ရေနီမှာပိတ်မိ‌နေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို Test Kit နဲ့ ကိုဗစ်ရောဂါစစ်တဲ့အခါ ပိုးတွေ့လူနာ ၁ဦးရှိနေ

ရေနီမှာပိတ်မိ‌နေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို Test Kit နဲ့ ကိုဗစ်ရောဂါစစ်တဲ့အခါ ပိုးတွေ့လူနာ ၁ဦးရှိနေ

နေပြည်တော်၊ အောက်တိုဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း နဲ့ နေပြည်တော်အဝင် ရေနီမြို့အထွက်မှာပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၈၀၀ နီးပါးကို မနေ့အောက်တိုဘာ ၂ရက်နေ့ ညဦးပိုင်ကစတင်ပြီးTest Kitနဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာမှာတော့ ကုန်တင်ယာဉ်မောင်းတစ်ဦးမှာ ရောဂါပိုးစတင်တွေ့ရှိထားတယ်လို့ ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” မနေ့ကညက စတင်စစ်ဆေးခဲ့တဲ့ လူ ၂၀၀ ‌ကျော်အနက်၊ တစ်ဦးမှာ ရောဂါပိုးတွေ့ရှိထားတယ်။ ဒီကနေ့ မနက်စောစောပိုင်းက ဆက်ပြီးစစ်ဆေးနေတဲ့ ရလာဒ်တွေထဲမှာတော့ သတင်းတက်မလာသေးဘူး”လို့ ရေတာရှည်မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာညီနန္ဒဆွေက ပြောပါတယ်။

ပိုးတွေ့တဲ့ ယာဉ်မောင်းအမျိုးသားဟာ မကွေးတိုင်း၊ချောက်မြို့ဇာတိဖြစ်ပြီး ဆီပေပါတွေတင်‌ဆောင်လာကာ ရန်ကုန်မြို့ကနေ မန္တလေးကို မောင်းလာတာဖြစ်တဲ့အတွက် အခုလက်ရှိ ရေတာရှည်ဆေးရုံကြီးမှာ ပို့ဆောင်ကုသေပေးနေတယ်လို့ ရေတာရှည်မြို့
နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကိုဗစ်ရောဂါပိုး စစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိတဲ့ ကုန်တင်ယာဉ်မောင်းတွေကိုသာ ‌ကြပ်မတ်ကုသပေးမှာဖြစ်ပြီး ရောဂါပိုး မတွေ့ရသူတွေကို ကုန်စည်တင်ပို့ဖို့ သက်ဆိုင်ရာမြို့နယ်တွေကို ဆက်လက်မောင်းနင်ထွက်ခွာခွင့်ပေးမယ်လို့ ရေတာရှည်မြို့နယ်တိုင်းဒေသကြီးလွှ‌တ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ပြောပါတယ်။

လက်ရှိ ရေနီမြို့အထွက် ရန်ကုန်-မန္တလေးကားလမ်းဟောင်‌းပေါ်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်အစီးရေ ၃၀၀ ကနေ ၄၀၀ ကြားရှိနေပြီး စစ်ဆေးမှုခံယူပြီး ရောဂါပိုးမတွေ့သူတွေကို ယာဉ်စီ‌းရေ တွက်ချက်လွှတ်ပေးမယ်လို့ သိရပါတယ်။

တောင်ငူမြို့ခံ ကုန်တင်ကားကြီးလုပ်ငန်းရှင်တစ်ဦးပြောတာကတော့ “နောက်တစ်ကြိမ် ထပ်ထွက်ဖို့ဆို နောက်တစ်ခါ ထပ်မံစစ်ဆေးရမယ့် သဘောမျိုးပါ။ နောက်ပိုင်းကုန်ကျစားရိတ်ကို ကောက်၊မကောက်ဆိုတာ မ‌သိပေမယ့် အခုတော့ အခမဲ့ပါ”လို့ ပြောပါတယ်။

ပိတ်မိနေကြတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို ရေနီမြို့ခံလူထုက မနက်စာ၊ နေ့လယ်စာ နဲ့ ညစာတွေကို လှူဒါန်းကူ‌ညီပေးနေပြီး ကိုဗစ်ပိုးစစ်‌ေ‌ဆးတာကိုတော့ ရေနီစည်ပင်ဈေးကွက်လပ်နေရာတွေမှာ အသုတ်လိုက်စစ်ဆေးဆောင်ရွက်ပေးနေတယ်
လို့ ရေနီမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo -ဒေါက်တာ ရန်နိုင်မောင်
#voiceofmyanmar #VOM #ရေနီ #ကိုဗစ် #ကုန်တင်ယာဉ်

Zawgyi


ကောင်းလက်ျာ(VOM)









Related posts

Leave a Comment

VOM News

FREE
VIEW