သိန်းပေါင်း ၂သောင်းနီးပါး မူးယစ်ဆေးဝါးကို ဝင်ရောက်ရှာဖွေစဉ် ဓားနဲ့ပြန်ခုခံတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်‌ခတ်ဖမ်းဆီးခဲ့ရ

သိန်းပေါင်း ၂သောင်းနီးပါး မူးယစ်ဆေးဝါးကို ဝင်ရောက်ရှာဖွေစဉ် ဓားနဲ့ပြန်ခုခံတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်‌ခတ်ဖမ်းဆီးခဲ့ရ

နေပြည်တော်၊အောက်တိုဘာ ၃-၂၀၂၀
ကောင်းလက်ျာ+ကိုတိုးကြီး(VOM)

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ်-၅ ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ အောက်တိုဘာ၂ ရက်နေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးတွေကို ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဓားနဲ့ပြန်လည်ခုခံတဲ့ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရပါတယ်။

သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးရာမှာတော့ ဓားနဲ့ခုခံတဲ့ အမျိုးသားဟာ ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” လက်တစ်လောတော့ ‌သေနတ် ထိမှန်သေဆုံးတဲ့ကိစ္စ သေမှုသေခင်းနဲ့ပဲ ဖွင့်ထားရတယ်။မူးယစ်အဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး မူးယစ်ပုဒ်မနဲ့ သေဆုံးသူအပါအဝင် သုံးဦးကို အမှုဖွင့်လှစ်ခဲ့ပါတယ်”လို့ လားရှိူးမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူးမြင့်ကျော်က ပြောပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မူးယစ်သတင်းအရ လား ရှိုးမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း၊ နေနော်အောင်(ခ)လမုန်နော်အောင် (၅၃ နှစ်)နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ဧည့်ခန်းထဲမ‌ှာ အိမ်ရှင်နဲ့အတူ စိုင်းနော်(ခ)ဒီလာ(၃၀ နှစ်)နဲ့ ခွန်ဖုန်း (၄၆ နှစ်)တို့ကို တွေ့ရှိခဲ့ပါတယ်။

အိမ်ကို ရှာဖွေစစ်ဆေးဖို့ အဲ့ဒီအမျိုးသား ၃ဦးကို ငြိမ်ငြိမ်နေဖို့ပြောဆိုရာ နော်အောင်(ခ)လမုန်နော်အောင်မှ အရိုးအသွား၂၆ လက်မခန့်ရှိ ဓားဦးချွန်နဲ့ ရဲအရာရှိတစ်ဦးကို ဝင်
ခုတ်တဲ့အပြင် ခြောက်လန့်ပစ်ခတ်နေတဲ့ကြားမှ သေနတ်ကိုလုယူဖို့ ကြံစည်ခဲ့တာကြောင့်ထပ်မံပစ်ခတ်ခဲ့ရပြီး နော်အောင်(ခ)လမုန်နော်အောင် ရဲ့ဝဲဘက်ရင်ညွန့်ကျည်ထိမှန်ဒဏ်ရာ
နဲ့သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

နေအိမ်ထဲကနေ ဘိန်းဖြူ ၈၀ ဒဿမ ၉ ဂရမ်(၁၂ ဒဿမ ၁၃၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးဝါး ၃၀၀၀ ပြား(ကျပ် ၃၀ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

” တရားခံကို ပစ်ခတ်လို့ လူသေဆုံးတာမျိုးက စုံခုံဖွဲ့စစ်ဆေးတာတို့ဘာတို့စစ်တာဆေးတာတော့ရှိတယ်။ အကျိုးအကြောင်း ခိုင်လုံအောင်ပြသနိုင်ရင် ပြဿနာဘာမှမရှိပါဘူး” လို့ လာရှိူးမြို့မရစခန်းမှ ရဲအုပ်အဆင့်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

အမှုနဲ့ပတ်သက်လို့ နော်အောင်(ခ)လမုန်နော်အောင်၊ စိုင်းနော်(ခ)ဒီလားနဲ့ ခွန်ဖုန်းတို့ ၃ ဦးကို လားရှိူးမြို့မရဲစခန်းမှ မယ(ပ)၁၅၄၂၀၂၀ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ မန္တလေး – မူဆယ် အဝေးပြေးကားလမ်း ခိုလုံတံတား မိုင်တိုင်အမှတ် ၁၃၆ / ၄ အနီးမှာ မူးယစ်တပ်ဖွဲ့စု အမှတ်-၂၈က ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ ကားတစ်စီးကို မူးယစ်ဆေးဝါး ရှာဖွေဖမ်းဆီးဖို့ ပြုလုပ်နေချိန် မူးယစ်ဆေးသယ်ဆောင်လာသူတို့ရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီးတစ်ယောက် သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

Photo-ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #လားရှိုး #မူးယစ်ဖမ်းဆီးမှု

Zawgyi

သိန္းေပါင္း ၂ေသာင္းနီးပါး မူးယစ္ေဆးဝါးကို ဝင္ေရာက္ရွာေဖြစဥ္ ဓားနဲ႔ျပန္ခုခံတဲ့အတြက္ ရဲတပ္ဖြဲ႕က ပစ္‌ခတ္ဖမ္းဆီးခဲ့ရ

ေနျပည္ေတာ္၊ေအာက္တိုဘာ ၃-၂၀၂၀
ေကာင္းလက္်ာ+ကိုတိုးႀကီး(VOM)

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕နယ္၊ အမွတ္-၅ ရပ္ကြက္၊ ခိုင္ေ႐ႊဝါလမ္းမွာရွိတဲ့ ေနအိမ္တစ္အိမ္မွာ ေအာက္တိုဘာ၂ ရက္ေန႔ ေန႔လယ္ပိုင္းက ရဲတပ္ဖြဲ႕က မူးယစ္ေဆးဝါးေတြကို ဝင္ေရာက္ရွာေဖြဖမ္းဆီးရာမွာ ဓားနဲ႔ျပန္လည္ခုခံတဲ့ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖြဲ႕ကေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးခဲ့ရပါတယ္။

ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးရာမွာေတာ့ ဓားနဲ႔ခုခံတဲ့ အမ်ိဳးသားဟာ က်ည္ထိမွန္ေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

” လက္တစ္ေလာေတာ့ ‌ေသနတ္ ထိမွန္ေသဆုံးတဲ့ကိစၥ ေသမႈေသခင္းနဲ႔ပဲ ဖြင့္ထားရတယ္။မူးယစ္အဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ၿပီး မူးယစ္ပုဒ္မနဲ႔ ေသဆုံးသူအပါအဝင္ သုံးဦးကို အမႈဖြင့္လွစ္ခဲ့ပါတယ္”လို႔ လားရွိူးၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒု-ရဲမႉးျမင့္ေက်ာ္က ေျပာပါတယ္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕တာဝန္ရွိသူေတြက မူးယစ္သတင္းအရ လား ရႈိးၿမိဳ႕၊ အမွတ္(၅)ရပ္ကြက္၊ ခိုင္ေ႐ႊဝါလမ္း၊ ေနေနာ္ေအာင္(ခ)လမုန္ေနာ္ေအာင္ (၅၃ ႏွစ္)ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ရာ ေနအိမ္ဧည့္ခန္းထဲမ‌ွာ အိမ္ရွင္နဲ႔အတူ စိုင္းေနာ္(ခ)ဒီလာ(၃၀ ႏွစ္)နဲ႔ ခြန္ဖုန္း (၄၆ ႏွစ္)တို႔ကို ေတြ႕ရွိခဲ့ပါတယ္။

အိမ္ကို ရွာေဖြစစ္ေဆးဖို႔ အဲ့ဒီအမ်ိဳးသား ၃ဦးကို ၿငိမ္ၿငိမ္ေနဖို႔ေျပာဆိုရာ ေနာ္ေအာင္(ခ)လမုန္ေနာ္ေအာင္မွ အ႐ိုးအသြား၂၆ လက္မခန႔္ရွိ ဓားဦးခြၽန္နဲ႔ ရဲအရာရွိတစ္ဦးကို ဝင္
ခုတ္တဲ့အျပင္ ေျခာက္လန႔္ပစ္ခတ္ေနတဲ့ၾကားမွ ေသနတ္ကိုလုယူဖို႔ ႀကံစည္ခဲ့တာေၾကာင့္ထပ္မံပစ္ခတ္ခဲ့ရၿပီး ေနာ္ေအာင္(ခ)လမုန္ေနာ္ေအာင္ ရဲ႕ဝဲဘက္ရင္ၫြန႔္က်ည္ထိမွန္ဒဏ္ရာ
နဲ႔ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

ေနအိမ္ထဲကေန ဘိန္းျဖဴ ၈၀ ဒႆမ ၉ ဂရမ္(၁၂ ဒႆမ ၁၃၅ သိန္း)၊ စိတ္ႂကြ႐ူးသြပ္ေဆးဝါး ၃၀၀၀ ျပား(က်ပ္ ၃၀ သိန္း)တို႔ကို သိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

” တရားခံကို ပစ္ခတ္လို႔ လူေသဆုံးတာမ်ိဳးက စုံခုံဖြဲ႕စစ္ေဆးတာတို႔ဘာတို႔စစ္တာေဆးတာေတာ့ရွိတယ္။ အက်ိဳးအေၾကာင္း ခိုင္လုံေအာင္ျပသႏိုင္ရင္ ျပႆနာဘာမွမရွိပါဘူး” လို႔ လာရွိူးၿမိဳ႕မရစခန္းမွ ရဲအုပ္အဆင့္ရွိသူတစ္ဦးက သုံးသပ္ေျပာဆိုပါတယ္။

အမႈနဲ႔ပတ္သက္လို႔ ေနာ္ေအာင္(ခ)လမုန္ေနာ္ေအာင္၊ စိုင္းေနာ္(ခ)ဒီလားနဲ႔ ခြန္ဖုန္းတို႔ ၃ ဦးကို လားရွိူးၿမိဳ႕မရဲစခန္းမွ မယ(ပ)၁၅၄၂၀၂၀ မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစတတ္ေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ-၁၉(က)/၂၀(က)/၂၂(ခ)/၂၁ တို႔နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလဲ မႏၲေလး – မူဆယ္ အေဝးေျပးကားလမ္း ခိုလုံတံတား မိုင္တိုင္အမွတ္ ၁၃၆ / ၄ အနီးမွာ မူးယစ္တပ္ဖြဲ႕စု အမွတ္-၂၈က ရဲတပ္ဖြဲ႕ဝင္ေတြဟာ သတင္းအရ ကားတစ္စီးကို မူးယစ္ေဆးဝါး ရွာေဖြဖမ္းဆီးဖို႔ ျပဳလုပ္ေနခ်ိန္ မူးယစ္ေဆးသယ္ေဆာင္လာသူတို႔ရဲ႔ ျပန္လည္ပစ္ခတ္မႈေၾကာင့္ ရဲတပ္ၾကပ္ႀကီးတစ္ေယာက္ ေသဆုံးသြားခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါတယ္။

Photo-ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #လားရွိဳး #မူးယစ္ဖမ္းဆီးမႈ

Related posts

Leave a Comment

VOM News

FREE
VIEW