တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံက တိုင်း နဲ့ပြည်နယ် ၃ ခုမှာ မိုးကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်

တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံက တိုင်း နဲ့ပြည်နယ် ၃ ခုမှာ မိုးကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင် ရန်ကုန်၊ ရန်ကုန် ၆-၂၀၂၀ ယဉ်ပပထွန်း (VOM) တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်က အောက်တိုလာ ၇ ရက်နေ့လောက်မှာ မြန်မာနိုင်ငံကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ရောက်ရှိမှာဖြစ်တဲ့အတွက် မွန် ၊ တနင်္သာရီ နဲ့ ကရင်ပြည်နယ်တို့မှာ မိုးကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOM ကိုပြောပါတယ်။ ” အပူပိုင်းမုန်တိုင်းငယ်ဟာ ထိုင်းပင်လယ်ကွေ့ကနေတဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းတို့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ရောက်ရှိလာမှာဖြစ်ပြီး အောက်တိုဘာ၉ ရက်နေ့မှာ ကပ္ပလီပင်လယ်ထဲကို ရောက်သွားမယ်”လို့ ဒေါက်တာကျော်မိုးဦးကပြောပါတယ် ။ လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာ ၈ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်နေ့ အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာတွေ…

Read More

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေ ထွက်ပြေး

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေ ထွက်ပြေး မကွေး၊ အောက်တိုဘာ ၆ -၂၀၂၀ ကိုတိုးကြီး (VOM) မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူမြို့မရဲစခန်းက အချုပ်ခန်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးမြို့မရဲစခန်းက အချုပ်ခန်းတွေထဲက အချုပ်ကျခံနေသူတစ်ချို့ ဖောက်ထွင်းထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ အောက်တိုဘာ ၅ ရက်နေ မနက် ၅ နာရီခွဲအချိန်ခန်းက မကွေးတိုင်း၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူမြို့မရဲစခန်း အချုပ်ခန်းက အချုပ်သားတစ်ယောက်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးမြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား ၇ ယောက်ဟာ အချုပ်ခန်းကို ဖောက်ထွင်းထွက်ပြေးကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ပွင့်ဖြူအချုပ်က ဆိုင်ကယ်သူခိုး ဆိုင်ကယ်ရာဇာ တရားခံတစ်ယောက် အချုပ်ခန်းထဲက မိလ္လာခုံပေါ်ကနေ မျက်နှာကျက်ကို ဖောက်ထွင်းထွက်ပြေးတာပါ၊ ကလေးရဲစခန်းကတော့ ဘယ်လိုပြေးသလဲ မသိဘူး၊ အချုပ်သား ၇…

Read More

မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေးနဲ့အညီ ပြည့်စုံအောင်လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က UEC ကို သတိပေး

မဲဆန္ဒရှင်တွေအတွက် ကျန်းမာရေးနဲ့အညီ ပြည့်စုံအောင်လုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က UEC ကို သတိပေး နေပြည်တော်၊ အောက်တိုဘာ ၆-၂၀၂၀ ကိုလတ် (VOM) လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းတွေနဲ့အညီ မဲပေးဖို့ဆောင်ရွက်ထားတဲ့ သရုပ်ပြအစီအစဉ်ကို နေပြည်တော်က အ.ထ.က- ၅ကျောင်းမှာ ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဲ့ဒီသရုပ်ပြတဲ့နေရာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပါတယ်။ “ဟုတ်ကဲ့ ကျနော်တို့ကို လိုအပ်တာတွေ အကုန်မှာသွားပါတယ်။ Save ဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့်အပိုင်းတွေ တိုးချဲ့လုပ်ရမယ့် လိုအပ်ချက်တွေကို ညွှန်ကြားပြင်ဆင်သွားတာတွေရှိပါတယ်။ အဲ့ဒီအချက်တွေမှတ်သားပြီး ပြင်ဆင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အချက်အလက် အသေးစိတ်ကို မှတ်သားထားပါတယ်။ အဲ့ဒီအတိုင်း ဒုတိယအကြိမ် ပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပြောပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ သရုပ်ပြအစီစဉ်မှာတော့ ရန်ကုန်တိုင်းက မဲဆန္ဒရှင်…

Read More

မန္တလေးတိုင်းမှာ (၄)ရက်အတွင်း မဲစာရင်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိ

မန္တလေးတိုင်းမှာ (၄)ရက်အတွင်း မဲစာရင်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိ မန္တလေး၊ အောက်တိုဘာ ၆ -၂၀၂၀ မောင်တာရာ(VOM) မန္တလေးတိုင်းမှာ ဒုတိယအကြိမ် ကြော်ငြာတဲ့ အခြေခံမဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ မန္တလေးတိုင်းမှာ ဒုတိယအကြိမ် မဲစာရင်းတွေ ကြော်ငြာတဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ အခြေခံ မဲစာရင်းလာရောက်ကြည့်ရှု့သူ (၂၄၅၉၄၉)ဦးရှိပြီး၊ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃)နဲ့ တောင်းဆို လျှောက်ထားသူ (၁၁၅၉၇)ဦး၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူ (၂၂၆၃)ဦး နဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိတဲ့အတွက် ပုံစံ ၄(ဂ)နဲ့ ပြင်ဆင်လွှာ ဖြည့်စွတ်သူ (၉၁၉၀) ဦး ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။…

Read More

ဗကသကျောင်းသား ၂ ယောက်ကို ထောင်ဒဏ် ၁ နှစ်ထပ်ချတဲ့ရုံးချိန်း လုံခြုံရေးတင်းကြပ်

ဗကသကျောင်းသား ၂ ယောက်ကို ထောင်ဒဏ် ၁ နှစ်ထပ်ချတဲ့ရုံးချိန်း လုံခြုံရေးတင်းကြပ် မန္တလေး၊ အောက်တိုဘာ ၅ – ၂၀၂၀ ရှိုင်းအောင်(VOM) ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်းက အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီရုံးချိန်းမှာ သတင်းထောက်တွေသတင်းဓါတ်ပုံရိုက်ခွင့်မသာအောင် ရဲတပ်ဖွဲ့က လုံခြုံရေးအထပ်ထပ်ပိတ်ဆို့ထားခဲ့ပါတယ်။ ဒီနေ့ထောင်ဒဏ် တနှစ်ချမှတ်ခံရတဲ့ ကျောင်းသား၂ယောက်ဟာ မန္တလေးကျုံးရဲ့ဘေး ၂၆ လမ်းနဲ့ ၇၃ လမ်းထောင့်က ဓာတ်တိုင်တွေမှာ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ဖက်ဆစ် လူသက်ဝါဒ အလိုမရှိ၊ တပ်မတော် အလင်းဝင်ပါ၊ တပ်မတော်ကြီးလည်းချီလာပါပြီ ပြည်သူများလည်း သေကုန်ပါပြီ အစရှိတဲ့စာသားတွေပါဝင်တဲ့စတစ်ကာတွေကို စက်တင်ဘာလ ၁၄ ရက်နေ့က လိုက်လံကပ်ခဲ့တာကြောင့် တမှုကို ထောင်ဒဏ်…

Read More

ကမ္ဘာပေါ်မှာ လူ ၁၀ ဦးကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ကူးစက်ခံရဖွယ်ရှိ

ကမ္ဘာပေါ်မှာ လူ ၁၀ ဦးကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ကူးစက်ခံရဖွယ်ရှိ ဂျီနီဗာ၊ အောက်တိုဘာ-၆-၂၀၂၀ မျိုးဆက်(VOM) ကမ္ဘာပေါ်မှာ လူ ၁၀ ကို တစ်ဦးနှုန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးအစည်းအဝေးတစ်ရပ်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်ရှိ လူအများစုဟာ အန္တရာယ်ရှိနေဆဲ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ကပ်ရောဂါ ကူးစက်ခံရသူ ၃၅ သန်းကျော်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ခန့်မှန်းချက်အရ လူဦးရေ သန်း ၈၀၀ နီးပါးအထိ ကူးစက်နိုင်ခြေရှိနေပါတယ်။ ရောဂါကူးစက်ခံရသူဦးရေဟာ လက်ရှိ အတည်ပြုအရေအတွက်ထက် ကျော်လွန်နေတယ်လို့ ကျွမ်းကျင်သူတွေက ယခင်ကတည်းက ထုတ်ဖော်ပြောကြားထားပါတယ်။ ရောဂါဖြစ်ပွားမှုမှာ ၁၀ လကြာမြင့်ပြီဖြစ်သော်လည်း အဆုံးသတ်မယ့် အရိပ်လက္ခဏာမရှိသေးပါဘူး။ အချို့နိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်မားနေသော်လည်း ကန့်သတ်ချက်တွေကို ဖြေလျော့ပေးတာတွေပြုလုပ်ပြီးနောက်…

Read More

ပြည်သူ့ပါတီဆိုင်းဘုတ် ဖျက်ဆီးသူကို အမှုဖွင့်

ပြည်သူ့ပါတီဆိုင်းဘုတ် ဖျက်ဆီးသူကို အမှုဖွင့် နေပြည်တော်၊အောက်တိုဘာ ၆-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငါးပြေမကျေးရွာအုပ်စု၊ သုခမြိုင်ကျေးရွာမှာ မနေ့အောက်တိုဘာ ၅ ရက်နေ့ မနက်က ပြည်သူ့ပါတီရဲ့ ရပ်ကျေးဆိုင်းဘုတ်နဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူကို ကျိုက်မရောရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ပါတီတာဝန်ခံ ဦးအောင်ကိုဝင်းသန်းက ပြောပါတယ်။ ” ဖျက်ဆီးသူကို အမှုဖွင့်လှစ်ထားတယ်။ ဖျက်ဆီးသူရဲ့နောက်ခံဘက်ဂယောင်း ဘာပါတီ၊ ညာပါတီ ရှိ၊မရှိတော့ မသိပါဘူး”လို့ ဦးအောင်ကိုဝင်းသန်းကပြောပါတယ်။ သုခမြိုင်ကျေးရွာက ပြည်သူ့ပါတီ ရပ်ကျေးဆိုင်းဘုတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်းဘုတ်ကို စောရှဲလ်ဆိုသူ အမျိုးသားက တွန်းလှဲဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး ဓာတ်ပုံ မှတ်တမ်းလည်း ရယူထားတယ်လို့ မွန်ပြည်နယ်ပြည်သူ့ပါတီကနေ သိရပါတယ်။ ပြည်သူ့ပါတီ ဆိုင်းဘုတ်ကိုဖျက်ဆီးသူဟာ ကျိုက်မရောမြို့နယ်NLD ပါတီဥက္ကဋ္ဌဖြစ်သူရဲ့ သားဖြစ်သူတစ်ဦးလို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျိုက်မရောNLDပါတီဥက္ကဋ္ဌ ဦးသိန်းမင်းကို VOM သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာမှာတော့ ‌ဖြေကြားလိုခြင်းမရှိသေးဘူးလို့သာ ပြန်လည်ပြောဆိုခဲ့ပါတယ်။…

Read More
VOM News

FREE
VIEW