ဧရာဝတီတိုင်းက နေရာ(၈)ခုကို လုံးဝအသွားအလာကန့်သတ်

ဧရာဝတီတိုင်းက နေရာ(၈)ခုကို လုံးဝအသွားအလာကန့်သတ်

ပုသိမ်၊ အောက်တိုဘာ၃-၂၀၂၀
ကိုအောင်(VOM)

ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့ခဲ့တဲ့ ဧရာဝတီတိုင်းကနေရာ (၈)ခုကို အသွားအလာ လုံးဝကန့်သတ်ထားတယ်လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။

ပုသိမ်မြို့က ကွန်ဒို တစ်လုံး၊ အိမ်ယာတစ်ခု ၊ရပ်ကွက်လမ်း(၂)နေရာ
ဖျာပုံမြို့နယ်၊ ဒေါငြိမ်းကျေးရွာက လမ်းတစ်နေရာ၊ လပွတ္တာမြို့နယ်က တဲစု(၆)လုံး၊ ဝါးခယ်မမြို့နယ်က ဘုန်းကြီးကျောင်းတိုက်တစ်လုံး ၊ကန်ကြီးထောငိ့မြို့နယ်၊ ကမ္မလာကျေးရွာက နေအိမ်(၂၆)လုံးတို့ကို လုံးဝအသွားအလာကန့်သတ်ထားလိုက်တာဖြစ်ပါတယ်။

“အဲ့ဒီနေရာမှာနေထိုင်သူတွေအနေနဲ့ လုံးဝအပြင်ထွက်ခွင့်မရှိပါဘူး၊ စားသောက်ကုန်ဝယ်ယူဖို့နဲ့ ကျန်းမာရေးကိစ္စတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့သာ ဆက်သွယ်ဆောင်ရွက်ရမှာပါ”လို့ ဧရာဝတီတိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးကပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ကိုဗစ်အတည်ပြုလူနာများလာတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ၂၅ရက်နေ့ကစပြီး ပုသိမ်၊ဖျာပုံနဲ့မအူပင်မြို့တွေကို Stay at Homeအဖြစ်ကြေငြာခဲ့တာဖြစ်ပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့စာရင်းအရ ဧရာဝတီတိုင်းအတွင်းမှာ အတည်ပြုလူနာ (၃၅၃)ဦးရှိပြီး
လူနာ(၁၃၀)ကတော့ ရောဂါပျောက်ကင်းသွားပြီလို့ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ကိုဗစ် #နေရာ၈ခု #အသွားအလာကန့်သတ်

Zawgyi

ဧရာ၀တီတိုင္းက ေနရာ(၈)ခုကို လုံး၀အသြားအလာကန႔္သတ္

ပုသိမ္၊ ေအာက္တိုဘာ၃-၂၀၂၀
ကိုေအာင္(VOM)

ကိုဗစ္အတည္ျပဳလူနာ အမ်ားဆုံးေတြ႕ခဲ့တဲ့ ဧရာ၀တီတိုင္းကေနရာ (၈)ခုကို အသြားအလာ လုံး၀ကန႔္သတ္ထားတယ္လို႔ ဧရာဝတီတိုင္းလမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ဦးဝင္းေဌးကေျပာပါတယ္။

ပုသိမ္ၿမိဳ႕က ကြန္ဒို တစ္လုံး၊ အိမ္ယာတစ္ခု ၊ရပ္ကြက္လမ္း(၂)ေနရာ
ဖ်ာပုံၿမိဳ႕နယ္၊ ေဒါၿငိမ္းေက်း႐ြာက လမ္းတစ္ေနရာ၊ လပြတၱာၿမိဳ႕နယ္က တဲစု(၆)လုံး၊ ၀ါးခယ္မၿမိဳ႕နယ္က ဘုန္းႀကီးေက်ာင္းတိုက္တစ္လုံး ၊ကန္ႀကီးေထာငိ့ၿမိဳ႕နယ္၊ ကမၼလာေက်း႐ြာက ေနအိမ္(၂၆)လုံးတို႔ကို လုံး၀အသြားအလာကန႔္သတ္ထားလိုက္တာျဖစ္ပါတယ္။

“အဲ့ဒီေနရာမွာေနထိုင္သူေတြအေနနဲ႔ လုံး၀အျပင္ထြက္ခြင့္မရွိပါဘူး၊ စားေသာက္ကုန္၀ယ္ယူဖို႔နဲ႔ က်န္းမာေရးကိစၥေတြအတြက္ သက္ဆိုင္ရာတာ၀န္ရွိသူေတြနဲ႔သာ ဆက္သြယ္ေဆာင္႐ြက္ရမွာပါ”လို႔ ဧရာဝတီတိ္ုင္းလမ္းပန္းဆက္သြယ္ေရး၀န္ႀကီးဦး၀င္းေဌးကေျပာပါတယ္။

ဧရာဝတီတိုင္းအတြင္းမွာ ကိုဗစ္အတည္ျပဳလူနာမ်ားလာတာေၾကာင့္ က်န္းမာေရး၀န္ႀကီးဌာနက စက္တင္ဘာ၂၅ရက္ေန႔ကစၿပီး ပုသိမ္၊ဖ်ာပုံနဲ ႔မအူပင္ၿမိဳ႕ေတြကို Stay at Homeအျဖစ္ေၾကျငာခဲ့တာျဖစ္ပါတယ္။

ဒီေန႔ထုတ္ျပန္တဲ့စာရင္းအရ ဧရာဝတီတိုင္းအတြင္းမွာ အတည္ျပဳလူနာ (၃၅၃)ဦးရွိၿပီး
လူနာ(၁၃၀)ကေတာ့ ေရာဂါေပ်ာက္ကင္းသြားၿပီလို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဧရာဝတီ #ကိုဗစ္ #ေနရာ၈ခု #အသြားအလာကန္႔သတ္

Related posts

Leave a Comment

VOM News

FREE
VIEW