နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီး ၅၀ကျော်တားဆီးခံရတဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေ

နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီး ၅၀ကျော်တားဆီးခံရတဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေ

နေပြည်တော်၊ အောက်တိုဘာ ၃-၂၀၂၀
တာတီး(VOM)

နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီးရေ ၅၀ကျော် တားဆီးခံထားရတဲ့အတွက် ယာဉ်ပေါ်ပါတဲ့ ကုန်စိမ်းတွေပျက်စီးမယ့်အခြေအနေဖြစ်ပေါ်နေတဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုအမြန်ပြုလုပ်ပေးဖို့ ယာဉ်မောင်းတွေက လိုလားနေကြပါတယ်။

“မနေ့ညက တပ်ကုန်းဘက်ကိုဆေးစစ်ပေးဖို့ဆိုပြီး ကျွန်တော်တို့ကိုလေးကြိမ်ခေါ်သွားပါတယ်၊ မစစ်ဖြစ်ဖူး၊ သာဝတ္တိဂိတ်မှာ မနေ့ညကတည်းကစောင့်နေရတာ အခု အောက်တိုဘာ ၃ ရက်နေ့ နေ့လည်တစ်နာရီထိဖြစ်ပါတယ်၊ ဆေးစစ်ဖို့ကို သွားမေးတော့လည်း အခုပဲလာစစ်တော့မလို တော်ကြာဘဲလာစစ်တော့မလိုပြောတယ်၊ ကျွန်တော်တို့ကအရေးမကြီးဘူး ကားပေါ်ပါတဲ့ကုန်စိမ်းတွေက အချိန်ကျော်ရင်ပုပ်ကုန်မှာ၊ ပြောင်းဖူးတွေပါတယ်၊ကြက်သွန်၊အာလူး၊ငြုပ်တွေပါတယ်၊ အချိန်ကြာလာတာနဲ့အမျှ ကုန်ပစ္စည်းတွေပျက်စီးတော့မယ်၊ ဒီနေ့မှထွက်ခွင်ံမရရင် ဆုံးရှုံးမှုတွေဖြစ်တော့မယ်၊ ကားတွေပိတ်မယ်ဆိုတာကြိုမသိပါဘူး၊ ကြိုသိရင် ကားတွေမထွက်ပါဘူး”လို့ ကုန်ကားမောင်းသူ ကိုဇော်ကြီးကပြောပါတယ်။

အောက်တိုဘာ ၂ရက်နေ့က ယာဉ်တွေကိုနေပြည်တော်အဝင်အထွက် တားမြစ်လိုက်တဲ့အတွက် ပဲခူးတိုင်း၊ရေနီဂိတ်အထွက် ပဲခူးတိုင်းရေနီဂိတ်မှာ နေပြည်တော်ကို ဖြတ်သန်းဝင်ရောက်ကြမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်အပါအဝင်ယာဉ်ပေါ်ပါသူများကိုချက်ခြင်းကျန်းမာရေးစစ်ဆေးပေးပြီး နက်ဂတစ်အဖြေရယာဉ်မောင်းများ၊ယာဉ်နောက်လိုက်များကို ထောက်ခံချက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

နေပြည်တော်အဝင် သာဝတ္တိဂိတ်ကို ထောက်ခံချက်လက်မှတ်ပြပြီး အလွယ်တကူဖြတ်သန်းခွင့်ရခဲ့ကြပေမယ့် အောက်တိုဘာ ၂ ရက်နေ့မှာ ရုတ်တရက်ထုတ်ပြန်လိုက်တဲ့အမိန့်ကြောင့် ယာဉ်အချို့တားဆီးခြင်းခံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော်

Zawgyi

ေနျပည္ေတာ္အထြက္ သာဝတၳိဂိတ္မွာ ယာဥ္အစီး ၅၀ေက်ာ္တားဆီးခံရတဲ့အတြက္ အခက္အခဲေတြျဖစ္ေပၚေန

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၃-၂၀၂၀
တာတီး(VOM)

ေနျပည္ေတာ္အထြက္ သာ၀တၳိဂိတ္မွာ ယာဥ္အစီးေရ ၅၀ေက်ာ္ တားဆီးခံထားရတဲ့အတြက္ ယာဥ္ေပၚပါတဲ့ ကုန္စိမ္းေတြပ်က္စီးမယ့္အေျခအေနျဖစ္ေပၚေနတဲ့အတြက္ က်န္းမာေရးစစ္ေဆးမႈအျမန္ျပဳလုပ္ေပးဖို႔ ယာဥ္ေမာင္းေတြက လိုလားေနၾကပါတယ္။

“မေန႔ညက တပ္ကုန္းဘက္ကိုေဆးစစ္ေပးဖို႔ဆိုၿပီး ကြၽန္ေတာ္တို႔ကိုေလးႀကိမ္ေခၚသြားပါတယ္၊ မစစ္ျဖစ္ဖူး၊ သာဝတၱိဂိတ္မွာ မေန႔ညကတည္းကေစာင့္ေနရတာ အခု ေအာက္တိုဘာ ၃ ရက္ေန႔ ေန႔လည္တစ္နာရီထိျဖစ္ပါတယ္၊ ေဆးစစ္ဖို႔ကို သြားေမးေတာ့လည္း အခုပဲလာစစ္ေတာ့မလို ေတာ္ၾကာဘဲလာစစ္ေတာ့မလိုေျပာတယ္၊ ကြၽန္ေတာ္တို႔ကအေရးမႀကီးဘူး ကားေပၚပါတဲ့ကုန္စိမ္းေတြက အခ်ိန္ေက်ာ္ရင္ပုပ္ကုန္မွာ၊ ေျပာင္းဖူးေတြပါတယ္၊ၾကက္သြန္၊အာလူး၊ျငဳပ္ေတြပါတယ္၊ အခ်ိန္ၾကာလာတာနဲ႔အမွ် ကုန္ပစၥည္းေတြပ်က္စီးေတာ့မယ္၊ ဒီေန႔မွထြက္ခြင္ံမရရင္ ဆုံးရႈံးမႈေတြျဖစ္ေတာ့မယ္၊ ကားေတြပိတ္မယ္ဆိုတာႀကိဳမသိပါဘူး၊ ႀကိဳသိရင္ ကားေတြမထြက္ပါဘူး”လို႔ ကုန္ကားေမာင္းသူ ကိုေဇာ္ႀကီးကေျပာပါတယ္။

ေအာက္တိုဘာ ၂ရက္ေန႔က ယာဥ္ေတြကိုေနျပည္ေတာ္အဝင္အထြက္ တားျမစ္လိုက္တဲ့အတြက္ ပဲခူးတိုင္း၊ေရနီဂိတ္အထြက္ ပဲခူးတိုင္းေရနီဂိတ္မွာ ေနျပည္ေတာ္ကို ျဖတ္သန္းဝင္ေရာက္ၾကမယ့္ ကုန္တင္ယာဥ္ေတြရဲ႕ ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္အပါအဝင္ယာဥ္ေပၚပါသူမ်ားကိုခ်က္ျခင္းက်န္းမာေရးစစ္ေဆးေပးၿပီး နက္ဂတစ္အေျဖရယာဥ္ေမာင္းမ်ား၊ယာဥ္ေနာက္လိုက္မ်ားကို ေထာက္ခံခ်က္ထုတ္ေပးခဲ့တာျဖစ္ပါတယ္။

ေနျပည္ေတာ္အဝင္ သာဝတၱိဂိတ္ကို ေထာက္ခံခ်က္လက္မွတ္ျပၿပီး အလြယ္တကူျဖတ္သန္းခြင့္ရခဲ့ၾကေပမယ့္ ေအာက္တိုဘာ ၂ ရက္ေန႔မွာ ႐ုတ္တရက္ထုတ္ျပန္လိုက္တဲ့အမိန႔္ေၾကာင့္ ယာဥ္အခ်ိဳ႕တားဆီးျခင္းခံေနၾကရ​တာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW