ရခိုင်ပြည်နယ်က ဒေသခံပြည်သူတွေအတွက် မြေမြုပ်မိုင်းအန္တရာယ် ပိုမိုခြိမ်းခြောက်လာ အောက်တိုဘာ ၁၂- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြည်တွင်းစစ်ပဋိပက္ခတွေ အချိန်ကြာလာတာနဲ့အတူ လက်နက်ကြီး /ငယ်ကျည်ကျပြီး သေဆုံးဒဏ်ရာရသူတွေရှိတဲ့အပြင် မြေမြုပ်မိုင်းကြောင့် ဒေသခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အခုလို မိုင်းဘေးအန္တရာယ်ကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေ ခပ်စိပ်စိပ်တွေ့လာရပြီး ၂၀၁၉ ခုနှစ်လယ်ပိုင်းကနေ လက်ရှိ ၂၀၂၀ ခုနှစ်အထိ မိုင်းဘေးကြောင့် ဒေသခံတွေသေဆုံးဒဏ်ရာရမှုမြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုင်းပေါက်ကွဲပြီး သေဆုံးဒဏ်ရာရမှုအများစုဟာ လက်ရှိ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွေမှာ အများဆုံးကြုံတွေ့ရတာဖြစ်ပါတယ်။ မိုင်းဘေးအန္တရာယ်ဟာ မထင်မှတ်ထားတဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေရှိတဲ့အပြင် ကျေးရွာတွေအနီးက လယ်ကွင်းတွေ၊ မြစ်ချောင်းတွေအနီးနဲ့ စားဝတ်နေရေးအတွက် မျှစ်ချိုး၊ ဝါးခုတ် ၊ ဟင်းရှာထွက်တဲ့…
Read MoreDay: October 12, 2020
မြန်မာတိုင်းမ် သတင်းဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့
မြန်မာတိုင်းမ် သတင်းဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ ရန်ကုန် ၁၂-၂၀၂၀ ယဉ်ပပထွန်း (VOM) ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ်ရုံးမှာလုပ်ဆောင်နေတဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိထားတဲ့အတွက် လက်ရှိ ရုံးမှာရှိနေတဲ့လူတွေကို ကန့်သတ်မူတွေ ပြုလုပ်ထားပါတယ်လို့ မြန်မာတိုင်းမ်က Chief Operation Officer ဦးဝေလင်းကပြောပါတယ်။ ” လုံခြုံရေးဝန်ထမ်းပိုးတွေ့တာတော့ ဟုတ်ပါတယ်။ သူကိုတော့ ကိုဗစ်ကုသဆောင်ကို ပို့ထားပါပြီ ။ ရုံးကိုမလာရတဲ့လူတွေကတော့ ကိုယ်အိမ်မှာပဲ ကိုယ်နေပြီး အလုပ်လုပ်ပေါ့ ။ ရုံးမှာရှိနေတဲ့လူတွေကတော့ အပြင်မထွက်ရဘဲ ရုံးမှာပဲနေပေါ့ ။ ရုံးကိုတော့ ပိတ်ထားတယ် ။ သတင်းစာကတော့မပိတ်ဘူး ထွက်နေပါတယ် ။ လောလောဆယ် ကျွန်တော်တို့ကို MOHS က တာဝန်ရှိတဲ့လူတွေက ဆက်သွယ်အကြောင်းကြားတာတွေ မရှိသေးတဲ့အတွက် ဘာမှပြောလို့မရသေးပါဘူး”လို့ဦးဝေလင်းကပြောပါတယ်။ အရင်လပိုင်းလောက်ကလည်း ပြည်တွင်းထုတ် News Watch ဂျာနယ်မှာ လုပ်ကိုင်နေတဲ့ သတင်းထောက်တစ်ဦးလည်း စက်တင်ဘာ ၁၄…
Read Moreရွေးကောက်ပွဲအကြောင်း မန္တလေး မြို့ဟောင်းဈေးသူဈေးသားတွေ ဘယ်လောက်သိကြသလဲ
Read Moreမွန်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကို SKYNET နဲ့MRTV သာ ဖိတ်ခေါ်မှု ဒေသတွင်းမီဒီယာသမားတွေဝေဖန်
မွန်အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲကို SKYNET နဲ့MRTV သာ ဖိတ်ခေါ်မှု ဒေသတွင်းမီဒီယာသမားတွေဝေဖန် အောက်တိုဘာ ၁၂-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်အစိုးရအဖွဲ့က မော်လမြိုင်မြို့နယ် ပြည်နယ်အစိုးရရုံးမှာ အောက်တိုဘာ ၉ ရက်နေ့က COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ SKYNETသတင်းဌာနနဲ့ MRTV အဖွဲ့ကိုသာခေါ်ယူပြီး ရှင်းလင်းမှုပြုလုပ်ခဲ့တဲ့အပေါ် ဒေသတွင်းသတင်းမီဒီယာသမားတွေက ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ “သတင်းမီဒီယာဥပဒေရဲ့အခန်း(၃)မှာ သတင်းသမားတွေရပိုင်ခွင့်မှာ သတင်းအချက်အလက်ရယူခွင့်ရှိတယ်ဆိုတာ တိတိလင်းလင်းဖော်ပြထားတယ်။ သူတို့သတင်းစာရှင်းလင်းပွဲလုပ်တယ်။ပုဂ္ဂလိကမီဒီယာတွေမဖိတ်ဘဲ သူတို့နဲ့ပလဲနံသင့်သူတွေကိုသာ ခေါ်ယူရှင်းလင်းသွားတဲ့ကိစ္စ ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်”လို့မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ယက်ညှိနှိုင်းရေးမှူး ကိုဇော်လွင်ထွဋ်က ပြောပါတယ်။ RFA သတင်းဌာနရဲ့မော်လမြိုင်မြို့ခံသတင်းထောက် ကိုညဏ်စိုးဝင်းပြောတာက “သတင်းစာရှင်းလင်းပွဲဆိုတာကို နားလည်သိရှိထားတာက ရှင်းလင်းသူက လက်ရှိလုပ်ဆောင်နေတာတွေ၊ဖြစ်နေတာတွေကို ပြောပြရှင်းလင်းပြီး သတင်းသမားဘက်က သိချင်တဲ့ကိစ္စတွေကို ပြန်လည်မေးမြန်းပြီး ပြည်သူတွေ သိသင့် သိထိုက်တဲ့ ကိစ္စရပ်မတွေကို သတင်းရေးသားဖို့ ဖြစ်တယ်၊ သူတို့ပြောဖို့ လိုတာပဲပြောပြီး သတင်း ဌာနတွေက…
Read Moreရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ပိုးတွေ့ အောက်တိုဘာ ၁၂-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၈ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် (၂၅၀)ကျော်ကို မနေ့ အောက်တိုဘာ ၁၁ရက်နေ့က ကျန်းမာရေးစစ်ဆေးခဲ့ရာ အခုလို ရောဂါပိုးကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ “တာဝန်ထမ်းဆောင်နေတဲ့ (၂၅၀)ကျော် စစ်တာတော့ (၂၈) ယောက်တွေ့တယ်။ ရဲမှူး တစ်ယောက်တော့ပါတယ်။ ကျန်တာကတော့ ရဲတပ်ဖွဲ့ဝင်တွေပဲ။ တိုင်းရုံးကတော့ ဦး၊ ရေး၊ ထောက် အကုန်ရှိတာပေါ့”လို့ ရဲအရာရှိကရှင်းပြပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို အသွားအလာကန့်သတ်တာတွေလုပ်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ COVID-19 ကူးစက်ခံရတာတွေရှိနေတဲ့အပြင် ရွေးကောက်ပွဲ…
Read More