ရန်ကုန်မြို့မှာပြေးဆွဲပေးနေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လူစီးရေနည်းပါးတာတွေကြောင့် အရှုံးပေါ်နေ

ရန်ကုန်မြို့မှာပြေးဆွဲပေးနေတဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ လူစီးရေနည်းပါးတာတွေကြောင့် အရှုံးပေါ်နေ

ရန်ကုန် ၊အောက်တိုဘာ ၃-၂၀၂၀
ယဉ်ပပထွန်း(VOM)

ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ YBS ၊ မြို့ပတ်ရထား ၊ ရန်ကုန်-ဒလ ပြေးဆွဲနေတဲ့ ချယ်ရီသင်္ဘောနဲ့ ကားတွေတင်ပြီးပြေးဆွဲနေတဲ့ သင်္ဘောတွေဟာလည်း လက်ရှိမှာ လူစီးရေနည်းပါးတာတွေ၊ အစီးရေလျော့ချတာနဲ့ ဝင်ငွေထိခိုက်တာတွေ ဖြစ်ပေါ်နေပြီး အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

“အရှုံးခံပြီးပြေးဆွဲပေးနေရပါတယ် ။ ပထမ ကိုဗစ်ဖြစ်ကတည်းက အဆင်ကတော့မပြေဘူးလေ ။ အဲ့ဒီကတည်းက အရှုံးခံပြီးပြေးဆွဲပေးနေတာ ။ ပြင်ဆင်စရိတ်တွေကအစ အရှုံးခံပြီး ပြေးဆွဲပေးနေတာပါ၊ အရင်က ဘတ်စ်ကားတစ်စီးရဲ့ ပျမ်းမျှနေ့စဉ်သယ်ဆောင်နေတာက ခရီးသွားဦးရေ ၅၅၀ လောက်ရှိတယ်။ လက်ရှိအခြေအနေက ကားတစ်စီးကို ၁၅၀ လေက်ပဲ စီးတော့တယ်။ ယခင်ဝင်ငွေ ပျမ်းမျှကားတစ်စီးဆွဲဆိုရင် တစ်သိန်း နဲ့ တစ်သိန်းနှစ်သောင်းလောက်ရတယ် ။ ဒီနေ့အခြေအနေက သုံးသောင်းလောက်ပဲ ဝင်ငွေအခြေအနေပါ။ ကားအစီးရေကတော့ ၅၀ ရာခိုင်နူန်းလောက်ကျသွားတယ်”လို့ Power Eleven ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်။

ဒါ့အပြင့် ရန်ကုန်-ဒလပြေးဆွဲနေတဲ့ လူစီးသင်္ဘောကလည်း တစ်ရက်ကို ပုံမှန်ပြေးဆွဲတာဟာ ခေါက်ရေ ၃၀ ကျော်ရှိပြီး အခုအခါ ရုံးချိန်အတွင်း တစ်ရက်ကို ၁၆ ခေါက်လောက်သာ ပြေးဆွဲနေရတဲ့အပြင် ကားတင်တဲ့သင်္ဘောကလည်း တစ်ရက်ကို ခေါက်ရေ ၇ ခေါက်ပဲ ပြေးဆွဲပေးနေရတယ်လို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းက ပြောပါတယ်။

” လက်ရှိအချိန်မှာ ခေါက်ရေလျှော့ထားတယ် ။ ရုံးဖွင့်ရက်ဖြစ်တဲ့ တနင်္လာကနေပြီး သောကြာနေ အထိ တစ်ရက်ကို ၁၆ ခေါက်ပြေးဆွဲပေးတယ် ။ စနေ နဲ့တနင်္ဂနွေကိုတော့ တစ်ရက်ကို ၁၂ခေါက်ပဲ ပြေးဆွဲနေပါတယ်။ လူစီးရေဆိုရင် အရင်က တစ်ရက်ကို သောင်းဂဏန်းကျော်တယ် ။ အခုက တစ်ရက်ကို ရာဂဏန်းလောက်ပဲ ရှိတော့တယ်။ ဝင်ငွေကတော့ တော်တော်လေးလျော့သွားတယ်။ ဒါ့အပြင့် ရန်ကုန်-ဒလ ပြေးဆွဲပေးနေတဲ့ ကားတင်သင်္ဘောက အရင်က တစ်ရက်ကို ၁၆ ခေါက်လောက်ဆွဲပေးတယ် ။ အခုက တစ်ရက်ကို ၇ ခေါက်ပဲ ဆွဲပေးတော့တယ် ။ အရင်ကကားအစီးရေ တစ်ရက်ကို ၁၅၀ လေက်ရတယ်၊ အခုက ကားအစီးရေ တစ်ရက်ကို ၇၀ လောက်ပဲ တင်ရပါတယ် “လို့ ဦးလှဝင်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမူအာဏပိုင်အဖွဲ့က တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကလည်း “YBSမှာဆိုရင်လည်း ကျွန်တော်တို့က လောလောဆယ် YBS တွေကို ရပ်နားထားတာမရှိဘူး ။ ဒါပေမယ့် ယာဉ်ထွက်တာကတော့ ခရီးသွားပေါ်မူတည်ပြီး အပြောင်းအလဲတော့ရှိပါတယ်”လို့ပြောပါတယ်။

ထပ်မံပြီးတော့ ရန်ကုန်မြို့တွင်းပြေဆွဲနေတဲ့ မြို့ပတ်ရထားဟာဆိုရင်လဲ
စီးနင်းမှု လျော့နည်းသွားတဲ့အတွက် ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ နေ့စဉ် ရထားတွဲဆိုင်း(၆)ဆိုင်း နဲ့ ရုံးချိန်ရထားများကို ပြေးဆွဲပေးနေပြီတော့ လက်ရှိမှာ တော့ ရထားတွဲဆိုင်း(၃)ဆိုင်းတည်းနဲ့သာ ပြေးဆွဲပေးနေပါတယ်လို့ မြန်မာ့မီးရထား တိုင်း( ၇ ) မန်နေဂျာ ဦးဇော်လွင်ကပြောပါတယ် ။

မြို့ပတ်ရထားအနေနဲ့လည်း အရင်က တစ်ရက်ကို ခေါက်ရေ ၅၅ ခေါက်နဲ့ပြေးဆွဲနေပြီး တစ်ရက်ကို လူစီးရေ တစ်သိန်းနီးပါးခန့်စီးနင်းနေတာဖြစ်ပါတယ်။ အခုအခါမှာတော့ မြို့ပတ်ရထားက တစ်ရက်ကို ခေါက်ရေ ၆ ခေါက်သာ ပြေးဆွဲပေးနေပြီး လူစီးရေမှာလည်း တစ်ရက်ကို ထောင်ဂဏန်းနီးပါးလောက်ပဲ ရှိတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ကိုဗစ် #ပို့ဆောင်ရေးလုပ်ငန်း #အရှုံးပေါ်

Zawgyi

ရန္ကုန္ျမိဳ့မွာေျပးဆဲြေပးေနတဲ့ ပို႔ေဆာင္ေရးလုပ္ငန္းေတြ လူစီးေရနည္းပါးတာေတြေၾကာင့္ အရွုံးေပၚေန

ရန္ကုန္ ၊ေအာက္တိုဘာ ၃-၂၀၂၀
ယဥ္ပပထြန္း(VOM)

ရန္ကုန္ျမိဳ႔တြင္းမွာ ေျပးဆဲြေနတဲ့ YBS ၊ ျမိဳ႔ပတ္ရထား ၊ ရန္ကုန္-ဒလ ေျပးဆဲြေနတဲ့ ခ်ယ္ရီသေဘၤာနဲ႔ ကားေတြတင္ျပီးေျပးဆဲြေနတဲ့ သေဘၤာေတြဟာလည္း လက္႐ွိမွာ လူစီးေရနည္းပါးတာေတြ၊ အစီးေရေလ်ာ့ခ်တာနဲ႔ ဝင္ေငြထိခို္က္တာေတြ ျဖစ္ေပၚေနၿပီး အရွံုးေပၚေနတယ္လို႔ သိရပါတယ္။

“အရႈံးခံျပီးေျပးဆဲြေပးေနရပါတယ္ ။ ပထမ ကိုဗစ္ျဖစ္ကတည္းက အဆင္ကေတာ့မေျပဘူးေလ ။ အဲ့ဒီကတည္းက အရွုံးခံျပီးေျပးဆဲြေပးေနတာ ။ ျပင္ဆင္စရိတ္ေတြကအစ အရႈံးခံျပီး ေျပးဆဲြေပးေနတာပါ၊ အရင္က ဘတ္စ္ကားတစ္စီးရဲ႔ ပ်မ္းမ်ွေန႔စဥ္သယ္ေဆာင္ေနတာက ခရီးသြားဦးေရ ၅၅၀ ေလာက္ရွိတယ္။ လက္႐ွိအေျခအေနက ကားတစ္စီးကို ၁၅၀ ေလက္ပဲ စီးေတာ့တယ္။ ယခင္ဝင္ေငြ ပ်မ္းမ်ွကားတစ္စီးဆဲြဆုိရင္ တစ္သိန္း နဲ့ တစ္သိန္းႏွစ္ေသာင္းေလာက္ရတယ္ ။ ဒီေန ့အေျခအေနက သံုးေသာင္းေလာက္ပဲ ဝင္ေငြအေျခအေနပါ။ ကားအစီးေရကေတာ့ ၅၀ ရာခိုင္ႏူန္းေလာက္က်သြားတယ္”လို ့ Power Eleven ကုမၸဏီမွ မန္ေနးဂ်င္းဒါရိုက္တာ ကိုတ႐ုတ္ေလးက ေျပာပါတယ္။

ဒါ့အျပင့္ ရန္ကုန္-ဒလေျပးဆဲြေနတဲ့ လူစီးသေဘၤာကလည္း တစ္ရက္ကို ပံုမွန္ေျပးဆဲြတာဟာ ေခါက္ေရ ၃၀ ေက်ာ္ရွိၿပီး အခုအခါ ရံုးခ်ိန္အတြင္း တစ္ရက္ကို ၁၆ ေခါက္ေလာက္သာ ေျပးဆဲြေနရတဲ့အျပင္ ကားတင္တဲ့သေဘၤာကလည္း တစ္ရက္ကို ေခါက္ေရ ၇ ေခါက္ပဲ ေျပးဆဲြေပးေနရတယ္လို ့ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ျမစ္ဝကြ်န္းေပၚဌာနခဲြ လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးလွဝင္းက ေျပာပါတယ္။

” လက္႐ွိအခ်ိန္မွာ ေခါက္ေရေလွ်ာ့ထားတယ္ ။ ရံုးဖြင့္ရက္ျဖစ္တဲ့ တနလၤာကေနျပီး ေသာၾကာေန အထိ တစ္ရက္ကို ၁၆ ေခါက္ေျပးဆဲြေပးတယ္ ။ စေန နဲ ့တနဂၤေႏြကိုေတာ့ တစ္ရက္ကို ၁၂ေခါက္ပဲ ေျပးဆဲြေနပါတယ္။ လူစီးေရဆိုရင္ အရင္က တစ္ရက္ကို ေသာင္းဂဏန္းေက်ာ္တယ္ ။ အခုက တစ္ရက္ကို ရာဂဏန္းေလာက္ပဲ ႐ွိေတာ့တယ္။ ဝင္ေငြကေတာ့ ေတာ္ေတာ္ေလးေလ်ာ့သြားတယ္။ ဒါ့အျပင့္ ရန္ကုန္-ဒလ ေျပးဆဲြေပးေနတဲ့ ကားတင္သေဘၤာက အရင္က တစ္ရက္ကို ၁၆ ေခါက္ေလာက္ဆဲြေပးတယ္ ။ အခုက တစ္ရက္ကို ၇ ေခါက္ပဲ ဆဲြေပးေတာ့တယ္ ။ အရင္ကကားအစီးေရ တစ္ရက္ကို ၁၅၀ ေလက္ရတယ္၊ အခုက ကားအစီးေရ တစ္ရက္ကို ၇၀ ေလာက္ပဲ တင္ရပါတယ္ “လို ့ ဦးလွဝင္းကေျပာပါတယ္။

ရန္ကုန္တိုင္းေဒသၾကီး သယ္ယူပို ့ေဆာင္ေရး ၾကီးၾကပ္ကြက္ကဲမူအာဏပို္င္အဖဲြ ့က တဲြဖက္အတြင္းေရးမွဴး ဦးလွေအာင္ကလည္း “YBSမွာဆိုရင္လည္း ကြ်န္ေတာ္တို႔က ေလာေလာဆယ္ YBS ေတြကို ရပ္နားထားတာမ႐ွိဘူး ။ ဒါေပမယ့္ ယာဥ္ထြက္တာကေတာ့ ခရီးသြားေပၚမူတည္ျပီး အေျပာင္းအလဲေတာ့႐ွိပါတယ္”လို ့ေျပာပါတယ္။

ထပ္မံျပီးေတာ့ ရန္ကုန္ျမိဳ့တြင္းေျပဆဲြေနတဲ့ ျမိဳ့ပတ္ရထားဟာဆိုရင္လဲ
စီးနင္းမွု ေလ်ာ့နည္းသြားတဲ့အတြက္ ရန္ကုန္ၿမိဳ့ပတ္လမ္းပိုင္းမွာ ေန႔စဥ္ ရထားတြဲဆိုင္း(၆)ဆိုင္း နဲ ့ ႐ုံးခ်ိန္ရထားမ်ားကို ေျပးဆဲြေပးေနျပီေတာ့ လက္႐ွိမွာ ေတာ့ ရထားတြဲဆိုင္း(၃)ဆိုင္းတည္းနဲ ့သာ ေျပးဆဲြေပးေနပါတယ္လို ့ ျမန္မာ့မီးရထား တိုင္း( ၇ ) မန္ေနဂ်ာ ဦးေဇာ္လြင္ကေျပာပါတယ္ ။

ၿမိဳ႔ပတ္ရထားအေနနဲ႔လည္း အရင္က တစ္ရက္ကို ေခါက္ေရ ၅၅ ေခါက္နဲ့ေျပးဆဲြေနျပီး တစ္ရက္ကို လူစီးေရ တစ္သိန္းနီးပါးခန္ ့စီးနင္းေနတာျဖစ္ပါတယ္။ အခုအခါမွာေတာ့ ျမိဳ ့ပတ္ရထားက တစ္ရက္ကို ေခါက္ေရ ၆ ေခါက္သာ ေျပးဆဲြေပးေနျပီး လူစီးေရမွာလည္း တစ္ရက္ကို ေထာင္ဂဏန္းနီးပါးေလာက္ပဲ ရွိတယ္လို႔သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ကိုဗစ္ #ပို႔ေဆာင္ေရးလုပ္ငန္း #အရံႈးေပၚ

Related posts

Leave a Comment

VOM News

FREE
VIEW