ပေ ၁၀၀ ကျော်အနက်ရှိတဲ့ ချောက်ထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကို အသက်ရှင်လျက်တွေ့

ပေ ၁၀၀ ကျော်အနက်ရှိတဲ့ ချောက်ထဲမှာ မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကို အသက်ရှင်လျက်တွေ့

ဖောင်းပြင် ၊ အောက်တိုဘာ ၃ -၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ လွင်းကြီးကျေးရွာနဲ့ နတ်နန်းကျေးရွာအကြား ဖောင်းပြင်-ဟုမ္မလင်းသွားတဲ့ ကားလမ်းဘေးက အနက်ပေ ၁၀၀ ကျော်နက်တဲ့ ချောက်ထဲမှာ ဒီကနေ့မနက် ၇ နာရီက မွေးကင်းစ ကလေးငယ်တစ်ယောက် စွန့်ပစ်ထားတာကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လွင်ကြီးကျေးရွာက ဦးမောင်ဇော်ဟာ တောထဲကို ဟင်းရွက်ရှာဖို့ထွက်လာရာမှာ ဝှေတောင်မှီတောင်နဲ့ ၁ မိုင်အကွာ ဗျူဟာလမ်းကြီးရဲ့ အရှေ့ဘက် ၃ ဖာလုံလန့်နေရာ အနက်ပေ ၁၃၀ ကျော်နက်တဲ့ ချောက်ကမ်းပါးထဲမှာ အဲ့ဒီ စွန့်ပစ်ထားတဲ့ ကလေးငယ်ကို တွေ့ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” ကလေးက ယောကျာၤလေးဖြစ်တယ် ၊ ဒူးနှစ်ဖက် ဖုယောင်ညိုမဲနေတယ် ၊ မျက်စိတဖက်နဲ့ ပါးစပ်ကတော့ ပေါက်ပြဲ၊ ပွန်းပဲ့ဒဏ်ရာ အနည်းငယ်တော့ရှိတယ်၊ အသက်အန္တရာယ် စိုးရမ်းစရာတော့ မရှိဘူး “လို့ အဲ့ဒီကလေးကို စတင်တွေ့ရှိခဲ့သူ ဦးမောင်ဇော်က ပြောပါတယ်။

အနက်ပေ ၁၃၀ ကျော်ရှိတဲ့ ချောက်ကမ်းပါးထဲကို အဲ့ဒီကလေးငယ်ပြုတ်ကျနေတာမှာ ကံကောင်းထောက်မစွာနဲ့ အောက်အထိကျမသွားဘဲ အနက်ပေ ၅၀ ကျော်နေရာမှာ ကလေးက တင်နေခဲ့တာဖြစ်နိုင်တယ်လို့ စတင်တွေ့ရှိသူက သူရဲ့ထင်မြင်ချက်ကို ပြောပြပါတယ်။

ချက်ကြိုးမပြုတ်သေးတဲ့ အဲ့ဒီကလေးကို လွင်ကြီးစာသင်ကျောင်းက အထက်တန်းပြ ဆရာတစ်ဦးက လူသားချင်းစာနာထောက်ထားပြီး အပြီးအပိုင်မွေးစားဖို့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခွင့်တောင်းထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဖောင်းပြင် #မွေးကင်းစကလေး #ပေ၁၀၀ကျော်အနက်ထဲကတွေ့

Zawgyi

ေပ ၁၀၀ ေက်ာ္အနက္ရွိတဲ့ ေခ်ာက္ထဲမွာ ေမြးကင္းစ ကေလးငယ္တစ္ေယာက္ စြန႔္ပစ္ထားတာကို အသက္ရွင္လ်က္ေတြ႕

ေဖာင္းျပင္ ၊ ေအာက္တိုဘာ ၃ -၂၀၂၀
ကိုတိုးႀကီး(VOM)

စစ္ကိုင္းတိုင္း၊ ေမာ္လိုက္ခ႐ိုင္၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ လြင္းႀကီးေက်း႐ြာနဲ႔ နတ္နန္းေက်း႐ြာအၾကား ေဖာင္းျပင္-ဟုမၼလင္းသြားတဲ့ ကားလမ္းေဘးက အနက္ေပ ၁၀၀ ေက်ာ္နက္တဲ့ ေခ်ာက္ထဲမွာ ဒီကေန႔မနက္ ၇ နာရီက ေမြးကင္းစ ကေလးငယ္တစ္ေယာက္ စြန႔္ပစ္ထားတာကိုေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

လြင္ႀကီးေက်း႐ြာက ဦးေမာင္ေဇာ္ဟာ ေတာထဲကို ဟင္း႐ြက္ရွာဖို႔ထြက္လာရာမွာ ေဝွေတာင္မွီေတာင္နဲ႔ ၁ မိုင္အကြာ ဗ်ဴဟာလမ္းႀကီးရဲ႕ အေရွ႕ဘက္ ၃ ဖာလုံလန႔္ေနရာ အနက္ေပ ၁၃၀ ေက်ာ္နက္တဲ့ ေခ်ာက္ကမ္းပါးထဲမွာ အဲ့ဒီ စြန႔္ပစ္ထားတဲ့ ကေလးငယ္ကို ေတြ႕ခဲ့ရတာျဖစ္တယ္လို႔သိရပါတယ္။

” ကေလးက ေယာက်ာၤေလးျဖစ္တယ္ ၊ ဒူးႏွစ္ဖက္ ဖုေယာင္ညိဳမဲေနတယ္ ၊ မ်က္စိတဖက္နဲ႔ ပါးစပ္ကေတာ့ ေပါက္ၿပဲ၊ ပြန္းပဲ့ဒဏ္ရာ အနည္းငယ္ေတာ့ရွိတယ္၊ အသက္အႏၲရာယ္ စိုးရမ္းစရာေတာ့ မရွိဘူး “လို႔ အဲ့ဒီကေလးကို စတင္ေတြ႕ရွိခဲ့သူ ဦးေမာင္ေဇာ္က ေျပာပါတယ္။

အနက္ေပ ၁၃၀ ေက်ာ္ရွိတဲ့ ေခ်ာက္ကမ္းပါးထဲကို အဲ့ဒီကေလးငယ္ျပဳတ္က်ေနတာမွာ ကံေကာင္းေထာက္မစြာန႔ဲ ေအာက္အထိက်မသြားဘဲ အနက္ေပ ၅၀ ေက်ာ္ေနရာမွာ ကေလးက တင္ေနခဲ့တာျဖစ္ႏိုင္တယ္လို႔ စတင္ေတြ႕ရွိသူက သူရဲ႕ထင္ျမင္ခ်က္ကို ေျပာျပပါတယ္။

ခ်က္ႀကိဳးမျပဳတ္ေသးတဲ့ အဲ့ဒီကေလးကို လြင္ႀကီးစာသင္ေက်ာင္းက အထက္တန္းျပ ဆရာတစ္ဦးက လူသားခ်င္းစာနာေထာက္ထားၿပီး အၿပီးအပိုင္ေမြးစားဖို႔အတြက္ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕ကို ခြင့္ေတာင္းထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေဖာင္းျပင္ #ေမြးကင္းစကေလး #ေပ၁၀၀ေက်ာ္အနက္ထဲကေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW