တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံက တိုင်း နဲ့ပြည်နယ် ၃ ခုမှာ မိုးကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်

တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံက တိုင်း နဲ့ပြည်နယ် ၃ ခုမှာ မိုးကြီး၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်

ရန်ကုန်၊ ရန်ကုန် ၆-၂၀၂၀
ယဉ်ပပထွန်း (VOM)

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်က အောက်တိုလာ
၇ ရက်နေ့လောက်မှာ မြန်မာနိုင်ငံကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ရောက်ရှိမှာဖြစ်တဲ့အတွက် မွန် ၊ တနင်္သာရီ နဲ့ ကရင်ပြည်နယ်တို့မှာ မိုးကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက VOM ကိုပြောပါတယ်။

” အပူပိုင်းမုန်တိုင်းငယ်ဟာ ထိုင်းပင်လယ်ကွေ့ကနေတဆင့် ထိုင်းနိုင်ငံတောင်ပိုင်းနဲ့မြန်မာနိုင်ငံတောင်ပိုင်းတို့ကို လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ရောက်ရှိလာမှာဖြစ်ပြီး အောက်တိုဘာ၉ ရက်နေ့မှာ ကပ္ပလီပင်လယ်ထဲကို ရောက်သွားမယ်”လို့ ဒေါက်တာကျော်မိုးဦးကပြောပါတယ် ။

လေဖိအားနည်းရပ်ဝန်းကြောင့် အောက်တိုဘာ ၈ရက်နေ့ကနေ အောက်တိုဘာ ၁၁ ရက်နေ့ အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာတာတွေ ဒေသအလိုက်မိုးကြီးတာတွေနဲ့ နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောပါတယ်။

ဒါအပြင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်တဲ့အပြင် မိုးသက်လေပြင်းကျတဲ့အခါ ရေပြင်/လေပြင်လေက တစ်နာရီကို (၃၅)မိုင်ကနေ မိုင်(၄၀)အထိ တိုက်ခတ်မှာဖြစ်ပြီးတော့ လှိုင်းအမြင့်မှာ (၉)ပေကနေ (၁၁)ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်၊ မိုးထစ်ချုန်းရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ၊ လျှပ်တစ်ပြက်ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်လာတဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်သူတွေက မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်အနီးတွေမှာ နေထိုင်ကြသူတွေက ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သတိပြုဖို့ လိုအပ်ပါတယ်လို့လည်း ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

Photo-မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#voiceofmyanmar #VOM #ရန်ကုန် #မိုးလေဝသ

Zawgyi

ေတာင္တ႐ုတ္ပင္လယ္မွာျဖစ္ေနတဲ့ အပူပိုင္းမုန္တိုင္းငယ္ေၾကာင့္ ျမန္မာနိုင္ငံက တိုင္း နဲ ့ျပည္နယ္ ၃ ခုမွာ မိုးၾကီး၊ ေျမျပိဳတာေတြ ျဖစ္ေပၚလာနိုင္

ရန္ကုန္၊ ရန္ကုန္ ၆-၂၀၂၀
ယဥ္ပပထြန္း (VOM)

ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ျဖစ္ေပၚေနတဲ့ အပူပိုင္းမုန္တိုင္းငယ္က ေအာက္တိုလာ
၇ ရက္ေန႔ေလာက္မွာ ျမန္မာနိုင္ငံကို ေလဖိအားနည္းရပ္ဝန္းအျဖစ္နဲ ့ေရာက္႐ွိမွာျဖစ္တဲ့အတြက္ မြန္ ၊ တနသၤာရီ နဲ ့ ကရင္ျပည္နယ္တို႔မွာ မိုးၾကီးတာ၊ ေျမျပိဳတာေတြ ျဖစ္ေပၚလာနိုင္တာေၾကာင့္ သတိျပဳဖို႔လိုအပ္တယ္လို ့ မိုးေလဝသနဲ့ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနက ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက VOM ကိုေျပာပါတယ္။

” အပူပိုင္းမုန္တိုင္းငယ္ဟာ ထိုင္းပင္လယ္ေကြ႔ကေနတဆင့္ ထိုင္းနိုင္ငံေတာင္ပိုင္းနဲ ့ျမန္မာနိုင္ငံေတာင္ပိုင္းတို႔ကို ေလဖိအားနည္းရပ္ဝန္းအျဖစ္နဲ ့ေရာက္႐ွိလာမွာျဖစ္ျပီး ေအာက္တိုဘာ၉ ရက္ေန ့မွာ ကပၸလီပင္လယ္ထဲကို ေရာက္သြားမယ္”လို႔ ေဒါက္တာေက်ာ္မိုးဦးကေျပာပါတယ္ ။

ေလဖိအားနည္းရပ္ဝန္းေၾကာင့္ ေအာက္တိုဘာ ၈ရက္ေန႔ကေန ေအာက္တိုဘာ ၁၁ ရက္ေန႔ အတြင္း တနသၤာရီတိုင္း၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို့မွာ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္းရြာတာေတြ ေဒသအလိုက္မိုးႀကီးတာေတြနဲ႔ ေနရာကြက္ျပီး မိုးႀကီးတာေတြ ျဖစ္ေပၚလာနိုင္တယ္လို႔ ေျပာပါတယ္။

ဒါအျပင့္ ျမစ္ဝကၽြန္းေပၚ၊ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္းတစ္ေလၽွာက္နဲ ့ ကမ္းလြန္ပင္လယ္ျပင္တို့မွာ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး၊ လွိုင္းႀကီးနိုင္တဲ့အျပင္ မိုးသက္ေလျပင္းက်တဲ့အခါ ေရျပင္/ေလျပင္ေလက တစ္နာရီကို (၃၅)မိုင္ကေန မိုင္(၄၀)အထိ တိုက္ခတ္မွာျဖစ္ျပီးေတာ့ လွိုင္းအျမင့္မွာ (၉)ေပကေန (၁၁)ေပခန႔္ ရွိနိုင္တယ္လို႔ သိရပါတယ္။

ေလဖိအားနည္းရပ္ဝန္းေၾကာင့္ မိုးသည္းထန္၊ မိုးထစ္ခ်ဳန္းရြာတာနဲ႔အတူ ေလျပင္းတိုက္ခတ္တာေတြ၊ လၽွပ္တစ္ျပက္ေရႀကီးတာေတြ၊ ေျမၿပိဳတာေတြ ျဖစ္ေပၚနိုင္လာတဲ့အတြက္ ကုန္းျမင့္ေဒသအနီးမွာ ေနထိုင္သူေတြက ေျမၿပိဳမွုအႏၲရာယ္နဲ႔ ျမစ္ငယ္၊ ေခ်ာင္းငယ္အနီးေတြမွာ ေနထိုင္ၾကသူေတြက ေရႀကီး၊ ေရလၽွံမွုေတြ ျဖစ္ေပၚလာနိုင္တာေၾကာင့္ သတိျပဳဖို ့ လိုအပ္ပါတယ္လို႔လည္း ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

Photo-မိုးေလဝသနဲ့ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန
#voiceofmyanmar #VOM #ရန္ကုန္ #မိုးေလဝသ

Related posts

Leave a Comment

VOM News

FREE
VIEW