သထုံမြို့က အထူးရဲသင်တန်းသားတစ်ဦးမှာ COVID-19ရောဂါပိုးတွေ့

သထုံမြို့က အထူးရဲသင်တန်းသားတစ်ဦးမှာ COVID-19ရောဂါပိုးတွေ့

နေပြည်တော် ၊အောက်တိုဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ သထုံခရိုင်ရဲတပ်ဖွဲ့ရုံးမှာ ဒီကနေ့မနက်ပိုင်းက အထူးရဲသင်တန်းသား တစ်ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒု-ရဲမှူး မောင်မောင်တင်က ပြောပါတယ်။

” မနေ့ အောက်တိုဘာ ၇ရက်နေ့က သင်တန်းသား ၅၀ကို ကိုဗစ်ပိုးစစ်ဆေးတယ်။ အဲ့ဒီမှာ ၄၉ ယောက်က ပိုးမတွေ့ဘဲ အထူးရဲတပ်ဖွဲ့ဝင်တစ်ဦးပိုးတွေ့တာကြောင့် သူ့ကို သီးခြားခွဲပြီးဆေးကုတယ်။ ကျန်တဲ့တပ်ဖွဲ့ဝင်တွေကိုတော့ သင်တန်းဆက်ဖွင့်နေရပါတယ်”လို့ ဒု-ရဲမှူး မောင်မောင်တင်က ပြောပါတယ်။

သထုံမြို့နယ် မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမယ့် အထူးရဲတပ်ဖွဲ့ဝင် ၅၀ဦးကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး သထုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမဆောင်မှာ အထူးရဲတပ်ဖွဲ့ဝင်တွေ လိုက်နာဆောင်ရွက်ရမယ့်လုပ်ငန်းတွေနဲ့ လုံခြုံရေးသင်တန်းကို သင်ကြားပေးနေချိန် အခုလိုရောဂါပိုးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အထူးရဲသင်တန်းတက်ရောက်နေကြတဲ့ အမျိုးသားတွေဟာ အထူးရဲသင်တန်း မစတင်မီ တစ်ပတ်အလိုကတည်းက ပြင်ပသွားလာခွင့် မပေးထားတဲ့အတွက် ရောဂါကူးစက်ခံရ
သူဟာ သင်တန်းနဲ့နေအိမ် မည်သည့်နေရာကနေ ကူးစက်လာတယ်ဆိုတာကိုတော့ မသိရ
သေးဘူးလို့ ပြောပါတယ်။

အခုလို အထူးရဲသင်တန်းသားတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့တဲ့အတွက် ကျန်တဲ့သင်တန်းသားတွေကိုလည်း ထပ်မံစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့ကနေ သိရ
ပါတယ်။

အခုလိုကိစ္စနဲ့ပတ်သက်ပြီး သထုံခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသင်းသင်းအိကို ဆက်သွယ်မေးမြန်းရာမှာတော့” ကိုဗစ်ရောဂါပိုးတွေ့တဲ့ အထူးရဲတပ်ဖွဲ့ဝင် အမျိုးသားရဲ့ အသေးစိတ်အချက်လက်တွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်သွားမှာဖြစ်တဲ့အတွက် သူ့အနေနဲ့ ‌ဖြေကြားပိုင်ခွင့်မရှိဘူး”လို့ ဒီကနေ့ အောက်တို
ဘာလ ၈ ရက် နေ့လယ်ပိုင်းမှာ VOMသတင်းဌာနကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အထူးရဲသင်တန်းသားတွေထဲက ရောဂါပိုးမတွေ့ရှိတဲ့ သင်တန်းသားတွေကို သီးခြားခွဲထားပြီး သင်တန်းကို ဆက်လက်လုပ်‌ဆောင်‌နေတယ်လို့ သိရပါတယ်။

ရောဂါပိုးတွေ့ရှိတဲ့ သင်တန်းသားကိုတော့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ကုသနေပြီး သူနဲ့ထိတွေ့ထားသူ မိသားစုအချို့ကို ကွာရန်တင်းစင်တာပို့ဆောင်ကာ အသွားအလာကန့်သတ်‌စောင့်ကြည့်နေတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မွန်ပြည်နယ် သထုံခရိုင် သထုံ၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ပေါင်မြို့နယ်တွေမှာ အထူးရဲတပ်ဖွဲ့ဝင်တွေအဖြစ် နှစ်လတာ တာဝန်ထမ်းဆောင်ကြမယ့် သင်တန်းသား ၃၇၄ ဦးကို အောက်တိုဘာလ ၁ရက်နေ့မှ စတင်ကာ သင်တန်းဖွင့်လှစ်သင်ကြားပေးနေတာဖြစ်ပြီး အဲ့ဒီသင်တန်းသားတွေထဲက ပထမအသုတ် ၅၀ဦးကို COVID-19 စစ်ဆေးချိန် တပ်ဖွဲ့ဝင်တစ်ဦးမှာ ရောဂါပိုးတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #သထုံ #အထူးရဲတပ်ဖွဲ့ဝင် #ကိုဗစ်ပိုးတွေ့

Zawgyi

သထုံၿမိဳ႔က အထူးရဲသင္တန္းသားတစ္ဦးမွာ COVID-19ေရာဂါပိုးေတြ႔

ေနျပည္ေတာ္ ၊ေအာက္တိုဘာ ၈-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ သထံုခ႐ိုင္ရဲတပ္ဖြဲ႕ရံုးမွာ ဒီကေန႔မနက္ပိုင္းက အထူးရဲသင္တန္းသား တစ္ဦး ကိုဗစ္ေရာဂါပိုးေတြ႕ရွိခဲ့တယ္လို႔ သထုံၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒု-ရဲမႉး ေမာင္ေမာင္တင္က ေျပာပါတယ္။

” မေန႔ ေအာက္တိုဘာ ၇ရက္ေန႔က သင္တန္းသား ၅၀ကို ကိုဗစ္ပိုးစစ္ေဆးတယ္။ အဲ့ဒီမွာ ၄၉ ေယာက္က ပိုးမေတြ႕ဘဲ အထူးရဲတပ္ဖြဲ႕ဝင္တစ္ဦးပိုးေတြ႕တာေၾကာင့္ သူ႕ကို သီးျခားခြဲၿပီးေဆးကုတယ္။ က်န္တဲ့တပ္ဖြဲ႕ဝင္ေတြကိုေတာ့ သင္တန္းဆက္ဖြင့္ေနရပါတယ္”လို႔ ဒု-ရဲမႉး ေမာင္ေမာင္တင္က ေျပာပါတယ္။

သထုံၿမိဳ႕နယ္ မဲ႐ုံေတြမွာ တာဝန္ထမ္းေဆာင္ရမယ့္ အထူးရဲတပ္ဖြဲ႕ဝင္ ၅၀ဦးကို ေအာက္တိုဘာ ၁ ရက္ေန႔ကစတင္ၿပီး သထုံခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံး၊ ရဲဇာနည္ခန္းမေဆာင္မွာ အထူးရဲတပ္ဖြဲ႕ဝင္ေတြ လိုက္နာေဆာင္႐ြက္ရမယ့္လုပ္ငန္းေတြနဲ႔ လုံၿခဳံေရးသင္တန္းကို သင္ၾကားေပးေနခ်ိန္ အခုလိုေရာဂါပိုးေတြ႕ရွိခဲ့တာလည္း ျဖစ္ပါတယ္။

အထူးရဲသင္တန္းတက္ေရာက္ေနၾကတဲ့ အမ်ိဳးသားေတြဟာ အထူးရဲသင္တန္း မစတင္မီ တစ္ပတ္အလိုကတည္းက ျပင္ပသြားလာခြင့္ မေပးထားတဲ့အတြက္ ေရာဂါကူးစက္ခံရ
သူဟာ သင္တန္းနဲ႔ေနအိမ္ မည္သည့္ေနရာကေန ကူးစက္လာတယ္ဆိုတာကိုေတာ့ မသိရ
ေသးဘူးလို႔ ေျပာပါတယ္။

အခုလို အထူးရဲသင္တန္းသားတစ္ဦးမွာ ကိုဗစ္ေရာဂါပိုးေတြ႕တဲ့အတြက္ က်န္တဲ့သင္တန္းသားေတြကိုလည္း ထပ္မံစစ္ေဆးမႈေတြျပဳလုပ္သြားမယ္လို႔ သထုံခ႐ိုင္ရဲတပ္ဖြဲ႕ကေန သိရ
ပါတယ္။

အခုလိုကိစၥနဲ႔ပတ္သက္ၿပီး သထုံခ႐ိုင္က်န္းမာေရးဦးစီးမႉး ေဒါက္တာသင္းသင္းအိကို ဆက္သြယ္ေမးျမန္းရာမွာေတာ့” ကိုဗစ္ေရာဂါပိုးေတြ႔တဲ့ အထူးရဲတပ္ဖြဲ႔ဝင္ အမ်ိဳးသားရဲ႔ အေသးစိတ္အခ်က္လက္ေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက အေသးစိတ္ထုတ္ျပန္သြားမွာျဖစ္တဲ့အတြက္ သူ႔အေနနဲ႔ ‌ေျဖၾကားပိုင္ခြင့္မရွိဘူး”လို႔ ဒီကေန႔ ေအာက္တို
ဘာလ ၈ ရက္ ေန႔လယ္ပိုင္းမွာ VOMသတင္းဌာနကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

အထူးရဲသင္တန္းသားေတြထဲက ေရာဂါပိုးမေတြ႕ရွိတဲ့ သင္တန္းသားေတြကို သီးျခားခြဲထားၿပီး သင္တန္းကို ဆက္လက္လုပ္‌ေဆာင္‌ေနတယ္လို႔ သိရပါတယ္။

ေရာဂါပိုးေတြ႕ရွိတဲ့ သင္တန္းသားကိုေတာ့ ေမာ္လၿမိဳင္ေဆး႐ုံကို ပို႔ေဆာင္ကုသေနၿပီး သူနဲ႔ထိေတြ႕ထားသူ မိသားစုအခ်ိဳ႕ကို ကြာရန္တင္းစင္တာပို႔ေဆာင္ကာ အသြားအလာကန႔္သတ္‌ေစာင့္ၾကည့္ေနတယ္လို႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

မြန္ျပည္နယ္ သထုံခ႐ိုင္ သထုံ၊ က်ိဳက္ထို၊ ဘီးလင္းနဲ႔ ေပါင္ၿမိဳ႕နယ္ေတြမွာ အထူးရဲတပ္ဖြဲ႔ဝင္ေတြအျဖစ္ ႏွစ္လတာ တာဝန္ထမ္းေဆာင္ၾကမယ့့္ သင္တန္းသား ၃၇၄ ဦးကို ေအာက္တိုဘာလ ၁ရက္ေန႔မွ စတင္ကာ သင္တန္းဖြင့္လွစ္သင္ၾကားေပးေနတာျဖစ္ၿပီး အဲ့ဒီသင္တန္းသားေတြထဲက ပထမအသုတ္ ၅၀ဦးကို COVID-19 စစ္ေဆးခ်ိန္ တပ္ဖြဲ႕ဝင္တစ္ဦးမွာ ေရာဂါပိုးေတြ႕ခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar #VOM #သထံု #အထူးရဲတပ္ဖြဲ႔ဝင္ #ကိုဗစ္ပိုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW