နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီး ၅၀ကျော်တားဆီးခံရတဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေ

နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီး ၅၀ကျော်တားဆီးခံရတဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်နေ နေပြည်တော်၊ အောက်တိုဘာ ၃-၂၀၂၀ တာတီး(VOM) နေပြည်တော်အထွက် သာဝတ္ထိဂိတ်မှာ ယာဉ်အစီးရေ ၅၀ကျော် တားဆီးခံထားရတဲ့အတွက် ယာဉ်ပေါ်ပါတဲ့ ကုန်စိမ်းတွေပျက်စီးမယ့်အခြေအနေဖြစ်ပေါ်နေတဲ့အတွက် ကျန်းမာရေးစစ်ဆေးမှုအမြန်ပြုလုပ်ပေးဖို့ ယာဉ်မောင်းတွေက လိုလားနေကြပါတယ်။ “မနေ့ညက တပ်ကုန်းဘက်ကိုဆေးစစ်ပေးဖို့ဆိုပြီး ကျွန်တော်တို့ကိုလေးကြိမ်ခေါ်သွားပါတယ်၊ မစစ်ဖြစ်ဖူး၊ သာဝတ္တိဂိတ်မှာ မနေ့ညကတည်းကစောင့်နေရတာ အခု အောက်တိုဘာ ၃ ရက်နေ့ နေ့လည်တစ်နာရီထိဖြစ်ပါတယ်၊ ဆေးစစ်ဖို့ကို သွားမေးတော့လည်း အခုပဲလာစစ်တော့မလို တော်ကြာဘဲလာစစ်တော့မလိုပြောတယ်၊ ကျွန်တော်တို့ကအရေးမကြီးဘူး ကားပေါ်ပါတဲ့ကုန်စိမ်းတွေက အချိန်ကျော်ရင်ပုပ်ကုန်မှာ၊ ပြောင်းဖူးတွေပါတယ်၊ကြက်သွန်၊အာလူး၊ငြုပ်တွေပါတယ်၊ အချိန်ကြာလာတာနဲ့အမျှ ကုန်ပစ္စည်းတွေပျက်စီးတော့မယ်၊ ဒီနေ့မှထွက်ခွင်ံမရရင် ဆုံးရှုံးမှုတွေဖြစ်တော့မယ်၊ ကားတွေပိတ်မယ်ဆိုတာကြိုမသိပါဘူး၊ ကြိုသိရင် ကားတွေမထွက်ပါဘူး”လို့ ကုန်ကားမောင်းသူ ကိုဇော်ကြီးကပြောပါတယ်။ အောက်တိုဘာ ၂ရက်နေ့က ယာဉ်တွေကိုနေပြည်တော်အဝင်အထွက် တားမြစ်လိုက်တဲ့အတွက် ပဲခူးတိုင်း၊ရေနီဂိတ်အထွက် ပဲခူးတိုင်းရေနီဂိတ်မှာ နေပြည်တော်ကို ဖြတ်သန်းဝင်ရောက်ကြမယ့် ကုန်တင်ယာဉ်တွေရဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်အပါအဝင်ယာဉ်ပေါ်ပါသူများကိုချက်ခြင်းကျန်းမာရေးစစ်ဆေးပေးပြီး နက်ဂတစ်အဖြေရယာဉ်မောင်းများ၊ယာဉ်နောက်လိုက်များကို ထောက်ခံချက်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။…

Read More

ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာ

ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာ ညောင်ဦး ၊ အောက်တိုဘာ ၃-၂၀၂၀ မောင်တာရာ (VOM) မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ တပတ်အတွင်း COVID -19 ရောဂါပိုးတွေ့ရှိသူ ၃၆ ဦးထိရှိလာခဲ့ပြီဖြစ်တယ်လို့ ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကပြောပါတယ်။ COVID -19 ရောဂါပိုးတွေ့သူအားလုံးဟာ ရန်ကုန်တိုင်းရှိ မြို့နယ်အသီးသီးကနေ ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး သက်ဆိုင်ရာကျေးရွာတွေမှာ Quarentine ဝင်ရောက်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ ”မနေ့က COVID -19 ရောဂါပိုးရှိသူ ၂၅ ဦး ထပ်မံတွေ့ရှိပါတယ်။ သူတို့က ရန်ကုန်က ပြန်လာတဲ့သူတွေပါ၊ ရန်ကုန်က သူတို့နဲ့ တစ်ဖွဲ့ထဲပြန်လာသူတွေကိုလည်း သက်ဆိုင်ရာ Quarentine စင်တာတွေမှာ ဆက်လက်ပြီး ထားရှိထားပါတယ်၊ လက်ရှိ ညောင်ဦးမြို့နယ်မှာ COVID -19 အတည်ပြုလူနာ ၃၆ ဦးအထိ ရှိလာပါပြီ”လို့ ညောင်ဦးမြို့နယ်…

Read More

ရန်ကုန်မြို့မှာပြေးဆွဲပေးနေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လူစီးရေနည်းပါးတာတွေကြောင့် အရှုံးပေါ်နေ

ရန်ကုန်မြို့မှာပြေးဆွဲပေးနေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လူစီးရေနည်းပါးတာတွေကြောင့် အရှုံးပေါ်နေ ရန်ကုန် ၊အောက်တိုဘာ ၃-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ၊ မြို့ပတ်ရထား ၊ ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီသင်္ဘောနဲ့ ကားတွေတင်ပြီးပြေးဆွဲနေတဲ့ သင်္ဘောတွေဟာလည်း လက်ရှိမှာ လူစီးရေနည်းပါးတာတွေ၊ အစီးရေလျော့ချတာနဲ့ ဝင်ငွေထိခိုက်တာတွေ ဖြစ်ပေါ်နေပြီး အရှုံးပေါ်နေတယ်လို့ သိရပါတယ်။ “အရှုံးခံပြီးပြေးဆွဲပေးနေရပါတယ် ။ ပထမ ကိုဗစ်ဖြစ်ကတည်းက အဆင်ကတော့မပြေဘူးလေ ။ အဲ့ဒီကတည်းက အရှုံးခံပြီးပြေးဆွဲပေးနေတာ ။ ပြင်ဆင်စရိတ်တွေကအစ အရှုံးခံပြီး ပြေးဆွဲပေးနေတာပါ၊ အရင်က ဘတ်စ်ကားတစ်စီးရဲ့ ပျမ်းမျှနေ့စဉ်သယ်ဆောင်နေတာက ခရီးသွားဦးရေ ၅၅၀ လောက်ရှိတယ်။ လက်ရှိအခြေအနေက ကားတစ်စီးကို ၁၅၀ လေက်ပဲ စီးတော့တယ်။ ယခင်ဝင်ငွေ ပျမ်းမျှကားတစ်စီးဆွဲဆိုရင် တစ်သိန်း နဲ့ တစ်သိန်းနှစ်သောင်းလောက်ရတယ် ။ ဒီနေ့အခြေအနေက သုံးသောင်းလောက်ပဲ ဝင်ငွေအခြေအနေပါ။ ကားအစီးရေကတော့ ၅၀…

Read More

ပေ ၁၀၀ ကျော်အနက်ရှိတဲ့ ချောက်ထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကို အသက်ရှင်လျက်တွေ့

ပေ ၁၀၀ ကျော်အနက်ရှိတဲ့ ချောက်ထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကို အသက်ရှင်လျက်တွေ့ ဖောင်းပြင် ၊ အောက်တိုဘာ ၃ -၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ လွင်းကြီးကျေးရွာနဲ့ နတ်နန်းကျေးရွာအကြား ဖောင်းပြင်-ဟုမ္မလင်းသွားတဲ့ ကားလမ်းဘေးက အနက်ပေ ၁၀၀ ကျော်နက်တဲ့ ချောက်ထဲမှာ ဒီကနေ့မနက် ၇ နာရီက မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ လွင်ကြီးကျေးရွာက ဦးမောင်ဇော်ဟာ တောထဲကို ဟင်းရွက်ရှာဖို့ထွက်လာရာမှာ ဝှေတောင်မှီတောင်နဲ့ ၁ မိုင်အကွာ ဗျူဟာလမ်းကြီးရဲ့ အရှေ့ဘက် ၃ ဖာလုံလန့်နေရာ အနက်ပေ ၁၃၀ ကျော်နက်တဲ့ ချောက်ကမ်းပါးထဲမှာ အဲ့ဒီ စွန့်ပစ်ထားတဲ့ ကလေးငယ်ကို တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” ကလေးက ယောကျာၤလေးဖြစ်တယ် ၊ ဒူးနှစ်ဖက် ဖုယောင်ညိုမဲနေတယ် ၊ မျက်စိတဖက်နဲ့ ပါးစပ်ကတော့…

Read More

သိန်းပေါင်း ၂သောင်းနီးပါး မူးယစ်ဆေးဝါးကို ဝင်ရောက်ရှာဖွေစဉ် ဓားနဲ့ပြန်ခုခံတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်‌ခတ်ဖမ်းဆီးခဲ့ရ

သိန်းပေါင်း ၂သောင်းနီးပါး မူးယစ်ဆေးဝါးကို ဝင်ရောက်ရှာဖွေစဉ် ဓားနဲ့ပြန်ခုခံတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်‌ခတ်ဖမ်းဆီးခဲ့ရ နေပြည်တော်၊အောက်တိုဘာ ၃-၂၀၂၀ ကောင်းလက်ျာ+ကိုတိုးကြီး(VOM) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ်-၅ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အောက်တိုဘာ၂ ရက်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဓားနဲ့ပြန်လည်ခုခံတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးရာမှာတော့ ဓားနဲ့ခုခံတဲ့ အမျိုးသားဟာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ” လက်တစ်လောတော့ ‌သေနတ် ထိမှန်သေဆုံးတဲ့ကိစ္စ သေမှုသေခင်းနဲ့ပဲ ဖွင့်ထားရတယ်။မူးယစ်အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ပုဒ်မနဲ့ သေဆုံးသူအပါအဝင် သုံးဦးကို အမှုဖွင့်လှစ်ခဲ့ပါတယ်”လို့ လားရှိူးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးမြင့်ကျော်က ပြောပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မူးယစ်သတင်းအရ လား ရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ နေနော်အောင်(ခ)လမုန်နော်အောင် (၅၃ နှစ်)နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ဧည့်ခန်းထဲမ‌ှာ အိမ်ရှင်နဲ့အတူ စိုင်းနော်(ခ)ဒီလာ(၃၀ နှစ်)နဲ့…

Read More

ဗကသအဖွဲ့ချုပ်အနေနဲ့ ကျောင်းသားတွေဖမ်းဆီးခံထားရတဲ့ကိစ္စ အစိုးရနဲ့ညှိနိူင်းသွားမှာမဟုတ်ဘဲ လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားမယ်

ဗကသအဖွဲ့ချုပ်အနေနဲ့ ကျောင်းသားတွေဖမ်းဆီးခံထားရတဲ့ကိစ္စ အစိုးရနဲ့ညှိနိူင်းသွားမှာမဟုတ်ဘဲ လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားမယ် မန္တလေး၊ အောက်တိုဘာ ၃-၂၀၂၀ ဟိန်းကို(VOM) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသားတွေကို ရဲတပ်ဖွဲ့ကနေ အာမခံမရတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(က)(ခ)၊ ငြိမ်းစုစီပုဒ်မ-၁၉တို့နဲ့ တရားစွဲဆိုဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်တာတွေပြုလုပ်နေတာကို ဗကသများအဖွဲ့ချုပ်အနေနဲ့ အစိုးရနဲ့ ညှိနိူင်းသွားမှာမဟုတ်ဘူးလို့ ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ(၁) ကိုအောင်ပြည့်စုံဖြိုးကပြောပါတယ်။ ” လက်ရှိမှာတော့ အစိုးရနဲ့ညှိနိူင်းမှာတော့ မဟုတ်ပါဘူး ၊ ဒါပေမယ့်အစိုးရအနေနဲ့ ဒီလိုမျိုး စစ်တပ်ကနေတရားစွဲတာကို ထိုင်ကြည့်မှာလားဆိုတာကိုတော့ မေးခွန်းထုတ်ချင်ပါတယ်”လို့ ဒီကနေ့မနက်ပိုင်းက သတင်းမီဒီယာတွေနဲ့ ဗကသအဖွဲ့ချုပ်တို့ အွန်လိုင်းကနေပြုလုပ်တဲ့ ဗကသကျောင်းသားတွေဖမ်းဆီးခံရတာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုအောင်ပြည့်စုံဖြိုးကပြောခဲ့ပါတယ်။ မနေ့ အောက်တိုဘာ ၂ရက်နေ့ကလည်း မန္တလေးမြို့မှာ တပ်မတော်ဆန့်ကျင်းရေးစာသားနဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့သူ ဗကသအဖွဲ့ဝင်ကျောင်းသား ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ဦးကို မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုထူးခန့်သော်ကပြောတာက “မနေ့က မဟာအောင်မြေတရားရုံးကနေပြီးတော့မှ…

Read More

ရေနီမှာပိတ်မိ‌နေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို Test Kit နဲ့ ကိုဗစ်ရောဂါစစ်တဲ့အခါ ပိုးတွေ့လူနာ ၁ဦးရှိနေ

ရေနီမှာပိတ်မိ‌နေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို Test Kit နဲ့ ကိုဗစ်ရောဂါစစ်တဲ့အခါ ပိုးတွေ့လူနာ ၁ဦးရှိနေ နေပြည်တော်၊ အောက်တိုဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း နဲ့ နေပြည်တော်အဝင် ရေနီမြို့အထွက်မှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို မနေ့အောက်တိုဘာ ၂ရက်နေ့ ညဦးပိုင်ကစတင်ပြီးTest Kitနဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာမှာတော့ ကုန်တင်ယာဉ်မောင်းတစ်ဦးမှာ ရောဂါပိုးစတင်တွေ့ရှိထားတယ်လို့ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ ” မနေ့ကညက စတင်စစ်ဆေးခဲ့တဲ့ လူ ၂၀၀ ‌ကျော်အနက်၊ တစ်ဦးမှာ ရောဂါပိုးတွေ့ရှိထားတယ်။ ဒီကနေ့ မနက်စောစောပိုင်းက ဆက်ပြီးစစ်ဆေးနေတဲ့ ရလာဒ်တွေထဲမှာတော့ သတင်းတက်မလာသေးဘူး”လို့ ရေတာရှည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာညီနန္ဒဆွေက ပြောပါတယ်။ ပိုးတွေ့တဲ့ ယာဉ်မောင်းအမျိုးသားဟာ မကွေးတိုင်း၊ချောက်မြို့ဇာတိဖြစ်ပြီး ဆီပေပါတွေတင်‌ဆောင်လာကာ ရန်ကုန်မြို့ကနေ မန္တလေးကို မောင်းလာတာဖြစ်တဲ့အတွက် အခုလက်ရှိ ရေတာရှည်ဆေးရုံကြီးမှာ ပို့ဆောင်ကုသေပေးနေတယ်လို့…

Read More

ဧရာဝတီတိုင်းက နေရာ(၈)ခုကို လုံးဝအသွားအလာကန့်သတ်

ဧရာဝတီတိုင်းက နေရာ(၈)ခုကို လုံးဝအသွားအလာကန့်သတ် ပုသိမ်၊ အောက်တိုဘာ၃-၂၀၂၀ ကိုအောင်(VOM) ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ခဲ့တဲ့ ဧရာဝတီတိုင်းကနေရာ (၈)ခုကို အသွားအလာ လုံးဝကန့်သတ်ထားတယ်လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။ ပုသိမ်မြို့က ကွန်ဒို တစ်လုံး၊ အိမ်ယာတစ်ခု ၊ရပ်ကွက်လမ်း(၂)နေရာ ဖျာပုံမြို့နယ်၊ ဒေါငြိမ်းကျေးရွာက လမ်းတစ်နေရာ၊ လပွတ္တာမြို့နယ်က တဲစု(၆)လုံး၊ ဝါးခယ်မမြို့နယ်က ဘုန်းကြီးကျောင်းတိုက်တစ်လုံး ၊ကန်ကြီးထောငိ့မြို့နယ်၊ ကမ္မလာကျေးရွာက နေအိမ်(၂၆)လုံးတို့ကို လုံးဝအသွားအလာကန့်သတ်ထားလိုက်တာဖြစ်ပါတယ်။ “အဲ့ဒီနေရာမှာနေထိုင်သူတွေအနေနဲ့ လုံးဝအပြင်ထွက်ခွင့်မရှိပါဘူး၊ စားသောက်ကုန်ဝယ်ယူဖို့နဲ့ ကျန်းမာရေးကိစ္စတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့သာ ဆက်သွယ်ဆောင်ရွက်ရမှာပါ”လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာများလာတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ၂၅ရက်နေ့ကစပြီး ပုသိမ်၊ဖျာပုံနဲ့မအူပင်မြို့တွေကို Stay at Homeအဖြစ်ကြေငြာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့စာရင်းအရ ဧရာဝတီတိုင်းအတွင်းမှာ အတည်ပြုလူနာ (၃၅၃)ဦးရှိပြီး လူနာ(၁၃၀)ကတော့ ရောဂါပျောက်ကင်းသွားပြီလို့ သိရပါတယ်။ #voiceofmyanmar #VOM #ဧရာဝတီ #ကိုဗစ် #နေရာ၈ခု #အသွားအလာကန့်သတ် Zawgyi ဧရာ၀တီတိုင္းက…

Read More

မီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရ

မီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရ ရန်ကုန်၊ အောက်တိုဘာ ၃-၂၀၂၀ သိင်္ဂီ(VOM) မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)ဥက္ကဋ္ဌ ဦးအုန်းကြိုင်မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ MPC အတွင်းရေးမှူး ဦးကျော်စွာမင်းက အတည်ပြုပြောကြားပါတယ်။ လက်ရှိမှာတော့ MPC ဥက္ကဋ္ဌဟာ တပ်မတော် အသည်းဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ “ကိုဗစ်ကူးစက်ခံရတာဟုတ်တယ်၊ တပ်မတော်အသည်းဆေးရုံကြီးမှာ ကုသမှုခံယူနေတယ်။ ဒီမနက်ဆက်သွယ်မှုအရ ကျန်းမာရေးကောင်းတယ်။ လောလောဆယ် ဒီလောက်ပဲပြောလို့ရတယ်။ အသေးစိတ်နေမကောင်းလို့ဆေးရုံတက်နေတာသိတယ်။ ဒီမနက် ကွန်ဖမ်းလုပ်ကြည့်တော့ ကူးစက်ခံရတာသိတယ်”လို့ ဦးကျော်စွာမင်းက ပြောပါတယ် ။ လက်ရှိမှာ ရွှေပြည်သာမြို့နယ်က MPCဥက္ကဋ္ဌရဲ့နေအိမ်ကို အသွားအလာကန့်သတ်ထားတယ်လို့လည်း သိရပြီး MPCဥက္ကဋ္ဌ ဦးအုန်းကြိုင်ရဲ့ သမီးဖြစ်သူမှာလည်း ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။ MPC နဲ့ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှိတို့ပြုလုပ်မယ့် ဆွေးနွေးပွဲကိုလည်း လာမယ့် စနေနေ့ကို ပြန်လည်ချိန်းဆိုထားတယ်လို့ သိရပါတယ်။ Photo-MPC…

Read More
VOM News

FREE
VIEW