ချင်းပြည်နယ်ရဲ့ ဒုတိယအကြိမ်မဲစာရင်းမှာ မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းသွား

ချင်းပြည်နယ်ရဲ့ ဒုတိယအကြိမ်မဲစာရင်းမှာ မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းသွား

ဟားခါး ၊ အောက်တိုဘာ ၅-၂၀၂၀
ကိုတိုးကြိး (VOM)

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ထုတ်ပြန်ကြေငြာတဲ့ မဲဆန္ဒရှင် စာရင်းတွေမှာ ပထမအကြိမ် ထုတ်ပြန်ချိန်က မဲဆန္ဒရှင် စာရင်း အရေအတွက်ထက် မဲဆန္ဒရှင် ၁ သောင်းကျော်လျော့နည်းနေသွားတယ်လို့ ချင်းပြည်နယ် ရွေးကောာက်ပွဲ ကော်မရှင်ကနေ သိရပါတယ်။

မဲဆန္ဒရှင် မဲစာရင်းတွေ လျော့နည်းသွားရတာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအကြား စစ်ရေးထိတွေ့မှုတွေ မကြာခဏဖြစ်ပွားခဲ့ပြီး တိုက်ပွဲရှောင်သူတချို့ဟာ နေရပ်စွန့်ခွာပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေကို ပြောင်းရွှေ့သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ ပလက်ဝမြို့ဘက်က တိုက်ပွဲရှောင်သူတွေဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေကို နေရပ်စွန့်ခွာပြီး အပြီးပြောင်းသွားတာကြောင့် ၊ မဲဆန္ဒရှင် အရေအတွက် လျော့နည်းသွားတာလည်း ပါတယ် ” လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကျော်လင်းက ပြောပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် သြဂုတ်လတုန်းက ၂၁ ရက်ကြာ ပထမအကြိမ် ထုတ်ပြန်ကြေငြာတဲ့ မဲစာရင်းမှာ ဆန္ဒမဲပေးနိုင်တဲ့ လူဦးရေ (၃၄၂၁၄၂) ယောက်ရှိခဲ့တာဖြစ်ပါတယ်။

အခု အောက်တိုဘာ ၁ရက်နေ့ကနေ ၁၄ ရက်အထိ ထုတ်ပြန်ကြေငြာတဲ့ ဒုတိယအကြိမ် မဲစာရင်းမှာတော့ မဲဆန္ဒရှင်ဦးရေ (၃၃၁၆၉၈) ယောက်ပဲ ထုတ်ပြန်ထားတာကို တွေ့ရှိရတဲ့အတွက် ဒါဟာ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းထက် (၁၀၄၄၄) ယောက် လျော့နည်းသွားတာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ချင်းပြည်နယ်အတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၁၂ ပါတီ ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၇ ဦး ၊ ယှဉ်ပြိုင်ကိုယ်စားလှယ် ၂၁၀ ယောက် ရှိတဲ့အထဲက အမျိုးသား ကိုယ်စားလှယ် ၁၉၂ ယောက်နဲ့ အမျိုးသမီး ကိုယ်စားလှယ် ၁၈ ယောက် ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်နေရာအတွက် ၉၈ ဦး၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း နေရာအတွက် ၄၉ ဦးနဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် နေရာအတွက် ၆၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာတာနဲ့အမျှ ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ချင်းပြည်နယ်တောင်ပိုင်းအကြားမှာ စစ်ရေးထိတွေ့မှုတွေလည်း မြှင့်မားလာတာကြောင့် စစ်ရေးထိတွေ့မှုရှိတဲ့ ရွာတွေက ဒေသခံတွဟာ နီးစပ်ရာ တိုက်ပွဲရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြရတယ်လို့ ပလက်ဝဒေသခံတွေပြောပြချက်အရ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲရှောင်ပြည်သူများအရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ရဲ့ စာရင်းတွေအရ ပလက်၀ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၄၈၀၀) ကျော်၊ ဆမီးမြို့ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၉၀၀) ကျော်၊ မီးဇာကျေးရွာ တိုက်ပွဲရှောင်စခန်းမှာ လူဦးရေ (၂၀၀၀) ကျော်နဲ့ စိမ့်စင်းကျေးရွာ တိုက်ပွဲရှောင် စခန်းမှာ လူဦးရေ(၂၀၀)နီးပါးခန့် တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချင်း #ရွေးကောက်ပွဲ #မဲစာရင်း

Zawgyi

ခ်င္းျပည္နယ္ရဲ႕ ဒုတိယအၾကိမ္မဲစာရင္းမွာ မဲဆႏၵရွင္ ၁ ေသာင္းေက်ာ္ေလ်ာ႔နည္းသြား

ဟားခါး ၊ ေအာက္တိုဘာ ၅-၂၀၂၀
ကိုတိုးၾကိး (VOM)

ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္က ဒုတိယအၾကိမ္ ထုတ္ျပန္ေၾကျငာတဲ႔ မဲဆႏၵရွင္ စာရင္းေတြမွာ ပထမအၾကိမ္ ထုတ္ျပန္ခ်ိန္က မဲဆႏၵရွင္ စာရင္း အေရအတြက္ထက္ မဲဆႏၵရွင္ ၁ ေသာင္းေက်ာ္ေလ်ာ႔နည္းေနသြားတယ္လို႔ ခ်င္းျပည္နယ္ ေရြးေကာာက္ပြဲ ေကာ္မရွင္ကေန သိရပါတယ္။

မဲဆႏၵရွင္ မဲစာရင္းေတြ ေလ်ာ႔နည္းသြားရတာဟာ ခ်င္းျပည္နယ္ေတာင္ပိုင္းနဲ႔ ရခိုင္ျပည္နယ္ေျမာက္ပိုင္းအၾကား စစ္ေရးထိေတြ႕မႈေတြ မၾကာခဏျဖစ္ပြားခဲ႔ျပီး တိုက္ပြဲေရွာင္သူတခ်ိဳ႕ဟာ ေနရပ္စြန္႔ခြာျပီး အျခားတိုင္းနဲ႔ ျပည္နယ္ေတြကို ေျပာင္းေရႊ႕သြားတာျဖစ္တယ္လို႔ သိရပါတယ္။

“ ပလက္၀ျမိဳ႕ဘက္က တိုက္ပြဲေရွာင္သူေတြဟာ အျခားတိုင္းနဲ႔ ျပည္နယ္ေတြကို ေနရပ္စြန္႔ခြာျပီး အျပီးေျပာင္းသြားတာေၾကာင္႔ ၊ မဲဆႏၵရွင္ အေရအတြက္ ေလ်ာ႔နည္းသြားတာလည္း ပါတယ္ ” လို႔ ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမွဴး ဦးေက်ာ္လင္းက ေျပာပါတယ္။

ခ်င္းျပည္နယ္မွာ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ၾသဂုတ္လတုန္းက ၂၁ ရက္ၾကာ ပထမအၾကိမ္ ထုတ္ျပန္ေၾကျငာတဲ႔ မဲစာရင္းမွာ ဆႏၵမဲေပးနိုင္တဲ့႔ လူဦးေရ (၃၄၂၁၄၂) ေယာက္ရွိခဲ႔တာျဖစ္ပါတယ္။

အခု ေအာက္တိုဘာ ၁ရက္ေန႔ကေန ၁၄ ရက္အထိ ထုတ္ျပန္ေၾကျငာတဲ႔ ဒုတိယအၾကိမ္ မဲစာရင္းမွာေတာ႔ မဲဆႏၵရွင္ဦးေရ (၃၃၁၆၉၈) ေယာက္ပဲ ထုတ္ျပန္ထားတာကို ေတြ႔ရွိရတဲ့အတြက္ ဒါဟာ ပထမအၾကိမ္ မဲဆႏၵရွင္စာရင္းထက္ (၁၀၄၄၄) ေယာက္ ေလ်ာ႔နည္းသြားတာျဖစ္ပါတယ္။

၂၀၂၀ ေရြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ခ်င္းျပည္နယ္အတြင္းမွာ ၀င္ေရာက္ယွဥ္ျပိဳင္မယ္႔ နိုင္ငံေရးပါတီ ၁၂ ပါတီ ၊ တစ္သီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ၁၇ ဦး ၊ ယွဥ္ျပိဳင္ကို္ယ္စားလွယ္ ၂၁၀ ေယာက္ ရွိတဲ့အထဲက အမ်ိဳးသား ကိုယ္စားလွယ္ ၁၉၂ ေယာက္နဲ႔ အမ်ိဳးသမီး ကိုယ္စားလွယ္ ၁၈ ေယာက္ ပါ၀င္တယ္လို႔ သိရပါတယ္။

ဒါ႔အျပင္ ျပည္နယ္လႊတ္ေတာ္ မဲဆႏၵနယ္ ကိုယ္စားလွယ္ေနရာအတြက္ ၉၈ ဦး၊ ျပည္သူ႔လႊတ္ေတာ္ မဲဆႏၵနယ္ ကိုယ္စားလွယ္ေလာင္း ေနရာအတြက္ ၄၉ ဦးနဲ႔ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ ေနရာအတြက္ ၆၃ ဦးတို႔ ၀င္ေရာက္ယွဥ္ျပိဳင္ၾကမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေရြးေကာက္ပြဲက်င္းပဖို႔ နီးကပ္လာတာနဲ႔အမွ် ရခိုင္ျပည္နယ္ေျမာက္ပိုင္း နဲ႔ ခ်င္းျပည္နယ္ေတာင္ပိုင္းအၾကားမွာ စစ္ေရးထိေတြ႔မႈေတြလည္း ျမွင္႔မားလာတာေၾကာင့္ စစ္ေရးထိေတြ႔မႈရွိတဲ႔ ရြာေတြက ေဒသခံတြဟာ နီးစပ္ရာ တိုက္ပြဲေရွာင္စခန္းေတြမွာ လာေရာက္ခိုလံႈေနၾကရတယ္လို႔ ပလက္၀ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

ခ်င္းျပည္နယ္ေတာင္ပိုင္းက တိုက္ပြဲေရွာင္ျပည္သူမ်ားအေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) ရဲ႕ စာရင္းေတြအရ ပလက္၀ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၄၈၀၀) ေက်ာ္၊ ဆမီးၿမိဳ႕ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၉၀၀) ေက်ာ္၊ မီးဇာေက်းရြာ တိုက္ပြဲေရွာင္စခန္းမွာ လူဦးေရ (၂၀၀၀) ေက်ာ္နဲ႔ စိမ့္စင္းေက်းရြာ တိုက္ပြဲေရွာင္ စခန္းမွာ လူဦးေရ(၂၀၀)နီးပါးခန္႔ တိမ္းေရွာင္ေနၾကတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ခ်င္း #ေရြးေကာက္ပြဲ #မဲစာရင္း

Related posts

Leave a Comment

VOM News

FREE
VIEW