ဦးဒဏ်ရာရ ကျောက်တော်၊ စက်တင်ဘာ ၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်မှာ ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်က ကုလားတန်မြစ်ကြောင်းအတိုင်း ခုတ်မောင်းလာတဲ့ တပ်မတော်စစ်ရေယာဉ်တွေနဲ့ အေအေတို့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာကြောင့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲတဲ့ ကျေးရွာတွေမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက်က ဂုတ်ပီထောင့် ကျေးရွာ(မူဆလင်ကျေးရွာ)နဲ့ (ရခိုင်ရွာ)၊ င/ တပေါင်းရွာနဲ့ သင်္ဂနက်ကျေးရွာ စတဲ့ရွာတွေဖြစ်ပြီး ဒေသခံပြည်သူတွေအပြင် နွားတွေလည်း ဒဏ်ရာသေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူတွေကတော့ သင်္ဂနက်ကျေးရွာက ဦးစောသာအောင် အသက် (၆၇) နှစ်၊ ဒေါ်စိန်ကျော့သိန်း အသက် (၆၂)နဲ့ အသက် (၆၄) နှစ်အရွယ်ဦးမောင်ဖြူတို့ ဖြစ်ပြီး သူတို့အားလုံးဟာ ပုန်းခိုကျင်းထဲမှာ…

Read More

ရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ်

ရန်ကုန်မြို့ကလူတွေ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုက်နာမှုအားနည်းတဲ့အတွက် တင်းတင်းကြပ်ကြပ် အရေးယူတော့မယ် ရန်ကုန်၊ စက်တင်ဘာ ၂-၂၀၂၀ သိင်္ဂီ (VOM) ရန်ကုန်မြို့မှာ နေထိုင်သူတွေဟာ ကိုဗစ် ကပ်ရောဂါနဲ့ပတ်သက်ပြီး ပေါ့ဆစွာနေထိုင်လာသလို စည်းကမ်းလိုက်နာမှုလည်း အားနည်းလာတာကြောင့် တင်းကြပ်တဲ့အရေးယူမှုတွေပြုလုပ်သွားမယ်လို့် ဒီကနေ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်တဲ့ Online Meeting မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတစ်ယောက်ချင်းစီရဲ့ အသက်ဟာ တန်ဖိုးဖြတ်မရတာကြောင့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်း မိမိကိုယ်ကိုတန်ဖိုးထားတတ်သင့်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ “နိုင်ငံတော်က တန်ဖိုးထားသလို ပြည်သူတွေ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့ မိမိအရေး နိုင်ငံတော်အရေးကိစ္စအနေဖြင့် တန်ဖိုးထားသင့်တယ်၊ စည်းကမ်းတွေကို လိုက်နာမှုမရှိရင် အရေးယူမှုအပိုင်းတွေပါဝင်တဲ့အတွက် လိုက်နာမှုမရှိရင်တော့ ပိုပြီးတင်းကြပ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေနဲ့ အရေးယူမှုတွေလုပ်ဆောင်တော့မယ်” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်လာပြီး ရောဂါကူးစက်သူ (၄၀၇)ဦးအထိရှိလာပေမယ့်…

Read More

တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း

တရုတ်နိုင်ငံမှာ နျူကလီးယားထိပ်ဖူး ၂၀၀ ရှိမယ်လို့ အမေရိကန်စစ်ဘက် ခန့်မှန်း ဝါရှင်တန်၊ စက်တင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာ လက်ရှိအချိန်ထိ နျူကလီးယားထိပ်ဖူး ခန့်မှန်းခြေ ၂၀၀ ရှိပြီး လာမယ့်ဆယ်စုနှစ်အတွင်း အနည်းဆုံးနှစ်ဆတိုးလာနိုင်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံရဲ့ စစ်ရေးနဲ့ပတ်သက်တဲ့ နှစ်ပတ်လည်အစီရင်ခံစာတစ်ခုကို စက်တင်ဘာ ၁ ရက်မှာ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက်တွေကို ခန့်မှန်းမှုတစ်ရပ် ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ ဂျပန်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းတွေဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးပျံတွေနဲ့ ခရုဇ်ဒုံးပျံတွေ ပစ်ခတ်နိုင်တဲ့ အကွာအဝေးမှာရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး လာမယ့်နှစ်ဖေဖော်ဝါရီလမှာ သက်တမ်းကုန်ဆုံးမယ့် လက်နက်လျှော့ချရေးစာချုပ်တစ်ရပ်ဖြစ်တဲ့ New START Treaty စာချုပ်မှာပါဝင်ဖို့ တရုတ်နိုင်ငံကို အမေရိကန်က တိုက်တွန်းနေပါတယ်။ ဒါပေမယ့် နျူကလီးယားစွမ်းရည်ကို သိသိသာသာကန့်သတ်ထားတဲ့…

Read More

လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး

#Lasho

လက်နက်ကိုင်အဖွဲ့တခုက လူသစ်စုဆောင်းလို့ ဒေသခံတွေ လားရှိုးမြို့ပေါ်ကိုထွက်ပြေး လားရှိုး-စက်တင်ဘာ ၂-၂၀၂၀ သူရဟိန်း (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နောင်ဖေါ့ ကျေးရွာအုပ်စု ပန်ခမ်း၊နမ့်မိုစွမ် နဲ့ နမ့်ဖတ်အွမ် ကျေးရွာတွေက ရွာသားတွေ ဟာ လက်နက်ကိုင် အဖွဲ့စည်းတခုက လူသစ်စုဆောင်းနေလို့ဆိုပြီး လားရှိုးမြို့ မန်ဆူရှမ်းဘုန်းကြီးကျောင်းကို စက်တင်ဘာ၁ရက်မနေ့ညက ထွက်ပြေးတိမ်းရှောင် လာကြပါတယ်။     “တအာင်းအဖွဲ့က လူအကူညီတောင်းလာတယ်၊ တရွာ လူဘယ်နှစ်ယောက် ဆိုပြီးသူတို့လည်း မပြောဘူးလေ ပြီးတော့ရွာသူရွာသား ဘယ်သူ့ကို လက်ညိုးထိုးရမလဲ မကောင်းဘူးလေ သူတို့ မနေ့က ရွာကိုဝင်လာခဲ့မယ်လို့ ပြောတယ် ကျွန်တော်တို့ သတင်းကြားတာနဲ့ ထွက်ပြေးလာတာပါ ကျွန်တော်တို့ ဘဝက ကျောက်ကြားထဲ ကြက်ဥ ဝင်သွားသလိုပဲဗျ ဘယ်ဖက်လှည့်လည်းမရ ပေါက်သွားမှာ အဲ့ဒါမျိုး ဒါ့ကြောင့် ခုလို ထွက်ပြေးနေရတာ”လို့ အမည်မဖေါ်လိုသူ ပန်ခမ်း ကျေးရွာသား တဦးက…

Read More

Facebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ်

Facebookအနေနဲ့ မြန်မာ့ရွေးကောက်ပွဲကာလမှာ အမုန်းစကားနဲ့ သတင်းမှားတွေကို တိုးမြှင့်ဖယ်ရှားမယ် နယူးယောက်၊ စက်တင်ဘာ-၂-၂၀၂၀ မျိုးဆက် (VOM) မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးတဲ့ သတင်းအမှား ဖြန့်ဝေတာတွေ၊ အမုန်းစကားတွေနဲ့ အကြောင်းအရာတွေကို ထောက်လှမ်းဖယ်ရှားတာတွေကို တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Facebook က စက်တင်ဘာ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပျက်စီးစေနိုင်တဲ့ သတင်းမှားတွေနဲ့ အတည်မပြုနိုင်တဲ့ ကောလဟာတွေကို ယခုအချိန်ကစပြီး နိုဝင်ဘာ ၂၂ ရက်အထိ ဖယ်ရှားသွားမယ်လို့ Facebook ကပြောပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တစ်ဦးဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ ဘင်္ဂါလီတစ်ဦးဖြစ်တယ်။ အဲဒါကြောင့် ကိုယ်စားလှယ်လောင်းအရည်အချင်းမပြည့်မီဘူးဆိုပြီး မှားယွင်းတဲ့စွပ်စွဲမှုတွေကို ဖယ်ရှားသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး Facebook ဟာဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး အကြမ်းဖက်မှုတွေပိုမိုဆိုးရွားစေတဲ့ အမုန်းစကားတွေပြန့်နှံ့မှုမှာ Facebook ရဲ့ပလက်ဖောင်းက အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂစုံးစမ်းစစ်ဆေးသူတွေက…

Read More

အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား 

အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား

အပစ်ရပ်သက်တမ်းထပ်တိုးတာ တကယ်ရော အပစ်ရပ်မှာလား စစ်တွေ၊ စက်တင်ဘာ ၂- ၂၀၂၀ ထက်အောင်စိုင်း(VOM) မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် (MNTJP/ MNDAA)၊ တအောင်း (TSLF/TNLA)၊ ရခိုင် (ULA/AA) တို့ဟာ သတ္တမအကြိမ်မြောက် ရက်ပေါင်း (၇၀) ကြာ တစ်ဖက်သက်အပစ်ရပ်ကြေညာချက်ကို မနေ့ စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ တအန်း(တအောင်း) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ပြောတာက ” ကျနော်တို့က အရင်ကလည်း အပစ်ရပ်ကြေညာချက်တွေထုတ်ပြန်ခဲ့ပါတယ်။ အခုထုတ်ပြန်တာကလည်း ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ပေါင်းပြီးတော့ ထုတ်ပြန်တာပါ။ အဓိကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဆွေးနွေးတဲ့ အချိန်မှာ အထောက်အကူဖြစ်ဖို့၊ ပိုပြီး ထိရောက်အောင် အပစ်ရပ်ထားတာဖြစ်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲကာလမှာ လူထုတွေက လွတ်လပ်စွာနဲ့ မဲပေးနိုင်အောင်၊…

Read More

မော်လမြိုင်မှာတွေ့ရှိတဲ့ COVID -19 လူနာ ၈ ဦးမှာ ပရဟိတအဖွဲ့ဝင် ၄ဦးပါဝင်နေ

မော်လမြိုင်မှာတွေ့ရှိတဲ့ COVID -19 လူနာ ၈ ဦးမှာ ပရဟိတအဖွဲ့ဝင် ၄ဦးပါဝင်နေ နေပြည်တော်၊ စက်တင်ဘာ၂-၂၀၂၀ ကောင်းလက်ျာ(VOM) ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က COVID-19 ရောဂါပိုးတွေ့တဲ့ လူနာ ၈ ယောက်ထဲမှာ ပရဟိတလုပ်ကိုင်နေတဲ့ အမျိုးသား ၄ ဦးပါဝင်တယ်လို့ မော်လမြိုင်မြို့နယ်ဘို ဘိုဝင်း လူမှုကူညီရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောပါတယ်။ ” အေးမြကြည်လင်ပရဟိတအဖွဲ့ကနှစ်ဦးနဲ့ ကျွန်တော်တို့ဆီက နှစ်ဦးပါ။ အခုလက်ရှိ မော်လမြိုင်ဆေးရုံကြီးမှာ ကုသပေးနေပါတယ်။ သင်္ဘောသားလူနာနဲ့ ထိတွေ့ဆက်ဆံသူတွေချည်းပါပဲ”လို့ ဦးဘိုဘိုဝင်းကပြောပါတယ်။ မော်လမြိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာအသစ် ၈ ဦးမှာ အသက် ၁၈ နှစ်အရွယ်ကနေ အသက် ၅၇ နှစ်အရွယ်ကြားရှိတဲ့ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး၂ ဦးဖြစ်ပြီး…

Read More

စပါထားရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်ကခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်နေ

စပါထားရွာက အုပ်ချုပ်ရေးမှူးနဲ့ ဆန်စက်ပိုင်ရှင်တစ်ဦးကို တပ်ကခေါ်ဆောင်သွားတဲ့အတွက် မိသားစုဝင်တွေစိုးရိမ်နေ စစ်တွေ၊ စက်တင်ဘာ ၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးကို မနေ့ စက်တင်ဘာလ ၁ ရက်နေ့က တပ်မတော်ကနေ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတဲ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကလည်း စပါးထားရွာက ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းဆိုသူကိုလည်း စစ်ဆေးစရာရှိတယ်ဆိုကာ ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။ ့ သူတို့နဲ့ပတ်သက်ပြီး ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာကို အခုအချိန်ထိ သတင်းအစအန မရရှိသေးဘူးလို့ မိသားစုဝင်တွေက အတည်ပြုပြောပါတယ်။ ခေါ်ဆောင်သွားတဲ့ ဦးရဲကျော်ထွန်းဆိုသူဟာ ဆန်စက်ပိုင်ရှင်ဖြစ်ပြီး တပ်မတော်သားတွေက ဆန်စက်ကိုစစ်ဆေးတဲ့အခါ ဆန်အိတ်အများအပြားတွေ့တာကြောင့် ဆန်အိတ်တွေကို ခေတ္တထိန်းသိမ်းထားမယ်ဆိုပြီး တပ်မတော်(ရေ) ဇက်ရေယာဉ်နဲ့ တင်ဆောင်သွားကြောင်း သိရပါတယ်။ ဦးရဲကျော်ထွန်းရဲ့ သမီးဖြစ်သူပြောပြတာက” ၃၁ ရက်နေ့က သူတို့ရွာကို ရောက်လာပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။…

Read More

ကချင်ပြည်နယ်အတွင်း တပ်မတော်သားမဲဆန္ဒရှင်တွေ မဲရုံ ၅၃ ရုံမှာ မဲပေးမယ်

ကချင်ပြည်နယ်အတွင်း တပ်မတော်သားမဲဆန္ဒရှင်တွေ မဲရုံ ၅၃ ရုံမှာ မဲပေးမယ် မြစ်ကြီးနား၊ စက်တင်ဘာ ၂-၂၀၂၀ ရန်အောင်ထွန်း(VOM( ကချင်တစ်ပြည်နယ်လုံးမှာ တပ်မတော်သား မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးမယ့် မဲရုံပေါင်း ၅၃ ရုံရှိတယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောပါတယ်။ အဲ့ဒီမဲရုံတွေထဲက ၅၂ ရုံဟာ အရပ်သားတွေနဲ့အတူ ဆန္ဒမဲပေးရမှာဖြစ်ပြီး ပူတာအို တပ်သစ်ရပ်ကွက်မှာတော့ တပ်ပြင်ပက တပ်မတော်သားတွေချည်း သီးသန့်ပေးမယ့် မဲရုံနဲ့ မဲပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။ တပ်မတော်သားတွေပါဝင်မဲပေးမယ့် မဲရုံတွေကတော့ ပူတာအို ၊ မချမ်းဘော ၊ ဗန်းမော် ၊ မန်စီ၊ မိုးမောက်၊ ရွှေကူ၊ မိုးညှင်း၊ မြစ်ကြီးနာခရိုင်မှာ ဆော့လော်မြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တို့ကလွဲပြီး မြို့နယ်အားလုံးမှာ ပါဝင်တယ်လို့ သိရပါတယ်။ တပ်မတော်သားမဲဆန္ဒရှင်အရေအတွက် တိတိကျကျသိရဖို့ စာရင်းမေးမြန်းခဲ့ပေမယ့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဖြေကြားခွင့်မရှိသေးဘူးလို့ ပြောပါတယ်။ လာမယ့် နိုဝင်ဘာ…

Read More
VOM News

FREE
VIEW