စစ်ကိုင်းမြို့နယ်အတွင်းက ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးပြီး ထောက်ခံစာထုတ်ပေးနေပြီ

စစ်ကိုင်းမြို့နယ်အတွင်းက ကုန်တင်ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေကို ကျန်းမာရေးစစ်ဆေးပြီး ထောက်ခံစာထုတ်ပေးနေပြီ

စစ်ကိုင်း၊ အောက်တိုဘာ- ၅ -၂၀၂၀
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့နယ်အတွင်းက အဝေးပြေး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို COVID19 ရှိ၊ မရှိကို နှာခေါင်းတို့ဖတ် Swab နမူနာယူစစ်ဆေးပြီး ကျန်းမာရေးထောက်ခံချက်ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကထုတ်ပေးနေပြီဖြစ်ပါတယ်။ ဒီကနေ့ အောက်တို ဘာလ ၅ ရက်နေ့မနက်က စတင်ကာ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်အတွင်းက နှစ်(၇၀၀) အားကစားကွင်းမှာ နေ့စဥ်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က VOM ကိုပြောပါတယ်။

“ကျန်းမာရေးထောက်ခံစာ သက်တမ်းက ၂ ပတ်ပဲရှိတာကြောင့် ကားထွက်မယ့် ရက်ပေါ်မူတည်ပြီး လုပ်ပေးမှာပေါ့၊ များသောအားဖြင့် ရှိရင်ရှိသလောက် လုပ်ပေးဖို့စီစဥ်ထားပါတယ်၊ နှာခေါင်းတို့ဖတ်ယူပြီးတစ်ခါတည်းစစ်ပေးမှာ ပိုးတွေ့တာနဲ့တစ်ခါတည်းဆေးရုံတင်ပြီး သူ့မိသားစုဝင်တွေကတော့ Quarantine ဝင်ရမယ်” လို့ စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသော်တာထက်က ပြောပါတယ်။

လာရောက်စစ်ဆေးခံမယ့် ကုန်တင်ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေဟာ စစ်ကိုင်းမြို့နယ်တွင်နေထိုင်ကြောင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးက ထုတ်ပေးတဲ့ခရီးသွားထောက်ခံချက်၊ ကုန်တင်ယာဉ် မောင်း၊ ယာဉ်နောက်လိုက်ဖြစ်ကြောင်း မ.စ.က(သို့) ပို့ဆက်ဌာနက ထောက်ခံချက်ပါရမှာဖြစ်ပါတယ်။ ဒီထဲမှာ​ကားလေး၊ကားလတ်၊ Lighttruck၊ ဈေးဝယ်ကားငယ်များမပါဝင်ဘူးလို့သိရပါတယ်။ စစ်ကိုင်းကနေ ပြေးဆွဲသောကုန်တင်ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်ထောက်ခံချက်ကုန်တင်ယာဉ်ကားနံပါတ်တစ်ခုကို ၂ ဦးသာစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ လာရောက်စစ်ဆေးခံသူတွေအနေနဲ့ ဖေါ်ပြထားတဲ့ ထောက်ခံချက်တွေအပြင်မှတ်ပုံတင်၊ သက်တမ်းရှိယာဉ်မောင်းလိုင်စင်၊ လိုင်စင်ဓာတ်ပုံ၊ နှာခေါင်းစည်း(Mask)၊ မျက်နှာကာ(Faceshield)ဝတ်ဆင်လာရမှာဖြစ်ပြီး ကွမ်းယာလုံးဝစားမလာရဘူးလို့လည်း စစ်ကိုင်းခရိုင်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ကျန်းမာရေးထောက်ခံချက်မှာ ထုတ်ပေးတဲ့နေ့ကနေစတင်ကာ ၂ ပတ်သာ သက်တမ်းရှိတာကြောင့် အမှန်တကယ်ယာဉ်ထွက်မယ့် ကုန်ကားတွေနဲ့ ယာဉ်ထွက်ရက်နီးတဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေသာ လာရောက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှုမရှိသူတွေကို လုံးဝ(လုံးဝ)ဆောင်ရွက်ပေးမှာ မဟုတ်သလို လက်ရှိအချိန်ထိ အခမဲ့စစ်ဆေးပေးမှာဖြစ်ပြီး ပိုးတွေ့ရှိသူများဆေးရုံချက်ချင်းတက်ရောက်ရမှာဖြစ်ပါတယ်။

#VOM #VoiceofMyanmar #Sagaing #ကျန်းမာရေးထောက်ခံစာ #စစ်ကိုင်း #ယာဥ်မောင်း #ယာဥ်နောက်လိုက် #COVID-19

Zawgyi

စစ္ကိုင္းၿမိဳ႕နယ္အတြင္းက ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို က်န္းမာေရးစစ္ေဆးၿပီး ေထာက္ခံစာထုတ္ေပးေနၿပီ

စစ္ကိုင္း၊ ေအာက္တိုဘာ- ၅ -၂၀၂၀
ရႈိင္းေအာင္(VOM)

စစ္ကိုင္းၿမိဳ႕နယ္အတြင္းက အေဝးေျပး ကုန္တင္ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြကို COVID19 ရွိ၊ မရွိကို ႏွာေခါင္းတို႔ဖတ္ Swab နမူနာယူစစ္ေဆးၿပီး က်န္းမာေရးေထာက္ခံခ်က္ကို ခ႐ိုင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနကထုတ္ေပးေနၿပီျဖစ္ပါတယ္။ ဒီကေန႔ ေအာက္တို ဘာလ ၅ ရက္ေန႔မနက္က စတင္ကာ စစ္ကိုင္းၿမိဳ႕၊ ပါရမီရပ္ကြက္အတြင္းက ႏွစ္(၇၀၀) အားကစားကြင္းမွာ ေန႔စဥ္ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ စစ္ကိုင္းခ႐ိုင္က်န္းမာေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာေသာ္တာထက္က VOM ကိုေျပာပါတယ္။

“က်န္းမာေရးေထာက္ခံစာ သက္တမ္းက ၂ ပတ္ပဲရွိတာေၾကာင့္ ကားထြက္မယ့္ ရက္ေပၚမူတည္ၿပီး လုပ္ေပးမွာေပါ့၊ မ်ားေသာအားျဖင့္ ရွိရင္ရွိသေလာက္ လုပ္ေပးဖို႔စီစဥ္ထားပါတယ္၊ ႏွာေခါင္းတို႔ဖတ္ယူၿပီးတစ္ခါတည္းစစ္ေပးမွာ ပိုးေတြ႕တာနဲ႔တစ္ခါတည္းေဆး႐ုံတင္ၿပီး သူ႔မိသားစုဝင္ေတြကေတာ့ Quarantine ဝင္ရမယ္” လို႔ စစ္ကိုင္းခ႐ိုင္က်န္းမာေရးဦးစီးဌာန ဦးစီးမႉး ေဒါက္တာေသာ္တာထက္က ေျပာပါတယ္။

လာေရာက္စစ္ေဆးခံမယ့္ ကုန္တင္ယာဥ္ ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြဟာ စစ္ကိုင္းၿမိဳ႕နယ္တြင္ေနထိုင္ေၾကာင္း ရပ္ကြက္၊ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးက ထုတ္ေပးတဲ့ခရီးသြားေထာက္ခံခ်က္၊ ကုန္တင္ယာဥ္ ေမာင္း၊ ယာဥ္ေနာက္လိုက္ျဖစ္ေၾကာင္း မ.စ.က(သို႔) ပို႔ဆက္ဌာနက ေထာက္ခံခ်က္ပါရမွာျဖစ္ပါတယ္။ ဒီထဲမွာ​ကားေလး၊ကားလတ္၊ Lighttruck၊ ေဈးဝယ္ကားငယ္မ်ားမပါဝင္ဘူးလို႔သိရပါတယ္။ စစ္ကိုင္းကေန ေျပးဆြဲေသာကုန္တင္ယာဥ္ရဲ႕ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ျဖစ္ေၾကာင္း ယာဥ္ပိုင္ရွင္ေထာက္ခံခ်က္ကုန္တင္ယာဥ္ကားနံပါတ္တစ္ခုကို ၂ ဦးသာစစ္ေဆးေပးသြားမွာျဖစ္ပါတယ္။ လာေရာက္စစ္ေဆးခံသူေတြအေနနဲ႔ ေဖၚျပထားတဲ့ ေထာက္ခံခ်က္ေတြအျပင္မွတ္ပုံတင္၊ သက္တမ္းရွိယာဥ္ေမာင္းလိုင္စင္၊ လိုင္စင္ဓာတ္ပုံ၊ ႏွာေခါင္းစည္း(Mask)၊ မ်က္ႏွာကာ(Faceshield)ဝတ္ဆင္လာရမွာျဖစ္ၿပီး ကြမ္းယာလုံးဝစားမလာရဘူးလို႔လည္း စစ္ကိုင္းခ႐ိုင္က်န္းမာေရးဦးစီးဌာနကေန သိရပါတယ္။

က်န္းမာေရးေထာက္ခံခ်က္မွာ ထုတ္ေပးတဲ့ေန႔ကေနစတင္ကာ ၂ ပတ္သာ သက္တမ္းရွိတာေၾကာင့္ အမွန္တကယ္ယာဥ္ထြက္မယ့္ ကုန္ကားေတြနဲ႔ ယာဥ္ထြက္ရက္နီးတဲ့ ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လိုက္ေတြသာ လာေရာက္ထုတ္ယူရမွာျဖစ္တယ္လို႔ သိရပါတယ္။

စည္းကမ္းခ်က္ေတြနဲ႔ ကိုက္ညီမႈမရွိသူေတြကို လုံးဝ(လုံးဝ)ေဆာင္႐ြက္ေပးမွာ မဟုတ္သလို လက္ရွိအခ်ိန္ထိ အခမဲ့စစ္ေဆးေပးမွာျဖစ္ၿပီး ပိုးေတြ႕ရွိသူမ်ားေဆး႐ုံခ်က္ခ်င္းတက္ေရာက္ရမွာျဖစ္ပါတယ္။

#VOM #VoiceofMyanmar #Sagaing #က်န္းမာေရးေထာက္ခံစာ #စစ္ကိုင္း #ယာဥ္ေမာင္း #ယာဥ္ေနာက္လိုက္ #COVID-19

Related posts

Leave a Comment

VOM News

FREE
VIEW